Wednesday, January 28, 2026

နောင်ချို

နောင်ချို စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသား ၂ ဦးသေဆုံး

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကြောင့် အမျိုးသား ၂ ဦး သေဆုံးပြီး၊ ၁ ဦးထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၂၆ ရက်) နေ့လယ် ၁၁ နာရီကျော်ခန့်က နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်...

ပြင်ဦးလွင်ရောက် စစ်ဘေးရှောင်များကို စစ်ကောင်စီ နေရပ်ပြန်ခိုင်း

သျှမ်းပြည် နောင်ချိုမြို့ မှ ပြင်ဦးလွင်မြို့သို့လာရောက် တိမ်းရှောင်သည့် ပြည်သူများကို စစ်ကောင်စီမှ နေရပ် အတင်းအဓမ္မ ပြန်ခိုင်းကြောင်း စုံစမ်းသိရသည်။ ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် စစ်ကောင်စီ တို့ “၁၀၂၇ စစ်ဆင်ရေး” ကြောင့် နောင်ချိုမြို့မှ ပြင်ဦးလွင်မြို့သို့ ထွက်ပြေးတိမ်းရှောင်သည့် ပြည်သူများကို နိုဝင်ဘာ ၁၈ရက် နောက်ဆုံးထားပြီး အပြီးပြောင်းရွှေ့ခိုင်းသဖြင့်...

နောင်ချို လက်နက်ကြီးကြောင့် ကလေး ၂ ဦး ပွဲချင်းပြီးသေဆုံး၊ ၄ဦးဒဏ်ရာရ

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျကြောင့် ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး၊ အမျိုးသမီးနှင့် ကလေးငယ် ၂ ဦး ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၅ ရက်) ညနေ ၅ နာရီခွဲတွင် နောင်ချိုမြို့နယ် စစ်ကောင်စီတပ်...

နောင်ချို ဂုတ်တွင်း စစ်ကောင်စီနှင့် TNLA၊ မန္တလေး PDF တို့ တိုက်ပွဲပြင်းထန်နေဆဲ

သျှမ်းပြည် ကျောက်မဲနှင့် နောင်ချိုမြို့အကြားရှိ ဂုတ်တွင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် TNLA ၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း စုံစမ်းသိရသည်။ နောင်ချိုမြို့နယ် ဂုတ်တွင်းလမ်းပိုင်း တံတားအနီးတွင် စခန်းချထားသည့် စစ်ကောင်စီ တပ်စခန်းကို TNLA ၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ (နိုဝင်ဘာ ၈ ရက်)...

နောင်ချို စစ်ကောင်စီတပ်က စစ်ရှောင်မည့်သူများ ပစ်သတ်၊ လူငယ်များကို လူသားဒိုင်းကာ လုပ်ရန် ဖမ်းဆီးသွား

သျှမ်းပြည် နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာအုပ်စုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ကျေးရွာများမှ စစ်ဘေးရှောင်မည့် ပြည်သူများကို ပစ်သတ်ပြီး၊ လူငယ်များကို လူသားဒိုင်းကာ ပြုလုပ်ရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲနှင့် ရေမောင်းတန်းကျေးရွာတို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယမန်နေ့ (နိုဝင်ဘာလ ၅ ရက်)တွင် ဆမ္မဆယ်အုပ်စု ကျေးရွာများမှ...

နောင်ချိုတွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၁ ‌ထောင်ကျော် ထွက်ပြေးတိမ်းရှောင်

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီနှင့် TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲ ပြင်းထန်နေခြင်းကြောင့် စစ်ဘေးရှောင် ၁ ‌ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စုံစမ်းသိရသည်။ ပြင်ဦးလွင်မြို့မှ နောင်ချိုမြို့သို့ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို TNLA နှင့် မန္တလေး-PDF...

နောင်ချိုမြို့နယ် စစ်မှုထမ်းဟောင်း တစ်ရက် ကျပ် ၂ သောင်းပြန်ခေါ်ယူနေ၊ အချို့ထွက်ပြေးတိမ်းရှောင်နေရ

သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ စစ်မှူထမ်းဟောင်းများကို စစ်ကောင်စီတပ်ဖွဲ့မှ လိုက်လံရှာဖွေပြီး တစ်ရက်လျှင် ကျပ်ငွေ ၂ သောင်းဖြင့် ပြန်လည်ခေါ်ယူနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် (အောက်တိုဘာလ ၂၈ ရက်) ရက်မှစပြီး နောင်ချိုမြို့နယ်ရှိ စစ်မှူထမ်းဟောင်းများကို စစ်ကောင်စီတပ်ဖွဲ့မှ လိုက်လံရှာဖွေပြီး တစ်ရက်လျှင် ကျပ်ငွေ ၂ သောင်းဖြင့်...

နောင်ချို စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၁ ဦးသေ၊ စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော် ရှိလာ

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၉ ရက်) နံနက် ၇ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာရှိ ဟိန္ဒူဘုရားကျောင်းကို ထိမှန်ခဲ့ပြီး...

နောင်ချို စစ်ကောင်စီတပ် ခမရ-၁၁၄ မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ

သျှမ်းပြည် နောင်ချိုမြို့အနီး ကျောက်ကြမ်းရွာရှိ စစ်ကောင်စီတပ် ခမရ-၁၁၄ မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၂၉ ရက်) နံနက် ၄ နာရီအချိန်ခန့်မှ စတင်ပြီး နောင်ချိုမြို့အနီး ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်ကို TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ...

နောင်ချိုမြို့အနီး ကျောက်ကြမ်းရွာရှိ စစ်ကောင်စီတပ်ကို TNLA နှင့် မန္တလေး-PDF ပူးပေါင်းတိုက်ခိုက်၊ တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည် နောင်ချိုမြို့အနီး ကျောက်ကြမ်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၂၉ ရက်) နံနက် ၄ အချိန်ခန့်မှ စတင်ပြီး နောင်ချိုမြို့အနီး ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်ကို TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF တပ်ဖွဲ့တို့က...

Latest news