Thursday, January 29, 2026

နောင်ချို စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသား ၂ ဦးသေဆုံး

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကြောင့် အမျိုးသား ၂ ဦး သေဆုံးပြီး၊ ၁ ဦးထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း စုံစမ်းသိရသည်။

နောင်ချို ကျည်ထိသေဆုံးသွားသည့်အမျိုးသား

ယမန်နေ့ (နိုဝင်ဘာ ၂၆ ရက်) နေ့လယ် ၁၁ နာရီကျော်ခန့်က နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် သုံးဆယ်ကျေးရွာဘက်သို့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ အသက် ၄၀ ကျော်အရွယ် အမျိုးသား ၂ ဦး ထိမှန်သေဆုံးပြီး ၁ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း နောင်ချိုမြို့နယ်ဒေသခံများက ပြောသည်။

“အရင်နေ့ (နိုဝင်ဘာ ၂၆ ရက်)က နေ့လယ် ၁၁ နာရီကျော်မှာ ရွာထဲကို လက်နက်ကြီးကျတာ။ တစ်ယောက်က အိမ်မှာ ဖုန်းအားသွင်းနေရင်း လက်နက်ကြီးမှန်ပြီး ပွဲချင်းပြီး ဆုံးသွားတယ်။ နောက်တစ်ယောက်ကလည်း စာသင်ကျောင်းနားမှာ လမ်းလျှောက်နေတုန်း လက်နက်ကြီးစ မှန်ပြီး ဆုံးသွားတာ။ နှစ်ယောက်စလုံး အသက် ၄၀ ကျော် အမျိုးသားတွေ။ တခြားအိမ်သားတွေက တိမ်းရှောင်သွားတော့ မထိမှန်ဘူးလို့ ကြားတယ်”ဟု နောင်ချိုမြို့ သုံးဆယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်နက်ကြီး ကျည်ထိမှန်သေဆုံးသွားသည့်အမျိုးသား

နောင်ချိုမြို့နယ် ရွှေညောင်ပင်ကျေးရွာတွင် စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ်မှ သုံးဆယ်ကျေးရွာဘက်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဌာနက နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

ပြင်ဦးလွင်မြို့မှ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းများမှ စစ်ကောင်စီတပ်သားအချို့သည် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲနှင့် ရွှေညောင်ပင်ကျေးရွာတို့တွင် စခန်းချတပ်စွဲထားပြီး ၎င်းနေရာမှနေ၍ အနီးရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် နေ့စဉ်နီးပါး ရမ်းသမ်းပစ်ခတ်နေကြောင်း နောင်ချိုမြို့နယ် ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်ကလည်း နောင်ချိုမြို့နယ် စစ်ကောင်စီတပ် သံဘိုတပ်စခန်းမှ ရမ်းသမ်းပစ်ခတ်လာသည့် လက်နက်ကြီးသည် သုံးဆယ်အုပ်စု ဇီးဖြူရေကျေးရွာမှ မိသားစု ၄ ယောက် နေထိုင်သည့် နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံးကာ မိခင်ဖြစ်သူနှင့် အခြားကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မန္တလေး-PDF တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

နောင်ချိုမြို့နယ်တွင် TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့က အုမ္မသီးလမ်းခွဲနှင့် ရွှေညောင်ပင်‌ကျေးရွာအနီး စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး “၁၀၂၇ စစ်ဆင်ရေး”နှင့်အတူ မန္တလေး-PDF တပ်ဖွဲ့က “တောင်တမန် စစ်ဆင်ရေး”ကို ဖော်ဆောင်နေသည်။

နောင်ချိုမြို့နယ်အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၂၅၀၀ ကျော်မှာ သဖန်းကိုင်း၊ သုံးဆယ်၊ ငို့ကလေး၊ အင်းဝိုင်း၊ ဘန့်ဘွေးနှင့် ပြင်ဦးလွင်မြို့ရှိ ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု နောင်ချိုဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...