Friday, April 19, 2024

ရပ်စောက်မြို့နယ် ဒီဇိုင်နာအမျိုးသမီးတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား

Must read

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တောမြို့မှ ဒီဇိုင်နာအမျိုးသမီးတစ်ဦးကို စစ်ကောင်စီ တပ်သား အင်အားများစွာဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသည့် မစိုုးဆုမြတ်လွင်

မတ်လ ၁ ရက် ညနေပိုင်းတွင် ရပ်စောက်မြို့နယ် အင်တောမြို့ မှ အသက် ၂၂ နှစ် အရွယ်ရှိ မစိုးဆုမြတ်လွင် (ခ) ဘုတ်ဘုတ်ကို နိုင်ငံရေးအကြောင်း လူမှုကွန်ယက်ပေါ် ရေးသားတင်သည့် ကိစ္စ ကြောင့် လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရဲမေတော့ပါတယ်၊ ဖမ်းဝရမ်းမပါဘူး၊ ကြိုတင်အကြောင်းကြားမှုမရှိဘူး၊ သူကနိုင်ငံရေးအကြောင်း Facebook မှာတင်လို့ဆိုပြီး လာဖမ်းသွားတာ၊ စစ်သားအင်အားလည်းများတယ်” ဟု မြင်တွေ့ရသည့် ဒေသခံပြည်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မစိုးဆုမြတ်လွင် (ခ) ဘုတ်ဘုတ် ကို ရဲတပ်သား ၁၆ ယောက် ၊ အရပ်ဝတ်နှင့် သေနတ်ကိုင် ၅ ယောက်၊ ရဲမေ ၂ ယောက်တို့က ကားနှစ်စီး၊ ဆိုင်ကယ်တစ်စီးဖြင့် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။

လက်ရှိအချိန်တွင် မစိုးမြတ်ဆုလွင်ကို ရပ်စောက်မြို့တွင် ဖမ်းဆီးထားသည်ဟုသာသိရှိရပြီး မည်သည့်နိုင်ငံရေး အကြောင်းနှင့် မည်သည့်ပုဒ်မဖြင့် ဖမ်းဆီးခံထားရသည်ကို မသိရှိရကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article