နောင်ချိုတွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၁ ‌ထောင်ကျော် ထွက်ပြေးတိမ်းရှောင်

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီနှင့် TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲ ပြင်းထန်နေခြင်းကြောင့် စစ်ဘေးရှောင် ၁ ‌ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စုံစမ်းသိရသည်။

ဗုံကြဲမှုကြောင့် ပျက်စီးသွားသည့်နေအိမ်

ပြင်ဦးလွင်မြို့မှ နောင်ချိုမြို့သို့ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့မှ ယမန်နေ့ (နိုဝင်ဘာ ၁ ရက်)က စပြီး နောင်ချိုမြို့နယ် အုမ္မခါးနှင့် ရွှေညောင်ပင်ရွာတို့တွင် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့နောက် နောင်ချိုဒေသခံ ၁ ထောင်ကျော်မှာ နီးစပ်ရာကျေးရွာများနှင့် ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု နောင်ချိုမြို့ဒေသခံများက ပြောသည်။

“မနေ့တုန်းက သူတို့တွေ ပစ်ကြတယ်။ လေယာဉ်ပျံနဲ့လဲ ပစ်ကြတော့ ဗုံးတွေက ရွာထဲ လူနေအိမ်တွေပါမကျန် နေရာအနှံ့ကျတာ။ တချို့အိမ်တွေဆိုရင် အိမ်ခေါင်မိုးတောင် မရှိတော့ဘူး။ အဲ့လိုဖြစ်ကုန်တာ။ တမြန်နေ့တုန်းက အုမ္မခါး၊ ရွှေညောင်ပင်တို့မှာ အရင်စတိုက်တာ၊ မနေ့တုန်းကတော့ ရေမောင်းတန်း၊ ဆမ္မဆယ်တွေမှာ ဒီကြားထဲက ရွာတွေအကုန်ဖြစ်တာ။ ရွာသားတွေလဲ ကြောက်လို့ အကုန်လုံး ထွက်ပြေးကြတာပေါ့”ဟု နောင်ချိုမြို့ အုမ္မသီးဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့နယ်တွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အုမ္မသီး၊ အုမ္မခါး၊ ရွှေညောင်ပင်၊ ဆမ္မဆယ်၊ ရေဝင်နှင့် ဟိုခိုကျေးရွာတို့မှ ပြည်သူများသည် သုံးဆယ်ကျေးရွာ၊ နှင့် ပြင်ဦးလွင်မြို့ရှိ ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးအိမ်များသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

“အုမ္မသီးလမ်းခွဲ၊ ရေဝင်၊ဆမ္မဆယ်၊ ရွှေညောင်ပင်၊ ရေမောင်းတန်း ဒီရွာတွေမှာတော့ အိမ်စောင့်တဲ့လူလောက်ပဲ ကျန်ခဲ့တယ်။ အခု ပြင်ဦးလွင်ဘက် မလာနိုင်တဲ့သူတွေဆိုရင် သုံးဆယ်ဘက်ကို သွားကြတာတွေ ရှိတယ်။ ကုန်းသာတို့ ကြူအင်းတို့ဘက်ကို သွားကြတာလဲ ရှိတယ်။ နောင်ချိုဘက်ကိုတော့ သွားလို့မရတော့ဘူး။ အုမ္မသီးကျော်ပြီးတော့ ဘန့်ဘွေးမရောက်ခင်က ရေဝင်တံတားကိုလဲ ဖျက်လိုက်ပြီလို့ ကြားတယ်”ဟု ပြင်ဦးလွင်မြို့ အောင်ချမ်းသာ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြင်ဦးလွင်မြို့ အောင်ချမ်းသာဘုန်းကြီးကျောင်း၌ စစ်ဘေးရှောင်နေရသူများထဲတွင် မီးဖွားပြီးစ ကလေးမိခင် ၂ ဦး ပါဝင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးထားရကြောင်း စစ်ရှောင်ကူညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

“အချိန်ကြာလာရင်တော့ စားနပ်ရိက္ခာတွေလဲ မလောက်နိုင်ဘူးပေါ့နော်။ အခု လောလောဆယ်တော့ သူတို့ပါလာတဲ့ ဆန်တွေနဲ့ပဲ စားနေကြတယ်။ ဒီနေ့လဲ စစ်ဘေးရှောင်တွေ ထပ်ရောက်လာဦးမယ်ပြောတယ်။ အခုမှ မီးဖွားပြီးတဲ့ ကလေးအမေ ၂ ယောက်လဲရှိတယ်။ တစ်ယောက်က ၁၄ ရက်ပဲရှိသေးတယ်။ သွေးနုသားနုဆိုတော့လဲ စိတ်ပူရတာပေါ့”ဟု ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်ကလည်း နောင်ချိုမြို့အနီး ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်ကို TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာသဖြင့် လေကြောင်းမှ ပြန်လည်တိုက်ခိုက်ခဲ့ခြင်းကြောင့် သပြေတိုး၊ မြေစာကုန်းနှင့် သဖန်းကိုင်း ဘုန်းကြီးကျောင်းတို့တွင်လည်း စစ်ဘေးရှောင် ၄၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု နောင်ချိုဒေသခံများထံမှ သိရသည်။

ယမန်နေ့ (နိုဝင်ဘာ ၂ ရက်) ညသန်းခေါင်အချိန်တွင်လည်း နောင်ချိုမြို့နယ် ဟိုခိုကျေးရွာတွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ရှိ ဖျက်အားပြင်းဗုံးဖြင့် လာရောက်ပစ်ခတ်သွားခြင်းကြောင့် နေအိမ် ၃ လုံး ပျက်စီးသွားကြောင်း TNLA တပ်ဖွဲ့၏ သတင်းပြန်ကြားရေးဌာနက ယနေ့ (နိုဝင်ဘာ ၃ ရက်)တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...