စစ်ရှောင်များကို ကူညီသည့် တောင်ကြီးလူငယ် တစ်ဦး ထောင်ဒဏ် (၁၀)နှစ်ချခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် နေထိုင်ပြီး စစ်ရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် လူငယ်တစ်ဦးကို စစ်ကောင်စီမှ ယနေ့ (ဧပြီ ၂၂)ရက်တွင် ထောင်ဒဏ် (၁၀) နှစ်ချလိုက်ကြောင်း သတင်းရရှိသည်။

စစ်ရှောင်ကူညီသူ အောင်မင်းသူ ထောင်ဒဏ် ၁၀နှစ်ချခံရ

တောင်ကြီးမြို့တွင်နေထိုင်သည့် အသက် ၃၂ နှစ်အရွယ်ရှိ အောင်မင်းသူကို ယနေ့ (ဧပြီ ၂၂)ရက်တွင် တောင်ကြီးခရိုင် တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် ထောင် (၁၀) နှစ် ချလိုက်ကြောင်း နီးစပ်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အောင်မင်းသူကို ယခုနှစ် လဆန်းပိုင်းတွင် စစ်ကောင်စီက ၎င်း၏ နေအိမ်တွင် ၀င်ရောက်ဖမ်းဆီးချိန် မတွေ့ရှိသဖြင့် မိခင်ဖြစ်သူကို ဓားစားခံအဖြစ်ဖမ်းဆီးရန် ကြိုးစားခဲ့သေးကြောင်းသိရသည်။

မိခင်ဖြစ်သူကို ဖမ်းဆီးသွားမည်ကို စိုးရိမ်မှုကြောင့် အောင်မင်းသူသည် လာရောက်အဖမ်းခံခဲ့သည်။

” သူ့(အောင်မင်းသူ) ကို အိမ်မှာဝင်ဖမ်းတော့မရှိတာနဲ့ အမေကို ဓားစားခံဖမ်းဖို့ လုပ်တယ်။ အဲ့ဒါနဲ့သူပြန်လာပြီးအဖမ်းခံတာ။ သူက သာမာန်ပြည်သူပါပဲ” ဟု ၎င်းနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီ အုပ်စုသည် ယခုနောက်ပိုင်း စစ်ရှောင်ကူညီပေးနေသည့် လူငယ်များကို PDF တပ်ဖွဲ့ကို ထောက်ပံ့နေသူဟု စွပ်စွဲကာ လိုက်လံဖမ်းဆီးနေကြောင်း၊ Kpay မှ တဆင့် နောက်ယောင်ခံလိုက်ကာ တောင်ကြီးလူငယ်များကို ဖမ်းဆီးနေသည် ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...