ပြည်သူ့စစ်တပ်ဖွဲ့သည် အရပ်သားအဖွဲ့အစည်းများဖြစ် ဟု ကာကွယ်ရေးဝန်ကြီးဌာနပြော

ပြည်သူ့စစ် တပ်ဖွဲ့သည် တပ်မတော်သား အဖွဲ့အစည်း မဟုတ်၊ အရပ်သားအဖွဲ့အစည်းများ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က ပြောကြားသည်။

 

ဗိုလ်ချုပ်မြင့်နွယ်

စက်တင်ဘာ ၁၁ရက်နေ့ ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၉) ရက်နေ့ ပေါင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း မေးမြန်းသည့် ပြည်သူ့စစ်များကို မည်သည့် အတွက် ကြောင့်ထားရှိပြီး၊ ပြည်သူ့စစ်များ လုပ်ဆောင်ချက်များနှင့် ပြည်သူ့စစ်အဖွဲ့များကို မည်သည့် ဌာနအဖွဲ့အစည်းတွင် တာဝန်ခံ မည်ကို သိလိုခြင်း နှင် စပ်လျဉ်း ပြီး ဗိုလ်ချုပ် မြင့်နွယ် က ပြောကြားခဲ့သည်။

ပြည်သူ့စစ်များသည် မိမိတို့ တပ်မတော်သား အဖွဲ့ အစည်း မဟုတ်ကြောင်း၊ အရပ်ဘက် အဖွဲ့အစည်းများသာဖြစ်ကြောင်း၊ ထို့ကြောင့် ရဲစခန်း၊ ပြည်သူ့ရဲ၊ ရဲဘက်ဆိုင်သည့် နယ်ဘက် အမှုသာ ဖြစ်ကြောင်းဗိုလ်ချုပ်မြင့်နွယ် က ပြောသည်။

ပြည်သူ့စစ်များသည် တိုင်းစစ်ဌာနချုပ် တွင် ကြီးကြပ်ကွပ်ကဲ ကာ ဖွဲ့စည်းခြင်း၊ လေ့ကျင့်ပေးခြင်း နှင့်တာဝန်ခွဲဝေပေးပြီး အမှုအခင်းဖြစ်ပါက နယ်ဘက်တရားဥပဒေဖြင့် အရေးယူနိုင်ရေး အတွက် ဆောင်ရွက်ကြောင်း ဗိုလ်ချုပ်မြင့်နွယ်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြန်လည်ဖြေကြားခဲ့သည်။

ပြည်သူ့စစ် ဌာနေ အဖွဲ့များ အား တပ်မတော် တပ်ရင်း အသီးသီးမှ တပ်ဖွဲ့များမှ ဖွဲ့စည်းရေး၊ လေ့ကျင့်ရေး ၊ လက်နက်တပ်ဆင်ရေး နှင့် တာဝန်ခွဲဝေ သတ်မှတ်ပေးရေး အပိုင်းကို တာဝန်ယူ ဆောင်ရွက်ရှိသည်။

နယ်မြေအလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့ များကို ကြီးကြပ်ကွပ်ကဲပြီး တနိုင်ငံလုံး အတိုင်းအတာ ဖြင့် ပြည်သူ့စစ် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး က ကြီးကြပ် ကွပ်ကဲလျက်ရှိကြောင်းလည်း ဗိုလ်ချုပ်မြင့်နွယ်က ပြန်လည်ဖြေကြားခဲ့သည်။

ပြည်သူ့စစ် ဖွဲ့စည်းမှု သည် စစ်မက် အရေးအခင်းများ အရေးပေါ် ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ အမျိုးသားကာကွယ် ရေး ကို အချိန်မရွေး အသင့်ဖြစ်စေရန် ဖွဲ့စည်းလေ့ကျင့်ပေးထားခြင်းဖြစ်သည်။

တိုင်းရင်းသား ပြည်သူလူထု အတွင်း ဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့ဝင် များသည် မြို့နယ်၊ ကျေးရွာ များ လုံခြုံရေး အတွက် ကာကွယ်စောင့်ရှောက်နေကြသူများဖြစ်သည်။

Photo by Lat Khat Than /ပြည်သူ့စစ်

တပ်မတော် ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေများတွင် ရပ်ကွက်၊ ကျေးရွာ၊ စက်ရုံ၊အလုပ်ရုံ လုပ်ငန်းခွင် စသည့် အချက်အချာ ကျနေရာများ တွင်စစ်ရေး လိုအပ်ချက် အရ ပြည်သူ့စစ်ဌာနေ အဖွဲ့များ ဖွဲ့စည်းထားသည်။

တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးတွင် ပြည်သူ့စစ်ဌာနေအဖွဲ့များ ဖွဲ့စည်းထားခြင်းသည် ပြည်တွင်း လက်နက်ကိုင် သောင်းကျန်းမှု အန္တရာယ်ကို ချေမှုန်းနိုင်ရေး အတွက် ရေတို ရည်မှန်းချက် အရ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း လည်း ဗိုလ်ချုပ်မြင့်နွယ် က ပြောသည်။

မြန်မာနိုင်ငံ တနိုင်ငံလုံး ပြည်သူ့စစ် အဖွဲ့ပေါင်း ၆၀၅ဝဖွဲ့ ရှိကြောင်း သိရသည်။

သျှမ်းပြည်နယ် အတွင်းတွင် ပြည်သူ့စစ် နာမည်ဖြင့်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ လောင်းကစားရုံဖွင့်လှစ်ခြင်း နှင့် ဒေသခံများကို နိုင်ထက်စီးနင်း ပြုလုပ်နေသည်ဟု ဆုိကာဒေသခံ များ ပြည်သူ့စစ်များကို စိုးရိမ်ထိတ်လန့်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...

“တော်လှန်ရေးဆိုတာ သေနတ်တွေနဲ့ ပစ်နေရုံနဲ့လည်း ပြီးမှာမဟုတ်ဘူး။ တစ်ဖက်ကလည်း နိုင်ငံရေးရှိဖို့ လိုတာပဲလေ။”

0
ပြည်ထောင်စုနိုင်ငံရေးအင်အားစုတွေရဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (Political Coordination Body - PCB) ကနေပြီးတော့ ထုတ်ပြန်လိုက်တဲ့ အချက် (၉) ချက်နဲ့ ပတ်သက်ပြီးတော့ ဒီအဖွဲ့မှာပါဝင်နေတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဌ ဦးစိုင်းညွန့်လွင်ကို သျှမ်းသံတော်ဆင့် မြန်မာပိုင်း အယ်ဒီတာ  နန်းဆိုင်နွမ် ကတွေ့ဆုံမေးမြန်းထားပါတယ်။  ။ နန်းဆိုင်နွံ။ ။ အဓိကကတော့ လက်ရှိ PCB အဖွဲ့ကနေပြီးတော့ ထုတ်ပြန်လိုက်တဲ့...

ယနေ့ … ဈေးနေ့ … ဖြစ်သည်

0
ပတ်ဝန်းကျင်တစ်ခုလုံး နှင်းများအကြား ပိန်းပိတ်နေသည်။ တစ်ယောက်နဲ့ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရပေမယ့် အသံများကိုတော့ ကြားနေရသည်။ အနီးရောက်မှ ဖြတ်ကနဲ ဝင်လာသည့် လူတစ်ယောက်ကို ကျွမ်းကျင်စွာ ရှောင်လိုက်နိုင်သည်။ အားလုံးက ဒီအခြေအနေကို ကျင့်သားရနေကြပြီပဲ ဖြစ်သည်။ မနက် ၃ နာရီခန့်ကတည်းက ဈေးထဲ ရောက်နေပြီ ဖြစ်ကြသည်။ မကြာခင်...

“နိုင်ငံရေးပြဿနာကို စစ်အင်အားနဲ့ပဲ ဖြေရှင်းမယ်ဆိုရင် လမ်းမှားနေပြီ”

0
သျှမ်းသံတော်ဆင့်ကနေပြီးတော့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်အခြေစိုက် ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီ အကျိုးဆောင်အဖွဲ့ ဖြစ်တဲ့ ဥရောပ-မြန်မာရုံး (Euro-Burma Office: EBO) ရဲ့ အမှုဆောင်ဒါရိုက်တာ စဝ်ဟန်ယောင်ဟွေကို ဖိတ်ခေါ်ထားပါတယ်။ စဝ်ဟန်ယောင်ဟွေကတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်နဲ့ သျှမ်းပြည်တပ်မတော် (SSA) ကို စုစည်းတည်ထောင်ခဲ့တဲ့ မဟာဒေဝီ...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

0
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။