နောင်ချို စစ်ကောင်စီတပ်က စစ်ရှောင်မည့်သူများ ပစ်သတ်၊ လူငယ်များကို လူသားဒိုင်းကာ လုပ်ရန် ဖမ်းဆီးသွား

သျှမ်းပြည် နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာအုပ်စုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ကျေးရွာများမှ စစ်ဘေးရှောင်မည့် ပြည်သူများကို ပစ်သတ်ပြီး၊ လူငယ်များကို လူသားဒိုင်းကာ ပြုလုပ်ရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

နောင်ချို စစ်ရှောင်

နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲနှင့် ရေမောင်းတန်းကျေးရွာတို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယမန်နေ့ (နိုဝင်ဘာလ ၅ ရက်)တွင် ဆမ္မဆယ်အုပ်စု ကျေးရွာများမှ စစ်ဘေးရှောင်မည့် ပြည်သူများကို ချောင်းမြောင်းပစ်ခတ်ခဲ့ရာ အမျိုးသား ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု တိုက်ပွဲအတွင်း ပိတ်မိနေသည့် နောင်ချိုဒေသခံတစ်ဦးက ပြောသည်။

“ရေမောင်းတန်းမှာရှိတဲ့ ကောင်လေးတစ်ယောက်ကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်လိုက်တာ။ အဲ့ဒီကောင်လေးက ရွာကနေ ထွက်ပြေးမလို့ ဆိုင်ကယ်နဲ့ထွက်သွားတာ၊ သေနတ်မှန်ပြီးတော့ သေသွားတယ်။ နောက်ထပ် သားအဖနှစ်ယောက်ကလည်း ဆိုင်ကယ်နဲ့ပဲ ထွက်သွားတာ။ အခြေအနေ သတိမထားမိဘူးထင်တယ်၊ စစ်သားတွေက သေနတ်နဲ့ပစ်တာ ခြေထောက်မှန်ပြီးတော့ အခု ဆေးရုံတင်ထားရတယ်။ စစ်သားတွေက အုမ္မသီးလမ်းခွဲ အိမ်တွေထဲကနေ ချောင်းပစ်တာ”ဟု နောင်ချိုမြို့နယ်မှ တိုက်ပွဲအတွင်း ပိတ်မိနေသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်မှ သေနတ်ပစ်ခံရပြီး သေဆုံးသွားသူမှာ အသက် ၃၀ အရွယ် အမျိုးသားဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူနှစ်ဦးမှာ ခြေသလုံးနှင့် ပေါင်တို့တွင် သေနတ်ထိမှန်ပြီး မန္တလေးသို့ ဆေးကုသရန် ပို့ဆောင်ထားသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။

ထို့အပြင် ယမန်နေ့ (နိုဝင်ဘာ ၄ ရက်)က အုမ္မသီးကျေးရွာအနီး နမ့်တိန်းဝမ်းနှင့် ဆိုက်ခေါင်ကျေးရွာတို့မှ လူငယ်များကိုလည်း လူသားဒိုင်းကာအဖြစ် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“မနေ့က(နိုဝင်ဘာ ၅ ရက်) ညနေ ၅ ခွဲ ၆ နာရီလောက် အဲ့ချိန်ဆမ္မဆယ်မှာ တိုက်ပွဲ အရမ်းပြင်းနေတာ။ လေယာဉ်သံက အကျယ်ကြီး မကြားရဘူး။ အရင်ရက် (နိုဝင်ဘာ ၄ ရက်)ကလည်း စစ်ကောင်စီတပ်က စစ်ဆေးရေး အရမ်းကြမ်းတာ။၊ အုမ္မသီး နမ့်တိန်းဝမ်းဘက်က ပြည်သူ ၁၁ ယောက်ကို ဖမ်းသွားပြီး သူတို့ လူသားဒိုင်းကာ လုပ်နေတာ။ ‌ကျေးရွာ ၂ ရွာက လူတွေကိုလဲ ဖမ်းသွားတယ်။ လက်နက်ကြီးနဲ့လဲ ရွာထဲကို သုံးခါ လေးခါ ပစ်လာတာ။ ဆမ္မဆယ်မှာက နေအိမ်တွေ အများကြီး ထိတယ်”ဟု နောင်ချိုမြို့‌ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်ကလည်း အုမ္မသီးနှင့် ဆိုက်ခေါင်ကျေးရွာတို့မှ အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ဦးသာ ပြန်လည် လွတ်မြောက်လာသေးသည်ဟု နောင်ချိုမြို့ အုမ္မသီးဒေသခံတစ်ဦးက ပြောသည်။

ထို့အတူ နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာတွင်လည်း နိုဝင်ဘာ ၃ ရက်က လူငယ် ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၄ ဦးပြန်လည် လွတ်မြောက်လာကာ ကျန် ၃ ဦးမှာ ဆက်လက်ဖမ်းဆီးခံထားရကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA ၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်လာခြင်းကြောင့် ဆမ္မဆယ်ကျေးရွာအုပ်စုအတွင်း ကုန်စုံဆိုင် ၁ ဆိုင် မီးလောင်ပြီး ပြည်သူနေအိမ်များ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် နောင်ချိုမြို့နယ်အတွင်း “၁၀၂၇ စစ်ဆင်ရေး”ကြောင့် စစ်ဘေးရှောင်ဦးရေ ၂၅၀၀ ကျော် ရှိလာပြီး သဖန်းကိုင်း၊ သုံးဆယ်၊ ငို့ကလေး၊ အင်းဝိုင်း၊ ဘန့်ဘွေးနှင့် ပြင်ဦးလွင်မြို့များရှိ ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...