တန့်ယန်းမြို့နယ် လောင်ကစားဝိုင်းရက်ရှည်ဖွင့်လှစ် 

သျှမ်းပြည်၊ လားရှိုးခရိုင် တန့်ယန်းမြို့နယ်အတွင်း လောင်းကစားဝိုင်း ရက်ရှည်ဖွင့်လှစ် ဆော့ကစားနေကြောင်း စုံစမ်းသိရသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဆန်းပိုင်းမှ စတင်ကာ တရုတ်နှစ်သစ်ကူးကို အကြောင်းပြပြီး တန့်ယန်းမြို့၊ အမှတ် (၆) ရပ်ကွက် အတွင်း၌ လောင်းကစားဝိုင်းများကို ဖွင့်လှစ်ဆော့ကစားခဲ့ကြကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ စစလာဖွင့်တုန်းက ဖဲဝိုင်း၊ လေးကေောင်ဂျင်၊ မၢၵ်ၵိင်ႈလွႆ တွေပါတယ်။ နောက်ပိုင်း တစ်ရက် နှစ်ရက် လောက်နေတော့ ငါးပစ်ဂိမ်းတွေပါ ဖွင့်လာကြတာ။ အဲ့လောင်းကစားဝိုင်းပတ်ပတ်လည်မှာ ပြည်သူ့စစ်တွေက လုံခြုံရေးယူပေးထားတယ်။ လာဆော့တဲ့သူတွေကလည်း နယ်ခံရော၊ မဟုတ်တာရော အများကြီးပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

ယင်းကဲ့သို့ လောင်းကစားဝိုင်းဖွင့်လှစ်ခြင်း နှင့် ပတ်သက်ပြီး လောင်းကစားဒိုင်များက ဌာနေ ပြည်သူ့စစ် တပ်ဖွဲ့ နှင့် ပူးပေါင်းကာ ဖွင့်လှစ်ခြင်း ဖြစ်သည့်အတွက် ဒေသခံများက ကန့်ကွက်လိုကြသော်လည်း ကြောက်ရွံ့နေရ ကြောင်းလည်း သိရသည်။

အဆိုပါ လောင်းကစားဝိုင်း၌ ဒိုင်ပေါင်း ၁၀ ကျော် ရှိနေပြီး ၊ လာရောက်ဆော့ကစားသူများလည်း နေရော/ညပါ အလွန်များပြားသည့် အတွက် အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် ဒေသခံများအတွက် အနှောင့်အယှက် ဖြစ်ရကြောင်းလည်း ၎င်းဆိုသည်။ 

“တရုတ်နှစ်သစ်ကူး မတိုင်ခင် ကတည်းက ဖွင့်ပြီးဆော့ကြတာ နေ့တိုင်း အသံတွေ ဆူညံနေတာပဲ။ အဲ့လောင်းကစားဝိုင်းရှိတဲ့နေရာက လမ်းဘေး ၊ နတ်စင်လည်း ရှိနေတော့ တခါတလေ လမ်းတောင်ပိတ်တယ်။ ကျနော်တို့လို ဒေသခံတွေအတွက်တော့ အရမ်းစိတ်ဆင်းရဲရတယ်။” ဟု အထက်ပါ အမျိုးသားက ထပ်လောင်းပြောသည်။ 

တန့်ယန်းမြို့ ၊ အမှတ် (၆) ရပ်ကွက်အတွင်း ဖွင့်လှစ်ဆော့ကစားနေသည့် လောင်းကစားဝိုင်းကို လုံခြုံရေး ယူပေးနေသည့် ပြည်သူ့စစ် တပ်ဖွဲ့သည် မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုချက် မရနိုင်သေးပေ။ 

ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့သည် လောင်းကစားဝိုင်းဖွင့်လှစ်ခွင့် နောက်ဆုံးနေ့ရက်ဖြစ်သော်လည်း တချို့ လောင်းကစားဝိုင်းက ဆက်လက်ဖွင့်လှစ်နေဆဲဖြစ်ကြောင်းလည်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ နိုင်ငံတော် သိမ်းယူပြီး နောက်ပိုင်း သျှမ်းပြည် အတွင်း လောင်းကစားဝိုင်းဖွင့်လှစ် ဆော့ကစားမှု များပြားလာသည့် နည်းတူ ဒေသအတွင်း ခိုးဆိုးလုယက်မှုများ၊ ဓါးပြတိုက်မှုများ ရှိလာသည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးနဲမြို့နယ် စေတီထီးတင်ပွဲ၌ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပ

0
သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ကျင်းပနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၁၄ ရက်)တွင် မိုးနဲမြို့နယ် ကန်တုံ (ကင်တုံ) ကျေးရွာ ကန်တုံကျေးရွာတွင် မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် မိုင်းနဲမြို့ခံများ ပူးပေါင်းကာ စေတီထီးတင်ပွဲကို ၄ ရက် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...