ပင်းတယမြို့မှ ပျူစောထီးအဖွဲ့ဝင်များကို စစ်ကောင်စီမှ လက်နက်ကိုင်ဆောင်ခွင့်ပေး

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များကို စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကိုင်ဆောင်ခွင့် ပေးကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း ဖွဲ့စည်းခဲ့သည့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ အမည်ခံ ပျူစောထီး တပ်ဖွဲ့ဝင် ၅၀ နီးပါးခန့်ကို စစ်ကောင်စီတပ်ဖွဲ့မှ သေနတ်တစ်လက်နှင့် ကျည်ဆန်တစ်ကဒ်ပေးအပ်ကြောင်း ဒေသခံများထံမှ သတင်းသိရသည်။

“ဖွဲ့စည်းတာ တစ်လကျော်လောက်ရှိပြီပေါ့၊ သြဂုတ်လက ဖွဲ့စည်းခဲ့တာ၊ ၂၀ ရက်နေ့မှာ အဖွဲ့ဝင်တစ်ယောက်ကို သေနတ်တစ်လက်နဲ့ ကျည်တစ်ကဒ် လာပေးတယ်၊ ကလောက ဗျူဟာမှူးကိုယ်တိုင်လာပေးတယ်လို့ သိရတယ်” ဟု ပင်းတယမြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စကစ

အဆိုပါ ပျူစောထီး အဖွဲ့ဝင်များသည် ပင်းတယမြို့ပေါ်ရှိ ရပ်ကွက်များမှ ဒေသခံများနှင့် ကျေးရွာမှ ပြည်သူများ ပါဝင်ကြောင်း သိရသည်။

ယင်းကဲ့သို့ ပျူစောထီးအဖွဲ့ဝင်များကို လက်နက်ကိုင်ဆောင်ခွင့်ပေးဆောင်ခြင်းနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများ အနေဖြင့် ဒေသအတွင်း လက်နက်ပြခြိမ်းခြောက် အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်းလည်း ဒေသခံများက ပြောသည်။

“လက်နက်ကိုင် ဗိုလ်ကျအနိုင်ကျင့်ပြီး အကြမ်းဖက် အလွယ်တကူ ရှာဖွေစားသောက်ချင်တဲ့ သူတွေအတွက်တော့ ကွက်ကောင်းကျသွားတာပေါ့၊ အမှန်တော့ စစ်ကောင်စီတွေက ပြည်သူတွေ နဲ့ PDF တွေရဲ့ ဆက်သွယ်မှုကို ဖြတ်ချင်တာရယ်၊ ပြီးတော့ ပြည်သူတွေကိုလည်း ထိန်းချုပ်ချင်တာလည်းပါတာပေါ့” ဟု ပင်းတယမြို့ခံ အမျိုးသားက ပြောသည်။

ပင်းတယမြို့တွင် စစ်တပ်အခြေစိုက် လှုပ်ရှားမှုများမရှိခဲ့သော်လည်း စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီး နောက်ပိုင်း အာဏာရှင် ဆန့်ကျင်တော်လှန်သူများကို စစ်တပ်သတင်းပေးနှင့် ဒလန်များ၏ သတင်းပေးမှုကြောင့် ဖမ်းဆီးခံရသူ များပြားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း ပေါ်ထွက်လာကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပင်းတယမြို့မှ မြို့ပြပျောက်ကြားအဖွဲ့ ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...