Tuesday, January 27, 2026

ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာ ဖမ်းဆီးခံရသည့် ဒေသခံတစ်ဦး အဆက်သွယ်မရသေး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာသားတစ်ဦး စစ်ကောင်စီ ဖမ်းဆီးသွားပြီး (၂)လကျော် ကြာအထိ အဆက်အသွယ်မရသေးကြောင်း စုံစမ်းသိရှိရသည်။

ဖယ်ခုံ

ဖမ်းဆီးခံရသည့် ဦးဟန်ဝင်း အသက် (၃၈)နှစ်ကို ၂၀၂၂ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်ကောင်စီတို့ ကျေးရွာအတွင်း ဝင်ရောက်လာပြီး ပြည်သူ (၅)ဦးကို ဖမ်းဆီးထားပြီး (၄)ဦးကို လွှတ်ပေးကာ ဦးဟန်ဝင်းကို ဆက်လက်ဖမ်းဆီးထား ကြောင်း သိရသည်။

“သူတို့ဝင်လာဖမ်းတုန်းက (၅)ယောက် ဖမ်းတာ။ အဲနေ့မှာဘဲ (၄)ယောက် ပြန်လွတ်ပေးလိုက်တယ်။ အခုက ဦးဟန်ဝင်း ကို ဖမ်းထားတာ ပြန်မလွတ်လာသေးဘူး။ အဆက်သွယ်လည်းမရတော့ဘူး။ ဘယ်နားရှိနေလဲ၊ ဘယ်ကို ခေါ်သွားလဲဆိုတာ ကျနော်တို့လည်း မသိရသေးဘူး” ဟု ရွှေပြည်အေးကျေးရွာမှ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားက ပြောသည်။

ဦဟန်ဝင်း သည် ရွှေပြည်အေးကျေးရွာ ဒေသခံ ၁၉ ယောက် ဖမ်းဆီးခံရပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတစ်ဦး ဖြစ်သည်။

ထို့အပြင် ဒိုင်းကာအဖြစ် ဖမ်းဆီးခံရသည့် ရွှေပြည်အေး ဒေသခံ ၁၉ ဦးသည် ၂ ဦး သေဆုံးသွားပြီး ကျန်ရှိနေသည့် ၁၇ ဦးကို တောင်လေးလုံးထောင်တွင် ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

“ရွှေပြည်အေး တွေ အကုန်ပေါင်းရင် ၂၀ ယောက်လောက် ဖမ်းခံထားရတယ်။ အဲ့ထဲမှာ ၂ ယောက်သေသွားတာ။ နောက်မှ တစ်ယောက်ကို ထပ်ဖမ်းသွားတာ။ ၁၇ ယောက်ကတော့ တောင်လေးလုံးထောင်မှာ။ ဘာအမိန့်မှလည်း မချသေးဘူး” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

ထိုဖမ်းဆီးခံထားရပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားသည့်သူများကို စစ်ကောင်စီ အုပ်စုက နိုင်ငံတော် ပုန်ကန်မှုဖြင့် အမှုဖွင့် တရားစွဲထားကြောင်း သိရသည်။

ထိုသူများသည် ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲသည့်သူများဖြစ်ကြောင်း၊ ရွာစောင့်အနေဖြင့် ရွာတွင်း နေထိုင်ခဲ့သည့်သူများသာဖြစ်ကြောင်း သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...