Wednesday, April 24, 2024

ပင်းတယမြို့နယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

Must read

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်တွင် အမျိုးသားတစ်ဦးသည် ကြိုးဆွဲချကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း သတင်းသိရသည်။

သြဂုတ်လ ၂၇ ရက်တွင် ပင်းတယမြို့ ကသာကျေးရွာနေ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး သည် ရွာထိပ်နားရှိ ရေထွက်နားတွင် ပုဆိုးကွင်းဖြင့် ကြိုးလုပ်ကာ ကြိုးဆွဲချသေဆုံးကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကံသာရွာကလို့ သတင်းသိရတယ်၊ ပြီးတော့ သူ့မှာ ငွေရေးကြေးရေး အခက်အခဲတွေရှိနေလို့ လည်းသတင်းသိရပါတယ်၊ လက်ရှိတော့ သား ၁ ယောက် သမီး ၂ ယောက်နဲ့ သူ့မိန်းမ ကျန်ခဲ့တယ်” ဟု နီးစပ်သူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်းတယမြို့

အဆိုပါ ကိုယ့်ကိုယ်ကို သေဆုံးသူ အမျိုးသားသည် အကြွေးကိစ္စများဖြင့် စိတ်ဓာတ်ကျနေသူဖြစ်သည့်အပြင် ယခုရက်ပိုင်းအတွင်း မိသားစုဝင်များ ဂရုစိုက်နေရာမှ ပျောက်သွားရာ ယခုလို ဖြစ်ပွားခြင်းဖြစ်ကြောင်း သတင်းသိရသည်။

ပင်းတယမြို့နယ်မှ ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေး အများစုဖြစ်ကြပြီး ယခုနှစ်အတွင်း စိုက်ပျိုးရေး လုပ်ငန်းများ မဖြစ်ထွန်းသည့်အပြင် ဒေသထွက်ကုန်များလည်း ဈေးကောင်းမရသည့်အတွက် ပြည်သူများက ကြွေးမြီများဖြင့် အခက်အခဲကြုံရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article