နောင်ချို လက်နက်ကြီးကြောင့် ကလေး ၂ ဦး ပွဲချင်းပြီးသေဆုံး၊ ၄ဦးဒဏ်ရာရ

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျကြောင့် ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး၊ အမျိုးသမီးနှင့် ကလေးငယ် ၂ ဦး ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။

နောင်ချို

ယမန်နေ့ (နိုဝင်ဘာလ ၁၅ ရက်) ညနေ ၅ နာရီခွဲတွင် နောင်ချိုမြို့နယ် စစ်ကောင်စီတပ် သံဘိုတပ်စခန်းမှ ရမ်းသမ်းပစ်ခတ်လာသည့် လက်နက်ကြီးသည် သုံးဆယ်အုပ်စု ဇီးဖြူရေကျေးရွာမှ မိသားစု ၄ ယောက် နေထိုင်သည့် နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံးကာ မိခင်ဖြစ်သူနှင့် အခြားကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မန္တလေး-PDF တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“ စစ်ကောင်စီ တပ်စခန်းဘက်က ပစ်လွှတ်လိုက်တဲ့ လက်နက်ကြီးကျည် ဇီးဖြူရေကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ၁ နှစ် အရွယ်နဲ့ ၁၂ နှစ်အရွယ် ကလေး ၂ ဦးပွဲချင်းပြီး သေဆုံးတာမျိုး ရှိခဲ့တယ်။ မိခင်ဖြစ်သူနဲ့ ၄ နှစ်အရွယ် ကလေးငယ်၁ ဦးတို့က ထိခိုက်ဒဏ်ရာရလို့ ကျနော်တို့ ဆေးကုထားပေးပါတယ်”ဟု မန္တလေး-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

၎င်းကျေးရွာအနီးတွင် ယမန်နေ့ (နိုဝင်ဘာ ၁၅ ရက်)က တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ အကြောင်းမဲ့သက်သက် ပစ်ခတ်ခြင်းဖြစ်ကြောင်း ကိုအော်စမွန်က ဆက်ပြောသည်။

အလားတူ ယမန်နေ့ (နိုဝင်ဘာ ၁၅ ရက်) ည ၉ နာရီကျော်အချိန်ကလည်း နောင်ချိုမြို့ ဈေးရပ်ကွက်ရှိ CB ဘဏ်အနီးတွင် ပြောင်းကုန်သည်တစ်ဦးကို စစ်ကောင်စီတပ်မှ သေနတ်ဖြင့် အကြောင်းမဲ့ ပစ်သတ်ခဲ့ပြီး ၎င်းအမျိုးသားအလောင်းကို ကားပေါ်သို့တင်ကာ ယူဆောင်သွားခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်တွင် နောင်ချိုမြို့ ကျောက်ကြမ်းကျေးရွာရှိ ဟိန္ဒူဘုရားကျောင်းကိုလည်း စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကျဲတိုက်ခိုက်မှုတွင် အမျိုးသား ၁ ဦး သေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့မှ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသော စစ်ကား ၄၀ စီးကျော်နှင့် သံချပ်ကာယာဉ် ၄ စီးတို့သည် ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့များသို့ ချီတက်နိုင်ရန်အတွက် စစ်ကောင်စီတပ်မှ ဂုတ်တွင်းလမ်းပိုင်းကို လက်နက်ကြီးနှင့် လေကြောင်းပစ်ကူဖြင့် အစွမ်းကုန် ထိုးဖောက်လျက်ရှိရာ TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲပြင်းထန်နေသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့၏ “စစ်ဆင်ရေး-၁၀၂၇”ကြောင့် နောင်ချိုမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂၅၀၀ ကျော်အထိ ရှိလာပြီး သဖန်းကိုင်း၊ သုံးဆယ်၊ ငို့ကလေး၊ အင်းဝိုင်း၊ ဘန့်ဘွေးနှင့် ပြင်ဦးလွင်မြို့ရှိ ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု နောင်ချိုဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...