ဒလန်သတင်းပေးမှုကြောင့် တောင်ကြီးမြို့ပေါ် လူငယ်များဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်တွင် ဒလန်သတင်းပေးမှုကြောင့် လူငယ်များဖမ်းဆီးခံရကြောင်း သတင်းသိရသည်။

တောင်ကြီး

ပြီးခဲ့သည့် (မတ်လ ၃) ရက် ညပိုင်းတွင် တောင်ကြီးမြို့ လမ်းမတော်ရပ် စိန့်ဂျိုးဇက် ကက်သလစ် ခရစ်ယာန်ဘုရားကျောင်း လမ်းကြားထဲရှိ BH Hotel မှ ဝန်ထမ်းအားလုံးကို ရဲတပ်သားများ က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီးနောက် တော်လှန်ရေးအဖွဲ့မှ လူငယ်များကိုလည်း သွားရောက်ဖမ်းဆီးခဲ့ကြောင်းသိရသည်။

“ဒလန်သတင်းပေးလို့ ကျွဲကြီးဒီရောက်နေတာကို ရဲတွေသိသွားတာ၊ မဟုတ်ရင်သိစရာအကြောင်းမရှိဘူး၊ သူ့ကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖမ်းမိတာ၊ တခြားဒီဟော်တယ်ကိုလည်းရဲက အကုန်ဖမ်းသွားတယ်၊ အဲ့နောက် တော့ ဒီ့ပြင်တခြားနေရာတည်းနေတဲ့ ရဲဘော်တွေကိုလည်း ဒလန်ကလမ်းလိုက်ပြပေးတယ်လို့ ကျနော်တို့ သိရ တယ်” ဟု လူငယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

HB Hotel တွင် လာရောက်တည်းခိုနေသော ကျွဲကြီးကိုဖောက်ခွဲရေးပစ္စည်းများနှင့် ဖမ်းဆီးရမိခြင်းဖြစ်ပြီး တခြားဟိုတယ်ဝန်ထမ်းများလည်း ဖမ်းဆီးခံရကာ ကျွဲကြီးအပါအဝင် ဒလန်လမ်းပြမှုဖြင့် ဖမ်းဆီးမိသည့် တော်လှန်ရေးလူငယ်နောက်ထပ် ၅ တို့ဦးကို စစ်ကြောရေးသို့ ညတွင်းချင်းပို့လိုက်ကြောင်း ၎င်းလူငယ်က ဆက်ပြောသည်။

“ဟိုတယ်ဝန်ထမ်းစုစုပေါင်း ဘယ်နှယောက်အဖမ်းခံရလဲတော့ မသိဘူး၊ ဒါပေမဲ့အဲ့ညမှာပဲ ကျွဲကြီးအပါအဝင် ကျနော့်အသိ ၆ ယောက်လုံးက စစ်ကြောရေးပို့လိုက်တယ်လို့ သတင်းကြားရပါတယ်၊ အဲ့ထဲမှာ မိန်းကလေး ၁ ယောက်ပါတယ်” ဟု အသက် ၃၀ကျော် လူငယ်အမျိုးသားတစ်ဦးက ဆိုသည်။

မတ်လ ၃ ရက်နေ့ည တစ်ညတည်းပင် ဒလန်သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်သားတို့သည် တောင်ကြီးမြို့အနှံ့ဖြန့်ကျက်ရှာဖွေပြီး လူငယ်များစွာကို ဖမ်းဆီးသွားကြောင်း သတင်း သိရသည်။

“ကျနော်တို့သိထားတဲ့ အချက်အလက်အရက ၆ ဦးထက်မနည်းရှိနေပြီး ကျနော်တို့မသိဘဲ ဖမ်းခံရတဲ့သူတွေ လည်း ရှိနိုင်တယ်၊ ကျနော်တို့ ပြောချင်တာတော့ တော်လှန်ရေးလူငယ်တွေ ဆက်စပ်ပတ်သက်တဲ့သူတွေ သတိနဲ့ သွားလာနေထိုင်ဖို့ ပြောချင်တယ်၊ ရှောင်သင့်ရင်ရှောင်ကြပါ” ဟု အထက်ပါ လူငယ်က ထပ်လောင်းပြောသည်။

တောင်ကြီးမြို့ပေါ်တွင် တော်လှန်ရေးဆန့်ကျင် ဆန္ဒပြလှုပ်ရှားမှုများ မရှိသလောက် နည်းပါးသွားသော်လည်း စစ်ကောင်စီ လက်အောက်ခံ၊ စစ်တပ်ပိုင် နှင့် စစ်ကောင်စီနှင့် ဆက်စပ်ပသက်သည့်နေရာများကို တော်လှန်ရေးအဖွဲ့သားများက သတိပေးခြင်း ဗုံးဖြင့်ဖေါက်ခွဲခြင်းများရှိနေကြောင်းသတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မယ်ဆိုင်တွင် စုဝေးနေထိုင်သည့် လူငယ် ၁၁ ဦးကို ဖမ်းဆီး၊ တရားမဝင် မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်အတွင်း ညဉ့်နက်သန်းခေါင် စုဝေးပြီး လမ်းပေါ်တွင် ဆိုင်ကယ်ပြိုင်မောင်းရန် ပြင်ဆင်နေသည့် လူငယ်တစ်စုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား လူငယ် ၃ ဦး အပါအဝင် စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ပြီးခဲ့သည့် ဇွန်လ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

သျှမ်းပြည် အတွင်း အသက်မပြည့်သေးသည့် လူငယ်များကြား ဘိန်းစာရွက်ရည်ခေတ်စားနေ

0
သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည် သုံးစွဲသူများပြားပြီး၊ ပေါ်ပေါ်ထင်ထင် ရောင်းချမှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။  စစ်အာဏာသိမ်းပြီးစ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဘိန်းစာရွက်ရည်သုံးစွဲမှုသည်  သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်။ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များတွင်သာ တွေ့ရသော်လည်း လက်ရှိတွင် သျှမ်းပြည် တဝှမ်းသို့ ပျံ့နှံ့လာပြီး အသက်မပြည့်သေးသည့်သူများလည်း သုံးစွဲနေသည်။  လက်ရှိ...