Tuesday, January 27, 2026

နိုင်ငံရေး

ယနေ့ … ဈေးနေ့ … ဖြစ်သည်

ပတ်ဝန်းကျင်တစ်ခုလုံး နှင်းများအကြား ပိန်းပိတ်နေသည်။ တစ်ယောက်နဲ့ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရပေမယ့် အသံများကိုတော့ ကြားနေရသည်။ အနီးရောက်မှ ဖြတ်ကနဲ ဝင်လာသည့် လူတစ်ယောက်ကို ကျွမ်းကျင်စွာ ရှောင်လိုက်နိုင်သည်။ အားလုံးက ဒီအခြေအနေကို ကျင့်သားရနေကြပြီပဲ ဖြစ်သည်။ မနက် ၃ နာရီခန့်ကတည်းက ဈေးထဲ ရောက်နေပြီ ဖြစ်ကြသည်။ မကြာခင်...

“နိုင်ငံရေးပြဿနာကို စစ်အင်အားနဲ့ပဲ ဖြေရှင်းမယ်ဆိုရင် လမ်းမှားနေပြီ”

သျှမ်းသံတော်ဆင့်ကနေပြီးတော့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်အခြေစိုက် ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီ အကျိုးဆောင်အဖွဲ့ ဖြစ်တဲ့ ဥရောပ-မြန်မာရုံး (Euro-Burma Office: EBO) ရဲ့ အမှုဆောင်ဒါရိုက်တာ စဝ်ဟန်ယောင်ဟွေကို ဖိတ်ခေါ်ထားပါတယ်။ စဝ်ဟန်ယောင်ဟွေကတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်နဲ့ သျှမ်းပြည်တပ်မတော် (SSA) ကို စုစည်းတည်ထောင်ခဲ့တဲ့ မဟာဒေဝီ...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။

နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းသစ် ရှာဖွေနေဟု 7 EAO Alliance ပြော

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 EAO Alliance ဦးဆောင်အဖွဲ့ ဒုတိယအကြိမ် အစည်းအဝေးကို အွန်လိုင်းဖြင့် ကျင်းပပြီးစီးခဲ့ရာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းသစ်ကို ရှာဖွေနေသည်ဟု စုံစမ်းသိရသည်။ စက်တင်ဘာလ (၁၀) ရက်မှ (၁၁) ရက်အထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇) ဖွဲ့၏...

သျှမ်းပြောင်းစိုက်တောင်သူများ အရှုံးပေါ် ပြောင်းအစား ပဲစင်းငုံများ အစားထိုးစိုက်ပျိုးလာ

သျှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ကာလေကျေးရွာရှိ ပြောင်းစိုက်သူများသည် ယခုနှစ်တွင် ပြောင်းအစား ပဲစင်းငုံများ အစားထိုးစိုက်ပျိုးမည်ဖြစ်ကြောင်း ပြောင်းစိုက်တောင်သူများထံမှ သိရသည်။ ပြောင်းစိုက်ရာသီတွင် မျိုးစေ့၊ ပိုးသတ်ဆေး နှင့် ဓာတ်မြေဩဇာဈေးနှုန်း မြင့်တက်မှု ကြားမှ စိုက်ပျိုးရသော်လည်း ပြောင်းဈေး တစ်ပိဿလျှင် မြန်မာကျပ်ငွေ ၆၀၀ကျော် သာရသည့် အတွက် နှစ်နှစ်ဆက်တိုက်အရှုံးပေါ်လာသဖြင့်...

နိုင်ငံရေး ဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်ချမှု လျစ်လျူရှုခံနေရခြင်းကို ကန့်ကွတ်ရှုတ်ချဟု TWO ပြော

သျှမ်းပြည် နမ္မတူမြို့တွင် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)မှ ဦးဆောင်ပြီး ပထမအကြိမ် တအာင်းအမျိုးသမီးဖိုရမ်ကို ၂၀၂၄ ခုနှစ် မတ်လ ၂၈ နှင့် ၂၉ ရက် နှစ်ရက်တိုင်တိုင် နမ္မတူမြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားသော နမ္မတူမြို့တွင် ကျင်းပသည့် ၎င်းဖိုရမ်သို့ နမ့်ဆန်၊...

ထိုင်းနိုင်ငံသံရုံး ဗီဇာလျှောက်လွှာကို တစ်ရက်လျှင် လူဦးရေ ၄၀၀ သာလက်ခံမည်

ထိုင်းနိုင်ငံသံရုံးတွင် ဗီဇာလျှောက်ထားခြင်းများနှင့် ပတ်သက်၍ တစ်ရက်လျှင် လူဦးရေ ၄၀၀ သာ လက်ခံတော့မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့ထုတ်ပြန်ချက်ထဲတွင် ဗီဇာလျှောက်ရန် တန်းစီရသည့် စနစ်ကိုကျင့်သုံးမည်ဖြစ်ပြီး တိုကင်နံပါကို ရုံးဖွင့်ချိန်မတိုင်မှီ နံနက် ၈း၃၀ မြန်မာစံတော်ချိန် မှ စတင်ကာ ဗီဇာလာလျှောက်မည့်သူများကို ပေးဝေးမည်ဖြစ်ပြီး၊...

နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးနည်းဖြင် ဆက်ဖြေရှင်းမည်ဟု RCSS ပြော

နိုင်ငံရေး ပြဿနာကို တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင်သာ ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု RCSS က ပြောဆိုလိုက်သည်။ အဆိုပါ ပြောဆိုမှုသည် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၏ ဗဟိုဌာနချုပ် လွိုင်တိုင်းလျန်း တွင် ဇန်နဝါရီ ၂၆ရက်မှ ဇန်နဝါရီ ၂၈ရက်အထိ နှစ်ပတ်လည်အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။ ထိုအစည်းအဝေးတွင် ဌာနအသီးသီးက...

ပြောင်းဈေးကျ ပြောင်းစိုက်တောင်သူများ အရှုံးပေါ်

သျှမ်းပြည် လွိုင်လင်ခရိုင်၊ မိုင်းရှူးခရိုင်၊ နမ့်စန်ခရိုင်(တောင်)တို့တွင် ပြောင်းစိုက်ပျိုးသည့် တောင်သူများသည် စိုက်ပျိုးခင်ကာလက ကုန်ကျသည့်စရိတ် ပြန်မရလောက်အောင် အရှုံးပေါ်နေကြောင်း စုံစမ်းသိရသည်။ နိုင်ငံရေးရှုပ်ထွေးမှု၊ ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဓာတ်မြေသြဇာစျေးနှုန်းမှာ အလိုအလျောက် စျေးတက်နေသော်လည်း ပြောင်းစျေးမှာ တစ်ပိဿာလျှင် ကျပ် ၁၀၀၀ အောက်အထိ စျေးကျနေကြောင်း ပြောင်းစိုက်တောင်သူများက ပြောသည်။ “ရှုံးတာပေါ့၊ ဒီနှစ်က...

“အမှန်တရားရှေ့ထားကာ ချစ်ခြင်းမုန်းခြင်း ကင်းတဲ့ မီဒီယာ”

ကျနော်တို့မှာ “ချစ်ခြင်း၊ မုန်းခြင်း” ဆိုတာထက် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ သာသနာ၊ ကိုယ့်ပြည်နယ်နဲ့ ကိုယ့်ပြည်နယ်ထဲက လက်နက်ကိုင်တွေ ကောင်းဖို့အတွက်ကိုပဲ ထောက်ပြရေးသားရဖို့ တာဝန်ရှိပါတယ်။ ဘယ်အဖွဲ့ကို ချစ်ခြင်း၊ မုန်းခြင်းဆိုတာ သတင်းသမားမှာ မရှိသင့်ပါ။ “ မျက်ကန်းမျိုးချစ်” ကိုယ်ကြိုက်တဲ့ဘက်ကို ကောင်းတာပဲ ဘယ်သူမဆို လက်ခံသလို ကိုယ်ကြိုက်တဲ့ဘက်ကို...

Latest news