Wednesday, January 28, 2026

ပင်းတယမြို့နယ် စစ်ကောင်စီ နှင့် PNO/PNA စစ်သင်တန်းဆင်းများ ပူးပေါင်းပြီး ပြည်သူကို စစ်ဆေးနေ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပအိုဝ်း ပြည်သူ့စစ် PNO/PNA စစ်သင်တန်းဆင်းများ ပူးပေါင်းပြီး ပြည်သူများကို စစ်ဆေးနေကြောင်း သတင်းသိရသည်။

PNA စစ်သင်တန်းဆင်း တချို့ ပျူစောထီးအဖွဲ့ဝင်များအဖြစ် စစ်ကောင်စီမှ ပေးအပ်သည့် သေနတ်အားကိုးဖြင့် ပင်းတယမြို့နယ် ပြည်သူများကို PDF နှင့် ပတ်သက်သူများရှိပါက သတင်းပေးကြရန် သေနတ်ဖြင့် ခြိမ်းခြောက်ကြောင်း ဒေသခံများက ပြောသည်။

“သေနတ်ကိုင်ရတဲ့ ပျူစောထီးတွေက PNA စစ်သင်တန်းဆင်းတွေပါတယ်၊ သူတို့က သေနတ်ကိုင်ပြီး ဒေသခံတွေကို PDF တွေ သတင်းကြားတာနဲ့ ချက်ချင်းသတင်းပို့ရမယ်၊ မပို့ရင် သေနတ်တွေ့လား ဆိုပြီးတော့ ခြိမ်းခြောက်တာ၊ ဒေသခံတွေက PDF နဲ့ ပတ်သက်တာလည်း မရှိဘဲနဲ့ အဲ့လိုခြိမ်းခြောက်ခံရတော့ စိတ်ဆင်းရဲတာပေါ့” ဟု ပင်းတယ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စကစ

ယနေ့ (စက်တင်ဘာလ ၂၇ ) ရက်နေ့ နံနက် ၁၁ နာရီ ဝန်းကျင်တွင်လည်း ပင်းတယမြို့နယ် ကျောက်စုရွာအနီး ကိုးလုံးတံတားတွင် စစ်ကောင်စီ နှင့် PNA စစ်သင်တန်းဆင်း ၊ ဒေသခံ ပျူစောထီးများက စစ်ဆေးမှု ပြုလုပ်နေကြောင်းလည်း ဒေသခံများက ပြောသည်။

“ကိုးလုံးတံတား ဖြတ်သန်းသွားလာတဲ့ သူတွေကို စစ်ဆေးနေတာ၊ PDF လှုပ်ရှားမှုတွေ သိလားလို့လည်း မေးတယ်၊ ကျနော်တို့ နယ်ထဲမှာ PDF တွေရဲ့ လှုပ်ရှားမှု မရှိတာ ကြာပြီ” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့သည် ပျူစောထီးအဖွဲ့ဝင်များကို သေနတ်ပေးအပ်ခြင်းများ ရှိသည့်အပြင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများက ပင်းတယမြို့နယ် အတွင်းရှိ ကျေးရွာများတွင် တစ်ရွာထွက် တစ်ရွာဝင်ပြီး (၂၀၂၃) ခုနှစ် ရွေးကောက်ပွဲအတွက် စစ်ကောင်စီတပ်ဖွဲ့ ကိုထောက်ခံရန်အတွက် လိုက်လံဟောပြောခဲ့ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...