စစ်အာဏာရှင်တော်လှန်ရေးအောင်မြင်တဲ့အထိ ကာတွန်းတကွက်နဲ့ လူထုအတွက် Supporting လုပ်သွားမယ် (ကာတွန်းဝေယံ)

ကာတွန်းသည် အခြေအနေတရပ်၏  အနေအထားကို သက်၀င်အောင်ပုံဖော်ခဲ့သည့်အနုပညာတရပ်ဖြစ်လေရာ လက်ရှိနိုင်ငံရေးအခြေအနေကို ပုံဖော်နိုင်သည့်ကာတွန်းမှာ လွန်စွာမလွယ်ကူသည့် အနုပညာတရပ်ဖြစ်ပါသည်။ နိုင်ငံတခုတွင် ထိုသို့သော နိုင်ငံရေးသရော်သည့်ကာတွန်းဆရာမှာ လက်ချိုးရေလို့ပင်ရပါသည်။ နိုင်ငံရေးတွင်စိတ်ပါ၀င်စားမှုနည်းပါးသည့် သျှမ်းပြည်တွင်လည်း ရှားပါးသည့်နိုင်ငံရေးသရော် ကာတွန်းဆရာများအနက် ကာတွန်းဝေယံ၏ လက်ရာကို ကနေ့လူမှုကွန်ယက်တွင်လူသိများခဲ့ပါသည်။ အာဏာသိမ်းစစ်အုပ်စုအား ထိမိသော ကာတွန်းလက်ကွက်ဖြင့် အဆက်မပြတ် တော်လှန်ရေးလှုပ်ရှားမှုပြုလာသည့် ကာတွန်းဝေယံသည် လက်ရှိတွင် ဘေးလွတ်ရာနေရာသို့ တိမ်းရှောင်နေကြောင်းသိရသည်။ ၄င်းအားသျှမ်းသံတော်ဆင့်မှ တွေ့ဆုံမေးမြန်းထားပါသည်။

Photo Credit- ကာတွန်းဝေယံ

မေး ။            ။ ကိုဝေယံ လတ်တလောဘာတွေ လှုပ်ရှားနေလဲ ။

ဖြေ ။            ။ ကျနော် ကတော့ လှုပ်ရှားလို့ရတာအကုန်လှုပ်ရှားနေတယ် အဓိက ကတော့ ကာတွန်းနဲ့တော်လှန်နေတာပေါ့ ။

မေး ။            ။ အာဏာသိမ်းစစ်ကောင်စီ နဲ့ပတ်သက်ပြီး ရေးဆွဲတဲ့ ကာတွန်းတွေအပေါ် ဘယ်လို ခံစားချက်တွေ ဘယ်လိုခံယူချက်တွေ ထည့်ထားလဲ ။

ဖြေ ။            ။ ခံစားချက်ကတော့ အဓိက ဒီကောင်တွေကို ကာတွန်းပညာနဲ့သရော်တာ ပေါ့ ၊ ခံယူချက်ကတော့ ဒီကောင်တွေကို ဝါဒမှိုင်းအရ၊  စိတ်ဓါတ်စစ်ဆင်ရေး အရ၊  စစ်အာဏာရှင်ကျဆုံးရေးအတွက်  အဲ့လိုမျိုး ခံယူချက်နဲ့ ကျနော်တို့ဆွဲနေတာပါ ။

မေး ။            ။ ခုလို စစ်အာဏာရှင် ဆန့်ကျင်တဲ့ကာတွန်းတွေရေးဆွဲနေတဲ့ အတွက်  ဒီစစ်အာဏာသိမ်း အုပ်စုဖက်က ကိုဝေယံကို ၀ရမ်းထုတ်ထားတာမျိုး ၊ နေအိမ်တွေ မှာလာရှာဖွေတာမျိုးတွေ ရှိခဲ့လား။

ဖြေ ။            ။ တလောကတော့ ကျနော့ကို မန်းလေးမှာ ဖမ်းမိပြီဆိုပြီး သူတို့ဖက်က တစ်ကောင်ကောင်က မဟုတ်မမှန်သတင်းလွှင့်တာပေါ့ ၊ ဖမ်း၀ရမ်းတွေ ဘာတွေလဲ မကြား မိသေးပါဘူး ၊ တိုးတိုး တိတ်တိတ် ထုတ်တာမျိုးတွေဘဲရှိမှာပေါ့ ၊  လောလော ဆယ်ကျနော်က လွတ်မြောက်နယ်မြေ ကို ရောက်ရှိ နေပြီဖြစ်တဲ့ အတွက် သူတို့ လာရှာလဲ ဘာမှမထူးပါဘူး ။

 မေး ။           ။ အာဏာရှင်ဆန့်ကျင်ရေးနဲ့ ပတ်သက်ပြီး ကိုယ်ဆွဲတဲ့ ကာတွန်းတွေ ဟာ ဒီတော်လှန်ရေးမှာ ဘယ်လောက်အတိုင်းအတာအထိ ထိရောက်လဲ လို့ မြင်လဲ ။

ဖြေ ။            ။ ထိရောက်တယ်ဆိုတာ အဲ့လိုမျိုးပေါ့ ပြည်သူတွေရဲ့ ကော်မန့်တွေကို ဖတ်ကြည့်ရင် တော့ ဒီကာတွန်းတွေကနေ ၊ စိတ်ဓါတ်ကျနေ တဲ့အချိန်မှာ ​motivate တစ်ခုပေးတယ်ပေါ့ ။ ကျနော်တို့က ဒီကောင်တွေကို သရော်တာကို ဘာပဲ ပြောပြော ပြည်သူတွေ စိတ်ညစ်နေတဲ့ အချိန် ဒီကာတွန်း လေးဖတ်လိုက်လို့ supporting  လေးတစ်ခုရလိုက်ရင် ပဲအတိုင်းအတာတစ်ခုအထိ ထိရောက်တယ်လို့ ထင်တာပဲ ။

မေး ။            ။ ဒီအရေးတော်ပုံ အောင်မြင်ဖို့ ဘယ်အရာ က အရေးကြီးဆုံးလို့ ထင်လဲ ။

ဖြေ ။            ။ အရေးတော်ပုံအောင်ဖို့ အဓိက unity ပဲ ပြည်သူတွေအားလုံး စည်းလုံးဖို့ နဲ့ စည်းစည်းလုံးလုံးနဲ့တော်လှန်ရင် ဒီကောင်တွေ ဘာလက်နက်ကြီးပဲ ရှိရှိ ဘာကောင်ပဲ ဖြစ်ဖြစ် ပြည်သူတွေ ဖက်က အောင်မှာပဲ ။ စည်းလုံးမှုက တစ် ၊ စည်းလုံးမှုက နှစ် ၊ စည်းလုံးမှုက ၃ လို့ပဲမြင် ပါတယ် ။

မေး ။            ။ G – Z တွေရဲ့တော်လှန်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲ ။

ဖြေ ။            ။ G – Z တွေရဲ့ လုပ်ရပ်တွေကို အားရတယ် ၊ မျိုးဆက်အားလုံး ကလဲ တတ်နိုင် တဲ့ ဘက်ကနေ သူ့နေရာနဲ့သူလုပ်နေကြတာဖြစ်တဲ့ အတွက်လဲအားရပါတယ် ။

မေး ။            ။ ကာတွန်းဝေယံရဲ့ ကာတွန်းဖတ်ပရိတ်သတ်တွေကို တော်လှန်ရေး နဲ့ပတ်သက်ပြီး ဘာ ပြောချင်သေးလဲ ။

ဖြေ ။            ။ စိတ်ဓါတ်မကျ ကြပါနဲ့ ၊ နှစ်ပေါင်းခြောက်ဆယ် ကျော် ကြာ ခိုင်ခိုင်မာမာ အင်စတီကျူးရှင်း တစ်ခုလုံးကို လုံး၀အမြစ်ကနေလှန်ရမှာ ဖြစ်တဲ့ အတွက် အချိန်ယူရမယ် ၊ စိတ်ဓါတ်မကျပဲ အမြဲတမ်း စက္ကန့်တိုင်း မိနစ်တိုင်း နာရီတိုင်း တော်လှန် နေဖို့ အရေးကြီးတယ် အဲ့ဒီအတွက် အားလုံး စည်းစည်းလုံးလုံးနဲ့ တော်လှန်ကြဖို့ လုံး၀ သွေးမအေး ကြဖို့အရေး ကြီးတယ်လို့ ကျနော်ပြောလိုပါတယ် ။

 ဟုတ်ကဲ့။ ကာတွန်းဝေယံကို ကျေးဇူးတင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည် ၁၅ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံတိုးမြှင့်

0
သျှမ်းပြည် မြို့နယ်ပေါင်း ၁၅ ခုအပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့နယ် ၅၈ ခုတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးရန် ယနေ့ (ဇူလိုင် ၂၁ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ သက်တမ်းတိုးရန်...

တော်လှန်ရေးလမ်းစဉ်မှသည် တရုတ်အလိုတော်ရိဆီသို့ – MNDAA ၏ အာဏာစက်အောက်မှ သျှမ်းပြည်မြောက်ပိုင်း၏ နိုင်ငံရေးနှင့် လူမှုစီးပွားအကျပ်အတည်း

0
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖြစ် တရားဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတရေးပါတီ (MNTJP) အောက်တွင် လှုပ်ရှားနေသော ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် မူလက မြန်မာ့စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်သန်သည့် တော်လှန်ရေးအင်အားစုတရပ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းလျက် ၎င်းတို့၏ အစောပိုင်း ဟောပြောစည်းရုံးမှုများတွင် အမျိုးသားလွတ်မြောက်ရေးကို အလေးပေးဖော်ပြခဲ့သည်။ သို့သော်လည်း ၎င်းတို့၏...

“ပုစ္ဆာအဟောင်းကို နည်းဟောင်းနဲ့ ဆက်သွားနေရင်တော့ ရလဒ်အဟောင်းပဲ ထွက်မယ်။ တွက်နည်းအသစ်နဲ့တော့ ကျနော်တို့ တွက်ရလိမ့်မယ်”

0
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီး ဌာန MOD လက်အောက်မှ နုတ်ထွက်ပြီး SSRY နှင့် SSPDF တို့က သျှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU နှင့် ပူးပေါင်း၍ သျှမ်းပြည်တောင်ပိုင်း အမျိုးသားကာကွယ်ရေးတပ် SSNDF အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ယမန်နှစ် ၂၀၂၅ ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည်တောင်ပိုင်း အမျိုးသားများကာကွယ်ရေးတပ် SSNDF အနေဖြင့် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) တွင် SSNDF B-101, B-102, B-103 နှင့် Drone အဖွဲ့များအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး KNDF ၏စစ်ရေး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...

“တော်လှန်ရေးဆိုတာ သေနတ်တွေနဲ့ ပစ်နေရုံနဲ့လည်း ပြီးမှာမဟုတ်ဘူး။ တစ်ဖက်ကလည်း နိုင်ငံရေးရှိဖို့ လိုတာပဲလေ။”

0
ပြည်ထောင်စုနိုင်ငံရေးအင်အားစုတွေရဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (Political Coordination Body - PCB) ကနေပြီးတော့ ထုတ်ပြန်လိုက်တဲ့ အချက် (၉) ချက်နဲ့ ပတ်သက်ပြီးတော့ ဒီအဖွဲ့မှာပါဝင်နေတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဌ ဦးစိုင်းညွန့်လွင်ကို သျှမ်းသံတော်ဆင့် မြန်မာပိုင်း အယ်ဒီတာ  နန်းဆိုင်နွမ် ကတွေ့ဆုံမေးမြန်းထားပါတယ်။  ။ နန်းဆိုင်နွံ။ ။ အဓိကကတော့ လက်ရှိ PCB အဖွဲ့ကနေပြီးတော့ ထုတ်ပြန်လိုက်တဲ့...