Monday, April 29, 2024

ပင်းတယမြို့ စစ်ကောင်စီမှ လူငယ်၂၀ဦး အတင်းအဓမ္မ ဖမ်းဆီးထား

Must read

သျှမ်းပြည် ပင်းတယမြို့နယ်ရှိ စစ်ကောင်စီမှ အရပ်သား ပြည်သူများကို ကာယသင်တန်းနှင့် စက်ပြင်သင်တန်း အမည်ခံပြီး အတင်းအဓမ္မ ဖမ်းဆီး နေကြောင်း စုံစမ်းသိရသည်။

ပင်းတယမြို့

ပင်းတယမြို့နယ် တံတားကြီးရွာတွင် ယမန်နေ့ (နိုဝင်ဘာလ ၂၀)ရက် နေ့လည် ၁ နာရီဝန်းကျင်၌ စစ်ကောင်စီ မှ ပြည်သူများကို ကာယသင်တန်းနှင့် စက်ပြင်သင်တန်း အမည်ခံပြီး အမျိုးသား ၂၀ ဦးကို အတင်းအဓမ္မဖမ်းဆီးပြီး တပ်ကုန်းဘုန်းကြီးကျောင်းတွင် ခေါ်ထားကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခုကတော့ဘုန်းကျောင်းကြီးမှာစုထားတော့ မခေါ်သွားသေးဘူး ပေါ်တာလို့လည်းမပြောဘူး သင်တန်း တက်ရမယ်ဆိုပြီး စာရင်းယူထားတာ အမှန်ကတော့ တဖက်လှည့်နဲ့ ပေါ်တာဆွဲတာပေါ့၊ခုလက်ရှိ ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီလူအင်အားလည်း ၃၀ လောက်ရှိတယ်” ဟု ပင်းတယမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိမှာ အဖမ်းခံရသော အမျိုးသား ၂၀ ယောက် တို့သည် အသက် ၂၀ မှ ၃၀ ဝန်ကျင်ရှိပြီး ထိုသူများသည်
တံတားကြီးရွာတွင်နေထိုင်ကြသူများ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ အခုဖမ်းခံရတဲ့သူတွေ က အရမ်းကောင်းတွေပဲ။ စစ်ကောင်စီ က ရွာသူကြီးတွေကို အကြပ်ကိုင်ပြီး ပြည်သူတွေကို အတင်းအဓမ္မ စာရင်းကောက် လူအင်အားစုနေတာ” ဟု ပင်းတယမြို့ခံ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

ထို့ပြင် စစ်ကောင်စီ မှ ဖွဲ့စည်းထားသည့် ပျူစောထီး အဖွဲ့ သည် တိုက်ပွဲဝင်ရမည်ကို စိုးရိမ်ကြသဖြင့် ထွက်ပြေးနေကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် ပင်းတယ်မြို့နယ်အတွင်းရှိပြည်သူများကို အတင်းအဓမ္မဖမ်းဆီးပြီး ပျူစောထီးအဖြစ် ခန့်ထားခြင်း၊ စစ်သားစုဆောင်းခြင်းများပြုလုပ်နေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article