ပင်းတယမြို့နယ် ဘုန်းကြီးတစ်ပါး မင်္ဂလာ ပန်းရထားပေါ် ပြုတ်ကျ ခြေထောက်ကျိုး

သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ် ပွေးလှမြို့ ရေဂနိုင်ကျေးရွာ ထီးတင်ပွဲပြုလုပ်ရာ ဘုန်းကြီးတစ်ပါးသည် မင်္ဂလာပန်းရထားပေါ် ပြုတ်ကျရာမှ ခြေထောက်ကျိုးခဲ့ကြောင်း စုံစမ်းသိရသည်။

ထီးတော်တင်မယ့် စေတီ

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်တွင် ပင်းတယမြို့နယ် ရေဂနိုင်ကျေးရွာတွင် ထီးတင်ပွဲပြုလုပ်ရာတွင် ဘုန်းကြီးတပါး မင်္ဂလာပန်းရထားဖြင့် စေတီပေါ်သို့ စီးသွားရာတွင် စေတီမရောက်ခင် ပြုတ်ကျပြီး ခြေထောက်ကျိုးသွားခဲ့ကြောင်း သိရသည်။

အဆိုပါနေ့တွင် ရေဂနိုင်ကျေးရွာမှ ပွေးလှမြို့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးမကုသနိုင်သဖြင့် အောင်ပန်းမြို့ ဆေးရုံသို့ ပို့ဆောင်ထားရသည်။

“အဲ့နေ့မှာပဲ သူတို့ ပွေးလှဆေးရုံကို ပို့လာခဲ့တာ။ ဓာတ်မှန်ရိုက်ကြည့်တော့ ခြေထောက်ကျိုးသွားတယ်။ ပွေးလှဆေးရုံမှာ မနိုင်လို့ အောင်ပန်းဆေးရုံကို အဲ့နေ့ကပဲ ချက်ချင်းပို့လိုက်တာ။ ကျန်တာ ဘာဒဏ်ရာတွေ ရသွားတာလဲတော့ မသိဘူး” ဟု ပွေးလှ ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို မင်္ဂလာပန်းရထားပေါ်ပြုတ်ကျသည့် ဘုန်းကြီးသည် စစ်ကောင်စီ နှင့် ပူးပေါင်းပြီး ထီးတင်ပွဲ ပြုလုပ်နေကြောင်း ပင်းတယ ဒေသခံ တစ်ဦးက ပြောသည်။

“ သူက စစ်ကောင်စီတွေနဲ့လည်း ပူးပေါင်းနေတယ်လို့ သတင်းရတယ်။ ပျူစောထီးတွေနဲ့ အမြဲဆက်သွယ် နေတယ်တဲ့” ဟု ၎င်းက ဆိုသည်။

ပင်းတယမြို့နယ်သည် စစ်ကောင်စီက ကြီးစိုးနေသည့် မြို့ဖြစ်ပြီး ပျူစောထီးများ အများအပြား သွားလာလှုပ်ရှားနေသည့် ဒေသတစ်ခုဖြစ်ပြီး၊ ပင်းတယမြို့နယ်ရှိ အရပ်သားနေအိမ်များကို စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဘိန်းစိမ်း ဈေးနှုန်း ကျဆင်းလာမှုကြောင့် တောင်ကြီးခရိုင်အတွင်း ကော်ဖီအစားထိုး စိုက်ပျိုးမှုတွေရှိလာ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံး၊ ဆီဆိုင် နှင့် ပင်လောင်းဘက်တွင် ဘိန်းစိမ်း စျေးနှုန်း ကျဆင်းလာမှုကြောင့်   ကော်ဖီအစားထိုး စိုက်ပျိုးမှုများ ရှိလာကြောင်း သိရသည်။ ထိုသို့ ကော်ဖီပင်များစိုက်ပျိုးသူများလာသော်လည်း အချို့သော နေအိမ်များတွင် သက်ကြီးရွယ်အိုများသာ ကျန်ရှိသောကြောင့် သီးနှံများ စိုက်ပျိုးနိုင်သူ နည်းလာကြောင်း ဟိုပုံးဒေသခံအမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  “ဘိန်းစိမ်းက ဈေးမရဘူး။ကုန်ကြမ်းဆို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...