ပင်းတယ စစ်ကောင်စီတပ်နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်၊ နှစ်ဘက်ထိခိုက်ကျဆုံးဟုဆို

သျှမ်းပြည် ပင်းတယမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ (၂) ရက် နေ့လယ်ပိုင်းအချိန်တွင် ပင်းတယမြို့နယ် မိုင်းလီကျေးရွာအုပ်စု မန်ကျည်းကုန်းနှင့် နတ်အင်းကျေးရွာအနီးတွင် မူးယစ်ဆေးဝါး သုံးစွဲသူများကို ဖမ်းဆီးရန် ရောက်ရှိလာသည့် RCSS/SSA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ရွာသားများ စိုးရိမ်ထိတ်လန့်ကာ ထွက်ပြေးတိမ်းရှောင်ရကြောင်း ဒေသခံများက ပြောသည်။

“RCSS က မူးယစ်ဆေးဝါး သုံးတဲ့လူကို ဖမ်းထားတာ၊ ထွက်ပြေးတဲ့လူကို လိုက်ဖမ်းရင်းနဲ့ မိုင်းလီအုပ်စုထဲ အခြေချတယ်ထင်တယ်။ မိုင်းလီမှာ RCSS ရောက်တော့ ပိုဆိုးသွားတာလေ။ ၂ ရက်နေ့က အလုပ်လုပ်နေတာ တောထဲမှာ၊ ဘေးရွာမှာ ဗုံးကွဲတော့ ကိုယ့်မိသားစုစီ ပြေးတာပေါ့။ မန်ကျည်းကုန်းရွာ တံတားကြီးနားလေ၊ နှစ်ဘက်ကျဆုံး ရှိတယ်”ဟု ပင်းတယဒေသခံ အသက်(၃၀) ကျော်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် မိုင်းလီကျေးရွာအုပ်စုသည် ပင်းတယမြို့ အရှေ့မြောက်ဘက် (၁၅) မိုင်ခန့်သာ ကွာဝေးပြီး စစ်ကောင်စီတပ်နှင့် RCSS/SSA တပ်ဖွဲ့ ထိတွေ့တိုက်ပွဲကြောင့် နှစ်ဘက်တပ်သား သေဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာရသူများကို တိုက်နယ်ဆေးရုံတွင် ဆေးကုသပေးနေကြောင်း ဒေသခံများ ပြောဆိုသည်။

ပင်းတယမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံထံ စုံစမ်းမေးမြန်းရန် သျှမ်းသံတော်ဆင့်မှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

RCSS

လတ်တလောတွင် ပင်းတယမြို့နယ်အတွင်းရှိ မိုင်းလီ၊ မိုင်းအင်နှင့် အင်းငယ် ကျေးရွာအုပ်စုများဘက်တွင် စစ်ကောင်စီတပ်နှင့် RCSS/SSA တပ်ဖွဲ့တို့ နီးနီးကပ်ကပ် ဆက်လက်တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

“အခု စစ်သားတွေ စောင့်နေတာ နေရာတိုင်းပဲ၊ RCSS က သူတို့နဲ့ အနီးမှာပဲ ရှိနေတာလေ။ အဲ့မှာ စကစ ဗုံးတွေ ရှင်းနေတုန်း။ အင်းငယ်ရွာနဲ့ မိုင်းလီ ဘက်မှာ RCSS က ဆေးသုံးတဲ့လူ လိုက်ဖမ်းနေတုန်းပဲ”ဟု ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း RCSS/SSA တပ်စခန်းကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့က အင်အား (၁၀၀) ခန့်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ဖူးသည်။

ပင်းတယမြို့နယ်တွင် သျှမ်းတပ် RCSS/SSA ၊ ပအိုဝ်းပြည်သူ့စစ် PNO အပြင်
ဓနုပြည်သူ့လွတ်မြောက်ရေးတပ် (DPLA) လည်း လှုပ်ရှားနေပြီး ယခင်က ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) ပူးပေါင်းတပ်ဖွဲ့တို့ အခြေစိုက်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...