ပြောင်းဈေးကျ ပြောင်းစိုက်တောင်သူများ အရှုံးပေါ်

သျှမ်းပြည် လွိုင်လင်ခရိုင်၊ မိုင်းရှူးခရိုင်၊ နမ့်စန်ခရိုင်(တောင်)တို့တွင် ပြောင်းစိုက်ပျိုးသည့် တောင်သူများသည် စိုက်ပျိုးခင်ကာလက ကုန်ကျသည့်စရိတ် ပြန်မရလောက်အောင် အရှုံးပေါ်နေကြောင်း စုံစမ်းသိရသည်။

ပြောင်း

နိုင်ငံရေးရှုပ်ထွေးမှု၊ ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဓာတ်မြေသြဇာစျေးနှုန်းမှာ အလိုအလျောက် စျေးတက်နေသော်လည်း ပြောင်းစျေးမှာ တစ်ပိဿာလျှင် ကျပ် ၁၀၀၀ အောက်အထိ စျေးကျနေကြောင်း ပြောင်းစိုက်တောင်သူများက ပြောသည်။

“ရှုံးတာပေါ့၊ ဒီနှစ်က ဓာတ်မြေသြဇာတွေ ဈေးတက်တာလေ။ တချို့တွေဆို ပြောင်း ၁ အိတ်ကို ၃ သောင်းကျော်လောက် ရမယ်လို့ မှန်းထားတာ”ဟု မိုင်းရှူးမြို့နယ်မှ ပြောင်းစိုက်တောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ပြောင်းစိုက်တောင်သူများသည် ပြောင်းကို သိုလှောင်ထားရန် ပြင်ဆင်နေပြီး ပြောင်းစျေးတက်လာမှ ရောင်းရန်လည်း စီစဉ်နေကြကြောင်း ပြောင်းစိုက်တောင်သူများက ပြောသည်။

“နည်းနည်းစိုက်တဲ့ သူကတော့ရှုံးတယ်၊ များများစိုက်တဲ့သူကတော့ ကျန်တာနည်းတာပေါ့၊ ကုန်ဈေးနှုန်းတွေ တက်တာနဲ့ဆိုတော့ တော်တော်များများ ရှုံးကြတယ်။ ကျတော်ကတော့ ဒီဇင်ဘာလလောက်မှ ရောင်းမှာ၊ နှစ်ကုန်ခါနီး အချိန်တွေဆိုရင် ပြောင်းဈေးက တက်လေ့ရှိတယ်လေ”ဟု ခိုလမ်မြို့နယ်မှ ပြောင်းစိုက်တောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြောင်းခင်း

မိုင်းရှူး၊ ပင်လုံ၊ ခိုလမ်၊ ဆီဆိုင်မြို့တို့တွင် ပြောင်းများကို ဝယ်ယူသူများမှာ မရှိသလောက် ရှားပါးနေပြီး ဝယ်နေကြသူများလည်း သိပ်မဝယ်ရဲဘဲ ဖြစ်နေကာ ပြောင်းစိုက် တောင်သူများကလည်း ဈေးကောင်းရရန် စောင့်မျှော်နေခြင်းကြောင့် အရှုံးခံနေရကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ပြောင်းဖူး ပိဿာ ၃၀ တစ်အိတ်ကို ၂၈၀၀၀ ကျပ်မှ ၂၉၀၀၀ ကျပ်အထိ ဈေးပေါက်သော်လည်း ယခု ၂၀၂၃ ခုနှစ်တွင် ပိဿာ ၃၀ တစ်အိတ်ကို ၂၆၀၀၀ မှ ၂၇၀၀၀ ကျပ်ခန့်သာ ဈေးရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည် ၁၅ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံတိုးမြှင့်

0
သျှမ်းပြည် မြို့နယ်ပေါင်း ၁၅ ခုအပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့နယ် ၅၈ ခုတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးရန် ယနေ့ (ဇူလိုင် ၂၁ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ သက်တမ်းတိုးရန်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တော်လှန်ရေးလမ်းစဉ်မှသည် တရုတ်အလိုတော်ရိဆီသို့ – MNDAA ၏ အာဏာစက်အောက်မှ သျှမ်းပြည်မြောက်ပိုင်း၏ နိုင်ငံရေးနှင့် လူမှုစီးပွားအကျပ်အတည်း

0
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖြစ် တရားဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတရေးပါတီ (MNTJP) အောက်တွင် လှုပ်ရှားနေသော ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် မူလက မြန်မာ့စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်သန်သည့် တော်လှန်ရေးအင်အားစုတရပ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းလျက် ၎င်းတို့၏ အစောပိုင်း ဟောပြောစည်းရုံးမှုများတွင် အမျိုးသားလွတ်မြောက်ရေးကို အလေးပေးဖော်ပြခဲ့သည်။ သို့သော်လည်း ၎င်းတို့၏...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...