နောင်ချို စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသား ၂ ဦးသေဆုံး

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကြောင့် အမျိုးသား ၂ ဦး သေဆုံးပြီး၊ ၁ ဦးထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း စုံစမ်းသိရသည်။

နောင်ချို ကျည်ထိသေဆုံးသွားသည့်အမျိုးသား

ယမန်နေ့ (နိုဝင်ဘာ ၂၆ ရက်) နေ့လယ် ၁၁ နာရီကျော်ခန့်က နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် သုံးဆယ်ကျေးရွာဘက်သို့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ အသက် ၄၀ ကျော်အရွယ် အမျိုးသား ၂ ဦး ထိမှန်သေဆုံးပြီး ၁ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း နောင်ချိုမြို့နယ်ဒေသခံများက ပြောသည်။

“အရင်နေ့ (နိုဝင်ဘာ ၂၆ ရက်)က နေ့လယ် ၁၁ နာရီကျော်မှာ ရွာထဲကို လက်နက်ကြီးကျတာ။ တစ်ယောက်က အိမ်မှာ ဖုန်းအားသွင်းနေရင်း လက်နက်ကြီးမှန်ပြီး ပွဲချင်းပြီး ဆုံးသွားတယ်။ နောက်တစ်ယောက်ကလည်း စာသင်ကျောင်းနားမှာ လမ်းလျှောက်နေတုန်း လက်နက်ကြီးစ မှန်ပြီး ဆုံးသွားတာ။ နှစ်ယောက်စလုံး အသက် ၄၀ ကျော် အမျိုးသားတွေ။ တခြားအိမ်သားတွေက တိမ်းရှောင်သွားတော့ မထိမှန်ဘူးလို့ ကြားတယ်”ဟု နောင်ချိုမြို့ သုံးဆယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်နက်ကြီး ကျည်ထိမှန်သေဆုံးသွားသည့်အမျိုးသား

နောင်ချိုမြို့နယ် ရွှေညောင်ပင်ကျေးရွာတွင် စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ်မှ သုံးဆယ်ကျေးရွာဘက်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဌာနက နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

ပြင်ဦးလွင်မြို့မှ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းများမှ စစ်ကောင်စီတပ်သားအချို့သည် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲနှင့် ရွှေညောင်ပင်ကျေးရွာတို့တွင် စခန်းချတပ်စွဲထားပြီး ၎င်းနေရာမှနေ၍ အနီးရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် နေ့စဉ်နီးပါး ရမ်းသမ်းပစ်ခတ်နေကြောင်း နောင်ချိုမြို့နယ် ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်ကလည်း နောင်ချိုမြို့နယ် စစ်ကောင်စီတပ် သံဘိုတပ်စခန်းမှ ရမ်းသမ်းပစ်ခတ်လာသည့် လက်နက်ကြီးသည် သုံးဆယ်အုပ်စု ဇီးဖြူရေကျေးရွာမှ မိသားစု ၄ ယောက် နေထိုင်သည့် နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံးကာ မိခင်ဖြစ်သူနှင့် အခြားကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မန္တလေး-PDF တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

နောင်ချိုမြို့နယ်တွင် TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့က အုမ္မသီးလမ်းခွဲနှင့် ရွှေညောင်ပင်‌ကျေးရွာအနီး စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး “၁၀၂၇ စစ်ဆင်ရေး”နှင့်အတူ မန္တလေး-PDF တပ်ဖွဲ့က “တောင်တမန် စစ်ဆင်ရေး”ကို ဖော်ဆောင်နေသည်။

နောင်ချိုမြို့နယ်အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၂၅၀၀ ကျော်မှာ သဖန်းကိုင်း၊ သုံးဆယ်၊ ငို့ကလေး၊ အင်းဝိုင်း၊ ဘန့်ဘွေးနှင့် ပြင်ဦးလွင်မြို့ရှိ ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု နောင်ချိုဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...