တရုတ် လူမျိုး ကျားဖြန့်သမားများ လဲချားမြို့နယ်အတွင်း ရောက်ရှိနေ

သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း တရုတ်လူမျိုး ကျားဖြန့်လုပ်ကိုင်သူများ များစွာ ရောက်ရှိနေကြကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းမှ စတင်ကာ အွန်လိုင်းမှ တစ်ဆင့် ငွေကြေးလိမ်လည်မှု လုပ်ငန်း လုပ်ကိုင်ကြသည့် တရုတ်လူမျိုး ကျားဖြန့်သမားများသည် လဲချားမြို့အတွင်းသို့ စုစုပေါင်း ၅၀၀ ထက်မနည်း ရောက်ရှိလာကြောင်း အသက် (၅၀) ဝန်းကျင်အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အားလုံးက တရုတ်လူမျိုးတွေပါပဲ။ လဲချားမြို့၊ မန်ပန်ကျေးရွာဘက်မှာ စခန်းချတည်းနေကြတာ။ သိရသလောက် သူတို့ လာတဲ့ အကြောင်းရင်းက နှစ်ချက်ရှိနိုင်မယ်။ (၁) အချက်က ကျောက်မီးသွေး၊ (၂) အချက်က ကျားဖြန့်လုပ်ငန်းလုပ်ဖို့ပေါ့။ လက်ရှိသူတို့ နေနေတဲ့ နေရာကို သွပ်မိုး သွပ်ကာလုပ်ထား တယ်။” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျားဖြန့်သမား တရုတ်လူမျိုးများရောက်ရှိနေသည့် နေရာသည် မန်ပန်ပြည်သူ့စစ် အမှတ် (၇၅၈) တပ်ဖွဲ့မှ သွားလာ လှုပ်ရှားသည့် နေရာဖြစ်ပြီး မန်ပန်ပြည်သူ့စစ်မှ ၎င်းတို့အတွက် လုံခြုံရေး ယူပေးထားရကြောင်းလည်း သိရသည်။

ထို့အပြင် တရုတ်လူမျိုး ကျားဖြန့်သမားများ နေထိုင်ရန်အတွက် အဆောက်အအုံများကိုလည်း ဒေသခံရွာသားများကို နေ့စားလုပ်အားခပေးကာ ဆောက်လုပ်ပေးစေကြောင်းလည်း ဖြစ်စဥ်ကို သိရှိသည့် အသက် (၃၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုချိန် သူတို့နေဖို့ အိမ်တွေ တန်းလျားတွေကို စဆောက်နေပြီ။ အနီးပတ်ဝန်းကျင်က ရွာသားတွေကို ခေါ်ပြီး တစ်နေ့လုပ်အားခကို လက်သမားဆို ၅၀၀၀၀ ကျပ်၊ ရိုးရိုးဆို ၃၀၀၀၀ ကျပ်ဆိုပြီး ပေးတာ။ အိမ်ဆိုလည်း ရာနဲ့ချီဆောက်မှာတဲ့၊ ကြည့်ရတာ ခိုလမ်တိုင်းမှူးဆီကနေလည်း ခွင့်ပြုမိန့်ရထားပြီးသား နဲ့ တူတယ်” ဟု အသက် (၃၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လဲချား – မိုင်းနောင်

လက်ရှိ အချိန်၌ နေအိမ်တန်းလျားများ တည်ဆောက်နေသည့်အပြင် အင်တာနက်အသုံးပြုရန်အတွက် ဝိုင်ဖိုင် ကြိုးများ၊ အင်တာနက်ကြိုးများကိုလည်း မန်ပန်ပြည်သူ့စစ်လုံခြုံရေး ယူပေးထားသည့် ကျားဖြန့်လူမျိုးများ နေထိုင်ရာသို့ စတင်တပ်ဆင်နေကြကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

စက်တင်ဘာလဆန်းပိုင်းမှ စတင်ကာ တရုတ်အစိုးရ လိုလားချက် အရ UWSA “ဝ” တပ်ဖွဲ့မှ မြန်မာ – တရုတ်နယ်စပ်တလျှောက် အွန်လိုင်း လိမ်လည်မှု ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူများကို ရှာဖွေ ဖမ်းဆီးခဲ့သည့်အတွက် ကျားဖြန့်သမားများသည် သျှမ်းပြည်အတွင်း ထွက်ပြေးပျံ့နှံ့နေကြောင်းလည်း သိရသည်။

သျှမ်းပြည် လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့နယ်နှင့် ပန်ဆန်းမြို့နယ်တို့မှ ကျားဖြန့်သမားများသည် မန်ပန်ပြည်သူ့စစ် ထိန်းချုပ်ရာ လဲချားမြို့နယ်သို့ ရောက်ရှိလာသည်နှင့် နည်းတူ တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ် တို့မှာလည်း ရောက်ရှိနေထိုင်နေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...