ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာ ဖမ်းဆီးခံရသည့် ဒေသခံတစ်ဦး အဆက်သွယ်မရသေး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာသားတစ်ဦး စစ်ကောင်စီ ဖမ်းဆီးသွားပြီး (၂)လကျော် ကြာအထိ အဆက်အသွယ်မရသေးကြောင်း စုံစမ်းသိရှိရသည်။

ဖယ်ခုံ

ဖမ်းဆီးခံရသည့် ဦးဟန်ဝင်း အသက် (၃၈)နှစ်ကို ၂၀၂၂ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်ကောင်စီတို့ ကျေးရွာအတွင်း ဝင်ရောက်လာပြီး ပြည်သူ (၅)ဦးကို ဖမ်းဆီးထားပြီး (၄)ဦးကို လွှတ်ပေးကာ ဦးဟန်ဝင်းကို ဆက်လက်ဖမ်းဆီးထား ကြောင်း သိရသည်။

“သူတို့ဝင်လာဖမ်းတုန်းက (၅)ယောက် ဖမ်းတာ။ အဲနေ့မှာဘဲ (၄)ယောက် ပြန်လွတ်ပေးလိုက်တယ်။ အခုက ဦးဟန်ဝင်း ကို ဖမ်းထားတာ ပြန်မလွတ်လာသေးဘူး။ အဆက်သွယ်လည်းမရတော့ဘူး။ ဘယ်နားရှိနေလဲ၊ ဘယ်ကို ခေါ်သွားလဲဆိုတာ ကျနော်တို့လည်း မသိရသေးဘူး” ဟု ရွှေပြည်အေးကျေးရွာမှ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားက ပြောသည်။

ဦဟန်ဝင်း သည် ရွှေပြည်အေးကျေးရွာ ဒေသခံ ၁၉ ယောက် ဖမ်းဆီးခံရပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတစ်ဦး ဖြစ်သည်။

ထို့အပြင် ဒိုင်းကာအဖြစ် ဖမ်းဆီးခံရသည့် ရွှေပြည်အေး ဒေသခံ ၁၉ ဦးသည် ၂ ဦး သေဆုံးသွားပြီး ကျန်ရှိနေသည့် ၁၇ ဦးကို တောင်လေးလုံးထောင်တွင် ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

“ရွှေပြည်အေး တွေ အကုန်ပေါင်းရင် ၂၀ ယောက်လောက် ဖမ်းခံထားရတယ်။ အဲ့ထဲမှာ ၂ ယောက်သေသွားတာ။ နောက်မှ တစ်ယောက်ကို ထပ်ဖမ်းသွားတာ။ ၁၇ ယောက်ကတော့ တောင်လေးလုံးထောင်မှာ။ ဘာအမိန့်မှလည်း မချသေးဘူး” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

ထိုဖမ်းဆီးခံထားရပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားသည့်သူများကို စစ်ကောင်စီ အုပ်စုက နိုင်ငံတော် ပုန်ကန်မှုဖြင့် အမှုဖွင့် တရားစွဲထားကြောင်း သိရသည်။

ထိုသူများသည် ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲသည့်သူများဖြစ်ကြောင်း၊ ရွာစောင့်အနေဖြင့် ရွာတွင်း နေထိုင်ခဲ့သည့်သူများသာဖြစ်ကြောင်း သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...

မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်း စစ်ကော်မရှင် ပြန်ထိန်းချုပ်နိုင်ရန် စစ်ရေးပြင်းထန်နေ

0
သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်နိုင်ရန် အတွက် မြေပြင်ထိုးစစ်ဆင်မှု ပြင်းထန်နေကြောင်း သတင်းရရှိသည်။ လက်ရှိ မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ကို စစ်ကော်မရှင်တပ်တို့က ပြန်လည်ထိန်းချုပ်ထားသော်လည်း အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ခြင်း မရှိသည့်အပြင် မြို့အပြင်ရှိ ကျေးရွာအချို့နှင့် စစ်ရေးအရအရေးပါသည့် လမ်းပိုင်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့က ထိန်းချုပ်ထားသည်။ ထို့ကြောင့်...