တောင်ကြီးမြို့ DNNA ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်အပါအဝင် အမျိုးသမီး ၈ ဦးဖမ်းဆီးခံရ 

သျှမ်းတောင် တောင်ကြီးမြို့ ရှိ DNNA အမည်ရှိ ကိုယ်ပိုင် အထက်တန်းကျောင်းအုပ်အပါအဝင် အမျိုးသမီး ၈ ဦး ကို စစ်ကောင်စီ မှ ဖမ်းဆီးခံသွားကြောင်း စုံစမ်းသိရသည်.

DNNA ကိုယ်ပိုင်ကျောင်း

ယမန်နေ့( မတ်လ ၂၆) ရက် ည အချိန်တွင် တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက်၊ ခွာညိုလမ်း နှင့် သဇင်လမ်းတွင် နေထိုင်သည့်  DNNA ကိုယ်ပိုင် အထက်တန်းကျောင်းအုပ် ဆရာမဒေါ်နွဲ့နွဲ့အေးနှင့် ၎င်းတူမဖြစ်သူတို့ကို စစ်ကောင်စီတပ်သား အင်အား ၅၀ နီးပါးက လာရောက်ရှာဖွေကြောင်း သိရသည်။ 

ဟန်ငြိမ်းဦး ဆိုသည့် တယ်ရီဂရမ် အကောင့်တွင် DNNA ကိုယ်ပိုင်အထက်တန်းကျောင်းအုပ် အပါအ၀င် အမျိုးသမီး (၈)ဦးသည် PDFတပ်ဖွဲ့ကိုထောက်ပံ့နေသည်ဟု စွပ်စွဲရေးသား သတင်းပေးမှုကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း တောင်ကြီးမြို့ခံများက ပြောဆိုသည်။

“ဟန်ငြိမ်းဦး ဆိုတဲ့ တယ်ရီဂရမ်အကောင့်မှာ ဆရာမကြီးက (DNNA ကျောင်းအုပ်) PDF တွေကို ထောက်ပံ့ပေးနေ တယ်ဆိုပြီးတင်ထားတော့ စစ်ကောင်စီတွေက လာရှာတာပေါ့၊ ရဲနဲ့ စစ်သားတွေက အိမ်တံခါးတွေ ဖျက်ပြီးတော့ ဖမ်းဖို့လာတာ၊ မတွေ့ရတော့သူတို့က ဓါတ်မီးထိုးပြီးတစ်လမ်းဝင်တစ်လမ်းထွက် ရှာတယ်” ဟု တောင်ကြီးမြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟန်ငြိမ်းဦး တယ်ရီဂရမ်မှ ကျောင်းအုပ်ဆရာမကြီး၏ သမီးနှင့် တူမများက ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ အတွက် အလှူငွေများကောက်ခံပြီး ထောက်ပို့တာဝန်ယူနေကြောင်း မတ်လ ၂၅ ရက်၊ ညနေပိုင်းအချိန်က ဖော်ပြထားပြီးနောက် စစ်တပ်နှင့်ရဲများက အဆိုပါနေအိမ်အား တံခါးဖျက်၍ ဝင်ရောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သို့သော် နေအိမ်တွင် ဖမ်းဆီးရမိခြင်း မရှိသည့်အတွက် စစ်သားနှင့် ရဲတို့က အနီးပတ်ဝန်းကျင်ရှိ နေအိမ်များကို ဝင်ရောက်ရှာဖွေခြင်းနှင့် တခြားရပ်ကွက်များကိုလည်း ပိုက်စိပ်တိုက် ရှာဖွေခြင်းများ ပြုလုပ်ပြီး ယနေ့ (မတ်လ ၂၆ ) ရက် မနက် ၂ နာရီတွင်ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့အေး နှင့် မိန်းကလေး ၈ ယောက်တို့ကို ၎င်းတို့ ပုန်းခိုနေသည့် ချမ်းမြရပ်ကွက်မှ နေအိမ်အတွင်းတွင် ဖမ်းဆီးရမိကြောင်းသိရသည်။ 

“သတင်းပေးရှိလို့ ဒီမနက် ၂ နာရီလောက် မှာ ဆရာမကြီးတို့ ပုန်းခိုနေတဲ့ နေရာကို သိသွားပြီး ဆရာမကြီးနဲ့ တခြားအမျိုးသမီး ၈ ယောက်ကို ဖမ်းမိသွားတယ်” ဟု DNNA နဲ့ နီးစပ်သည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောင်းအုပ်ဆရာမကြီးကို မဖမ်းမိသေးသည့် အချိန်တွင် DNNA ကျောင်းမှာ စာသင်ကြားနေသည့် ကျောင်း ဆရာတစ်ဦးကိုလည်း စစ်ကောင်စီတို့က ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ယခုရက်ပိုင်းအတွင်း တောင်ကြီးမြို့ပေါ်ဖမ်းဆီးခံရသူများအနက် အသက် ၁၈ အောက်လူငယ်များလည်း ပါဝင်ပြီး စုစုပေါင်း အယောက် ၄၀ ကျော်ခန့်ရှိလာသည့်အတွက် တောင်ကြီးမြို့ အမှတ် ၁ ရဲ စခန်းမှ တချို့ကို  တောင်လေးလုံးအကျည်းထောင်သို့ ပြောင်းရွေ့ထားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲဝင်များထံမှသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...