Wednesday, January 28, 2026

ပင်းတယမြို့

ပင်းတယ စစ်ကောင်စီတပ်နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်၊ နှစ်ဘက်ထိခိုက်ကျဆုံးဟုဆို

သျှမ်းပြည် ပင်းတယမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ (၂) ရက် နေ့လယ်ပိုင်းအချိန်တွင် ပင်းတယမြို့နယ် မိုင်းလီကျေးရွာအုပ်စု မန်ကျည်းကုန်းနှင့် နတ်အင်းကျေးရွာအနီးတွင် မူးယစ်ဆေးဝါး သုံးစွဲသူများကို ဖမ်းဆီးရန် ရောက်ရှိလာသည့် RCSS/SSA တပ်ဖွဲ့နှင့်...

ပင်းတယမြို့ စစ်ကောင်စီမှ လူငယ်၂၀ဦး အတင်းအဓမ္မ ဖမ်းဆီးထား

သျှမ်းပြည် ပင်းတယမြို့နယ်ရှိ စစ်ကောင်စီမှ အရပ်သား ပြည်သူများကို ကာယသင်တန်းနှင့် စက်ပြင်သင်တန်း အမည်ခံပြီး အတင်းအဓမ္မ ဖမ်းဆီး နေကြောင်း စုံစမ်းသိရသည်။ ပင်းတယမြို့နယ် တံတားကြီးရွာတွင် ယမန်နေ့ (နိုဝင်ဘာလ ၂၀)ရက် နေ့လည် ၁ နာရီဝန်းကျင်၌ စစ်ကောင်စီ မှ ပြည်သူများကို ကာယသင်တန်းနှင့် စက်ပြင်သင်တန်း...

ပင်းတယမြို့နယ် ဘုန်းကြီးတစ်ပါး မင်္ဂလာ ပန်းရထားပေါ် ပြုတ်ကျ ခြေထောက်ကျိုး

သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ် ပွေးလှမြို့ ရေဂနိုင်ကျေးရွာ ထီးတင်ပွဲပြုလုပ်ရာ ဘုန်းကြီးတစ်ပါးသည် မင်္ဂလာပန်းရထားပေါ် ပြုတ်ကျရာမှ ခြေထောက်ကျိုးခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်တွင် ပင်းတယမြို့နယ် ရေဂနိုင်ကျေးရွာတွင် ထီးတင်ပွဲပြုလုပ်ရာတွင် ဘုန်းကြီးတပါး မင်္ဂလာပန်းရထားဖြင့် စေတီပေါ်သို့ စီးသွားရာတွင် စေတီမရောက်ခင် ပြုတ်ကျပြီး ခြေထောက်ကျိုးသွားခဲ့ကြောင်း...

ပင်းတယမြို့နယ် စစ်ကောင်စီမှ အမျိုးသမီးများကို ကိုယ်ထိလက်ရောက်ကျူးလွန်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ်အတွင်းတွင် လုံခြုံရေးကို အကြောင်းပြပြီး စစ်ကောင်စီ တပ်သားများက အမျိုးသမီးငယ်များကို ကိုယ်ထိလက်ရောက် ကာယိန္ဒြေ ကျူးလွန်မှု ပြုလုပ်နေကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်တွင် သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့ နှင့် ရွာငံမြို့ကြားတွင် ရှိသည့် စစ်ကောင်စီ...

ပင်းတယမြို့နယ် စစ်ကောင်စီ နှင့် PNO/PNA စစ်သင်တန်းဆင်းများ ပူးပေါင်းပြီး ပြည်သူကို စစ်ဆေးနေ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပအိုဝ်း ပြည်သူ့စစ် PNO/PNA စစ်သင်တန်းဆင်းများ ပူးပေါင်းပြီး ပြည်သူများကို စစ်ဆေးနေကြောင်း သတင်းသိရသည်။ PNA စစ်သင်တန်းဆင်း တချို့ ပျူစောထီးအဖွဲ့ဝင်များအဖြစ် စစ်ကောင်စီမှ ပေးအပ်သည့် သေနတ်အားကိုးဖြင့် ပင်းတယမြို့နယ် ပြည်သူများကို PDF...

ပင်းတယ PDF အလင်းပြန်ဝင်သည့် သတင်းမှားဖြစ်

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်တွင် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင် ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ အခမ်းအနားမှာ စစ်ကောင်စီ လက်အောက်ခံ သက်ဆိုင်ရာ အရာရှိများက ပြုလုပ်ပြီး ပြည်သူကို ထင်ယောင်ထင်မှားအောင်...

ပင်းတယမြို့မှ ပျူစောထီးအဖွဲ့ဝင်များကို စစ်ကောင်စီမှ လက်နက်ကိုင်ဆောင်ခွင့်ပေး

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များကို စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကိုင်ဆောင်ခွင့် ပေးကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်း ဖွဲ့စည်းခဲ့သည့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ အမည်ခံ ပျူစောထီး တပ်ဖွဲ့ဝင် ၅၀ နီးပါးခန့်ကို စစ်ကောင်စီတပ်ဖွဲ့မှ သေနတ်တစ်လက်နှင့် ကျည်ဆန်တစ်ကဒ်ပေးအပ်ကြောင်း ဒေသခံများထံမှ သတင်းသိရသည်။ “ဖွဲ့စည်းတာ တစ်လကျော်လောက်ရှိပြီပေါ့၊ သြဂုတ်လက...

ပင်းတယ ဌာနဆိုင်ရာများ ရွေးကောက်ပွဲတွင် စစ်ကောင်စီကို ထောက်ခံရန် လိုက်လံဟောပြော

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများက ရွေးကောက်ပွဲတွင် စစ်ကောင်စီဘက်ကို ထောက်ခံပေးရန် တစ်ရွာဝင်တစ်ရွာထွက် ဟောပြောပွဲလုပ်နေကြောင်း သတင်းရရှိသည်။ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများက လုံခြုံရေး၊ တရားဉပေဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်များပါဝင်သော စစ်ကြောင်းကြီး...

ပင်းတယမြို့နယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်တွင် အမျိုးသားတစ်ဦးသည် ကြိုးဆွဲချကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း သတင်းသိရသည်။ သြဂုတ်လ ၂၇ ရက်တွင် ပင်းတယမြို့ ကသာကျေးရွာနေ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး သည် ရွာထိပ်နားရှိ ရေထွက်နားတွင် ပုဆိုးကွင်းဖြင့် ကြိုးလုပ်ကာ ကြိုးဆွဲချသေဆုံးကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက...

ပင်းတယမြို့နယ် စစ်ကောင်စီ မှ ဖမ်းဆီးထားသူ (၅၀) ဦးကျော်ရှိ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်း CDM ဝန်ထမ်း နှင့် ပြည်သူတို့ စုစုပေါင်း (၅၀) ဦးကျော် ဖမ်းဆီးခံထားရကြောင်း စုံစမ်းသိရသည်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူအများအပြား ဖမ်းဆီးခံထားရပြီး ပင်းတယမြို့နယ်တွင် CDM ဝန်ထမ်း အများစုဖမ်းဆီးခံထားရကြောင်း သိရသည်။ “ပင်းတယမှာက ဖမ်းဆီးခံထားရတာ အကြမ်းအားဖြင့် ဆိုရင်တော့ (၅၀)...

Latest news