Friday, May 17, 2024

တောင်ကြီး CDM ပါရဂူ ဆရာဝန်လင်မယား ၂ဦးဖမ်းခံရ

Must read

သျှမ်းတောင် တောင်ကြီးမြို့ တွင် နေထိုင်သည့် CDM ပြုလုပ်ထားသည့် ပါရဂူ ဆရာ၀န်လင်မယား (၂)ဦးကို စစ်ကောင်စီ က လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

စ၀်စံထွန်းဆေးရုံကြီး တောင်ကြီးမြို့

မေလ ၁၉ရက် နံနက် အစောပိုင်းတွင် စစ်ကောင်စီမှ CDM ပြုလုပ်ထားသည့် ပါရဂူ ဆရာ၀န် လင်မယား ၂ဦး၏ နေအိမ်ကို လာရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တောင်ကြီးမြို့မှ နီးစပ်သည့် အသိုင်းအ၀န်းထံ သိရသည်။

စစ်ကောင်စီ မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အမျိုးသားဆရာ၀န် ဒေါက်တာ ဦးမြစန်းသည် တောင်ကြီး စ၀်စံထွန်း ဆေးရုံတွင် မေ့ဆေး ဆရာ၀န်ဖြစ်ပြီး၊ အမျိုးသမီးဆရာ၀န် ဒေါက်တာ အေးခိုင်ဦးသည် မိခင်နှင့် ကလေးဆေးရုံမှ ဓာတ်မှန်နှင့် အာထရာဆောင်းဆရာဝန်မကြီး ဖြစ်ကြောင်းသိရသည်။

” သူတို့ ၂ယောက်ကို မနက် ၃နာရီလောက်မှာ လာဖမ်းခေါ်သွားတာ။ လာခေါ်တုန်းက အင်းအားအများအပြားပဲ” ဟု နီးစပ်သည့် သူတစ်ဦးက ပြောသည်။

လက်ရှိအချိိန်ထိ ဖမ်းခံရသည့် ဆရာ၀န်ကြီး (၂)ဦးကို မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရှိသေးပေ။

ယခုရက်ပိုင်း စစ်ကောင်စီ အုပ်စုသည် တောင်ကြီးမြို့အတွင်း CDM ပြုလုပ်ထားသည့် ဆရာ၀န်များကို နေ့စဥ်ဆက်တိုက်ဖမ်းဆီးမှုများပြုလုပ်နေကြာင်းသိရသည်။

မေ ၁၉ရက်တွင် တောင်ကြီးမြို့ မြတ်တော်၀င်ဆေးရုံတွင် အလုပ်၀င်နေသည့် CDM ၀န်ထမ်းအမျိုးသမီးကိုလည်း စစ်ကောင်စီ အုပ်စုက လာရောက်ဖမ်းဆီးခဲ့ပြီးပြီး ပတ္တမြားဆေးရုံမှ CDM ၀န်ထမ်းတစ်ဦးလည်း ဖမ်းခံထားရကြောင်း တောင်ကြီးမြို့မှ CDM နှင့် နီးစပ်သူများက ပြောသည်။

တောင်ကြီးမြို့ရှိ ပုဂ္ဂလိကဆေးရုံများတွင် CDM ဝန်ထမ်းများ ခန့်ထားခြင်း ရှိ/မရှိကို စစ်ကောင်စီ တပ်ဝင်များက မကြာခဏ ရှောင်တခင် ဝင်စစ်ဆေးနေသည်အ့ပြင် ကိုယ်ပိုင်ကျောင်းများတွင်လည်း CDM ဆရာ/မ စာရင်းများကိုပါ တောင်းယူနေကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article