Tuesday, January 27, 2026

နောင်ချို စစ်ကောင်စီတပ်က စစ်ရှောင်မည့်သူများ ပစ်သတ်၊ လူငယ်များကို လူသားဒိုင်းကာ လုပ်ရန် ဖမ်းဆီးသွား

သျှမ်းပြည် နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာအုပ်စုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ကျေးရွာများမှ စစ်ဘေးရှောင်မည့် ပြည်သူများကို ပစ်သတ်ပြီး၊ လူငယ်များကို လူသားဒိုင်းကာ ပြုလုပ်ရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

နောင်ချို စစ်ရှောင်

နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲနှင့် ရေမောင်းတန်းကျေးရွာတို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယမန်နေ့ (နိုဝင်ဘာလ ၅ ရက်)တွင် ဆမ္မဆယ်အုပ်စု ကျေးရွာများမှ စစ်ဘေးရှောင်မည့် ပြည်သူများကို ချောင်းမြောင်းပစ်ခတ်ခဲ့ရာ အမျိုးသား ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု တိုက်ပွဲအတွင်း ပိတ်မိနေသည့် နောင်ချိုဒေသခံတစ်ဦးက ပြောသည်။

“ရေမောင်းတန်းမှာရှိတဲ့ ကောင်လေးတစ်ယောက်ကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်လိုက်တာ။ အဲ့ဒီကောင်လေးက ရွာကနေ ထွက်ပြေးမလို့ ဆိုင်ကယ်နဲ့ထွက်သွားတာ၊ သေနတ်မှန်ပြီးတော့ သေသွားတယ်။ နောက်ထပ် သားအဖနှစ်ယောက်ကလည်း ဆိုင်ကယ်နဲ့ပဲ ထွက်သွားတာ။ အခြေအနေ သတိမထားမိဘူးထင်တယ်၊ စစ်သားတွေက သေနတ်နဲ့ပစ်တာ ခြေထောက်မှန်ပြီးတော့ အခု ဆေးရုံတင်ထားရတယ်။ စစ်သားတွေက အုမ္မသီးလမ်းခွဲ အိမ်တွေထဲကနေ ချောင်းပစ်တာ”ဟု နောင်ချိုမြို့နယ်မှ တိုက်ပွဲအတွင်း ပိတ်မိနေသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်မှ သေနတ်ပစ်ခံရပြီး သေဆုံးသွားသူမှာ အသက် ၃၀ အရွယ် အမျိုးသားဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူနှစ်ဦးမှာ ခြေသလုံးနှင့် ပေါင်တို့တွင် သေနတ်ထိမှန်ပြီး မန္တလေးသို့ ဆေးကုသရန် ပို့ဆောင်ထားသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။

ထို့အပြင် ယမန်နေ့ (နိုဝင်ဘာ ၄ ရက်)က အုမ္မသီးကျေးရွာအနီး နမ့်တိန်းဝမ်းနှင့် ဆိုက်ခေါင်ကျေးရွာတို့မှ လူငယ်များကိုလည်း လူသားဒိုင်းကာအဖြစ် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“မနေ့က(နိုဝင်ဘာ ၅ ရက်) ညနေ ၅ ခွဲ ၆ နာရီလောက် အဲ့ချိန်ဆမ္မဆယ်မှာ တိုက်ပွဲ အရမ်းပြင်းနေတာ။ လေယာဉ်သံက အကျယ်ကြီး မကြားရဘူး။ အရင်ရက် (နိုဝင်ဘာ ၄ ရက်)ကလည်း စစ်ကောင်စီတပ်က စစ်ဆေးရေး အရမ်းကြမ်းတာ။၊ အုမ္မသီး နမ့်တိန်းဝမ်းဘက်က ပြည်သူ ၁၁ ယောက်ကို ဖမ်းသွားပြီး သူတို့ လူသားဒိုင်းကာ လုပ်နေတာ။ ‌ကျေးရွာ ၂ ရွာက လူတွေကိုလဲ ဖမ်းသွားတယ်။ လက်နက်ကြီးနဲ့လဲ ရွာထဲကို သုံးခါ လေးခါ ပစ်လာတာ။ ဆမ္မဆယ်မှာက နေအိမ်တွေ အများကြီး ထိတယ်”ဟု နောင်ချိုမြို့‌ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်ကလည်း အုမ္မသီးနှင့် ဆိုက်ခေါင်ကျေးရွာတို့မှ အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ဦးသာ ပြန်လည် လွတ်မြောက်လာသေးသည်ဟု နောင်ချိုမြို့ အုမ္မသီးဒေသခံတစ်ဦးက ပြောသည်။

ထို့အတူ နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာတွင်လည်း နိုဝင်ဘာ ၃ ရက်က လူငယ် ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၄ ဦးပြန်လည် လွတ်မြောက်လာကာ ကျန် ၃ ဦးမှာ ဆက်လက်ဖမ်းဆီးခံထားရကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA ၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်လာခြင်းကြောင့် ဆမ္မဆယ်ကျေးရွာအုပ်စုအတွင်း ကုန်စုံဆိုင် ၁ ဆိုင် မီးလောင်ပြီး ပြည်သူနေအိမ်များ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် နောင်ချိုမြို့နယ်အတွင်း “၁၀၂၇ စစ်ဆင်ရေး”ကြောင့် စစ်ဘေးရှောင်ဦးရေ ၂၅၀၀ ကျော် ရှိလာပြီး သဖန်းကိုင်း၊ သုံးဆယ်၊ ငို့ကလေး၊ အင်းဝိုင်း၊ ဘန့်ဘွေးနှင့် ပြင်ဦးလွင်မြို့များရှိ ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...