နိုင်ငံရေး
ပြောင်းဈေးကျ ပြောင်းစိုက်တောင်သူများ အရှုံးပေါ်
SHAN -
သျှမ်းပြည် လွိုင်လင်ခရိုင်၊ မိုင်းရှူးခရိုင်၊ နမ့်စန်ခရိုင်(တောင်)တို့တွင် ပြောင်းစိုက်ပျိုးသည့် တောင်သူများသည် စိုက်ပျိုးခင်ကာလက ကုန်ကျသည့်စရိတ် ပြန်မရလောက်အောင် အရှုံးပေါ်နေကြောင်း စုံစမ်းသိရသည်။ နိုင်ငံရေးရှုပ်ထွေးမှု၊ ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဓာတ်မြေသြဇာစျေးနှုန်းမှာ အလိုအလျောက် စျေးတက်နေသော်လည်း ပြောင်းစျေးမှာ တစ်ပိဿာလျှင် ကျပ် ၁၀၀၀ အောက်အထိ စျေးကျနေကြောင်း ပြောင်းစိုက်တောင်သူများက ပြောသည်။ “ရှုံးတာပေါ့၊ ဒီနှစ်က...
“အမှန်တရားရှေ့ထားကာ ချစ်ခြင်းမုန်းခြင်း ကင်းတဲ့ မီဒီယာ”
SHAN -
ကျနော်တို့မှာ “ချစ်ခြင်း၊ မုန်းခြင်း” ဆိုတာထက် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ သာသနာ၊ ကိုယ့်ပြည်နယ်နဲ့ ကိုယ့်ပြည်နယ်ထဲက လက်နက်ကိုင်တွေ ကောင်းဖို့အတွက်ကိုပဲ ထောက်ပြရေးသားရဖို့ တာဝန်ရှိပါတယ်။ ဘယ်အဖွဲ့ကို ချစ်ခြင်း၊ မုန်းခြင်းဆိုတာ သတင်းသမားမှာ မရှိသင့်ပါ။ “ မျက်ကန်းမျိုးချစ်” ကိုယ်ကြိုက်တဲ့ဘက်ကို ကောင်းတာပဲ ဘယ်သူမဆို လက်ခံသလို ကိုယ်ကြိုက်တဲ့ဘက်ကို...
ပင်လုံစာချုပ် အကောင်အထည်ဖော်နိုင်မှ နိုင်ငံရေးပြဿနာဖြေရှင်းနိုင်မည်ဟု RCSS/SSA ပြော
SHAN -
သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် နိုင်ငံရေး ပြဿနာနှင့် ပဋိပက္ခများကို ၁၉၄၇ ပင်လုံစာချုပ် အကောင်အထည် ဖော်နိုင်မှ ဖြေရှင်းနိုင် ဖြစ်မည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ၁၉၄၇ ပင်လုံစာချုပ်ကို အကောင်အထည် ဖောင်ဆောင်ပြီး နိုင်ငံရေး ပြဿနာများ ဖြေရှင်းရန်...
စစ်အာဏာရှင်တော်လှန်ရေးအောင်မြင်တဲ့အထိ ကာတွန်းတကွက်နဲ့ လူထုအတွက် Supporting လုပ်သွားမယ် (ကာတွန်းဝေယံ)
SHAN -
ကာတွန်းသည် အခြေအနေတရပ်၏ အနေအထားကို သက်၀င်အောင်ပုံဖော်ခဲ့သည့်အနုပညာတရပ်ဖြစ်လေရာ လက်ရှိနိုင်ငံရေးအခြေအနေကို ပုံဖော်နိုင်သည့်ကာတွန်းမှာ လွန်စွာမလွယ်ကူသည့် အနုပညာတရပ်ဖြစ်ပါသည်။ နိုင်ငံတခုတွင် ထိုသို့သော နိုင်ငံရေးသရော်သည့်ကာတွန်းဆရာမှာ လက်ချိုးရေလို့ပင်ရပါသည်။ နိုင်ငံရေးတွင်စိတ်ပါ၀င်စားမှုနည်းပါးသည့် သျှမ်းပြည်တွင်လည်း ရှားပါးသည့်နိုင်ငံရေးသရော် ကာတွန်းဆရာများအနက် ကာတွန်းဝေယံ၏ လက်ရာကို ကနေ့လူမှုကွန်ယက်တွင်လူသိများခဲ့ပါသည်။ အာဏာသိမ်းစစ်အုပ်စုအား...
ပြည်သူ့စစ်တပ်ဖွဲ့သည် အရပ်သားအဖွဲ့အစည်းများဖြစ် ဟု ကာကွယ်ရေးဝန်ကြီးဌာနပြော
ပြည်သူ့စစ် တပ်ဖွဲ့သည် တပ်မတော်သား အဖွဲ့အစည်း မဟုတ်၊ အရပ်သားအဖွဲ့အစည်းများ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က ပြောကြားသည်။
စက်တင်ဘာ ၁၁ရက်နေ့ ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၉) ရက်နေ့ ပေါင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်...





