Wednesday, January 28, 2026

ဖမ်းဆီးခံရ

တောင်ကြီးစဝ်စံထွန်း ဆေးရုံမှ အမျိုးသမီး ဝန်ထမ်းတစ်ဦး ဖမ်းခံရ၊ ခံဝန်ထိုးပြီး ပြန်လွှတ်လာ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှ အမျိုးသမီး ဝန်ထမ်း တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခံရပြီးနောက် ငွေကြေးပေးပြီး ခံဝန်လက်မှတ်ရေးထိုးကာ ပြန်လည်လွှတ်ပေးကြောင်း စုံစမ်းသိရသည်။ သြဂုတ် ၆ ရက် ည ၄ နာရီ ဝန်းကျင်တွင် အဆိုပါ အမျိုးသမီး ဝန်ထမ်းကို အရပ်ဝတ်စစ်ကောင်စီများက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားပြီး...

အေးသာယာ ဆရာမ ၂ ဦး နှင့် ရွှေညောင် ဆရာမ ၁ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမှ ဆရာမ ၂ ဦး နှင့် ရွှေညောင်မှ ဆရာမ ၁ ဦးကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၄) ရက် ည ၈ နာရီဝန်းကျင်တွင် Kaung For You နှင့်...

တောင်ကြီး CDM ပါရဂူ ဆရာဝန်လင်မယား ၂ဦးဖမ်းခံရ

သျှမ်းတောင် တောင်ကြီးမြို့ တွင် နေထိုင်သည့် CDM ပြုလုပ်ထားသည့် ပါရဂူ ဆရာ၀န်လင်မယား (၂)ဦးကို စစ်ကောင်စီ က လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ မေလ ၁၉ရက် နံနက် အစောပိုင်းတွင် စစ်ကောင်စီမှ CDM ပြုလုပ်ထားသည့် ပါရဂူ ဆရာ၀န် လင်မယား ၂ဦး၏ နေအိမ်ကို...

စစ်ရှောင်များကို ကူညီသည့် တောင်ကြီးလူငယ် တစ်ဦး ထောင်ဒဏ် (၁၀)နှစ်ချခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် နေထိုင်ပြီး စစ်ရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် လူငယ်တစ်ဦးကို စစ်ကောင်စီမှ ယနေ့ (ဧပြီ ၂၂)ရက်တွင် ထောင်ဒဏ် (၁၀) နှစ်ချလိုက်ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့တွင်နေထိုင်သည့် အသက် ၃၂ နှစ်အရွယ်ရှိ အောင်မင်းသူကို ယနေ့ (ဧပြီ ၂၂)ရက်တွင် တောင်ကြီးခရိုင် တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ...

ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာ ဖမ်းဆီးခံရသည့် ဒေသခံတစ်ဦး အဆက်သွယ်မရသေး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာသားတစ်ဦး စစ်ကောင်စီ ဖမ်းဆီးသွားပြီး (၂)လကျော် ကြာအထိ အဆက်အသွယ်မရသေးကြောင်း စုံစမ်းသိရှိရသည်။ ဖမ်းဆီးခံရသည့် ဦးဟန်ဝင်း အသက် (၃၈)နှစ်ကို ၂၀၂၂ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်ကောင်စီတို့ ကျေးရွာအတွင်း ဝင်ရောက်လာပြီး ပြည်သူ (၅)ဦးကို ဖမ်းဆီးထားပြီး (၄)ဦးကို လွှတ်ပေးကာ...

တောင်ကြီးမြို့ DNNA ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်အပါအဝင် အမျိုးသမီး ၈ ဦးဖမ်းဆီးခံရ 

သျှမ်းတောင် တောင်ကြီးမြို့ ရှိ DNNA အမည်ရှိ ကိုယ်ပိုင် အထက်တန်းကျောင်းအုပ်အပါအဝင် အမျိုးသမီး ၈ ဦး ကို စစ်ကောင်စီ မှ ဖမ်းဆီးခံသွားကြောင်း စုံစမ်းသိရသည်. ယမန်နေ့( မတ်လ ၂၆) ရက် ည အချိန်တွင် တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက်၊ ခွာညိုလမ်း နှင့် သဇင်လမ်းတွင် နေထိုင်သည့်  DNNA ကိုယ်ပိုင် အထက်တန်းကျောင်းအုပ် ဆရာမဒေါ်နွဲ့နွဲ့အေးနှင့် ၎င်းတူမဖြစ်သူတို့ကို စစ်ကောင်စီတပ်သား အင်အား ၅၀ နီးပါးက လာရောက်ရှာဖွေကြောင်း သိရသည်။  ဟန်ငြိမ်းဦး ဆိုသည့်...

မိုင်းတုံက အလွတ်တန်း သတင်းထောက်ဟောင်း တစ်ဦး ဖမ်းဆီးခံရ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့တွင် နေထိုင်သည့် အလွတ်တန်း သတင်းထောက်ဟောင်းတစ်ဦးကို စစ်ကောင်စီတို့က အကြမ်းဖက် ပုဒ်မဖြင့် ဖမ်းဆီးထားကြောင်း သတင်းသိရသည်။ ကိုအောင်ဝင်းဌေးအမည်ရှိ အလွတ်တန်း သတင်းထောက်ဟောင်းတစ်ယောက်ဖြစ်သူကို လူမှုကွန်ယက် စာမျက်နှာ Facebook တွင် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်အာဏာသိမ်းမှုနှင့် ဆက်စပ်ပတ်သက်သည့် စာသားများ ရေးသားတင်မှုကြောင့် စစ်ကောင်စီတို့က ဖမ်းဆီးခြင်းဖြစ်ကြောင်း...

ဒလန်သတင်းပေးမှုကြောင့် တောင်ကြီးမြို့ပေါ် လူငယ်များဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်တွင် ဒလန်သတင်းပေးမှုကြောင့် လူငယ်များဖမ်းဆီးခံရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် (မတ်လ ၃) ရက် ညပိုင်းတွင် တောင်ကြီးမြို့ လမ်းမတော်ရပ် စိန့်ဂျိုးဇက် ကက်သလစ် ခရစ်ယာန်ဘုရားကျောင်း လမ်းကြားထဲရှိ BH Hotel မှ ဝန်ထမ်းအားလုံးကို ရဲတပ်သားများ က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီးနောက် တော်လှန်ရေးအဖွဲ့မှ...

ရပ်စောက်မြို့နယ် ဒီဇိုင်နာအမျိုးသမီးတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တောမြို့မှ ဒီဇိုင်နာအမျိုးသမီးတစ်ဦးကို စစ်ကောင်စီ တပ်သား အင်အားများစွာဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ မတ်လ ၁ ရက် ညနေပိုင်းတွင် ရပ်စောက်မြို့နယ် အင်တောမြို့ မှ အသက် ၂၂ နှစ် အရွယ်ရှိ မစိုးဆုမြတ်လွင် (ခ) ဘုတ်ဘုတ်ကို နိုင်ငံရေးအကြောင်း...

ကျောက်မဲစစ်ကောင်စီမှ အမျိုးသားတစ်ဦးကို ဖမ်းဆီးသွား

သျှမ်းမြောက် ကျောက်မဲ မြို့တွင် ယမန်နေ့ (ဇန်နဝါရီ ၂၃)ရက် ည (၉)နာရီ ဝန်းကျင်က ရပ်ကွက် (၇) သံလမ်းအနီးနေ အမျိုးသား တစ်ဦးအား စစ်ကောင်စီတပ်သားများမှ လာရောက်ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ “ဘာလို့ ဖမ်းသွားလဲတော့ သေချာ မသိရသေးဘူး၊ စစ်ဆေးမေးမြန်းတာတွေလုပ်ပြီး အိမ်ထဲ ဝင်မွှေသွားတယ်၊ လပ်တော့တွေ၊...

Latest news