“အမှန်တရားရှေ့ထားကာ ချစ်ခြင်းမုန်းခြင်း ကင်းတဲ့ မီဒီယာ”

ကျနော်တို့မှာ “ချစ်ခြင်း၊ မုန်းခြင်း” ဆိုတာထက် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ သာသနာ၊ ကိုယ့်ပြည်နယ်နဲ့ ကိုယ့်ပြည်နယ်ထဲက လက်နက်ကိုင်တွေ ကောင်းဖို့အတွက်ကိုပဲ ထောက်ပြရေးသားရဖို့ တာဝန်ရှိပါတယ်။

အယ်ဒီတာ့ အာဘော်

ဘယ်အဖွဲ့ကို ချစ်ခြင်း၊ မုန်းခြင်းဆိုတာ သတင်းသမားမှာ မရှိသင့်ပါ။ “ မျက်ကန်းမျိုးချစ်” ကိုယ်ကြိုက်တဲ့ဘက်ကို ကောင်းတာပဲ ဘယ်သူမဆို လက်ခံသလို ကိုယ်ကြိုက်တဲ့ဘက်ကို မကောင်းတာရေးသား ပြောဆိုရင် လူတိုင်းကာ အမုန်းကြီးပြီး လက်မခံကြတာ ဓမ္မတာပါပဲ။

ဒီလို လက်မခံနိုင်တာကိုလည်း သိရက်နဲ့ သတင်းသမားတာဝန် အရ မှားတာကို မှားတယ်လို့ ရေးသားရမှာပါ။ အချို့ကတော့ ကိုယ့်လူမျိုးအကြောင်း မကောင်းတာရေးသားရင် ဆဲကြမယ်။ မှားတာကို မှားတယ်လို့ ထောက်ပြဖို့ ဝန်လေး သမျှတို့ ကျနော်တို့တွေ ရှေ့ဆက်မဖြစ်သင့်တာတွေဖြစ်လာနိုင်ပါတယ်။

ဥပမာ- မိဘတိုင်းဟာ ကိုယ့်သား၊ သမီးဆိုးတာကို ဆိုးတယ်လို့ မမြင်သလိုပါပဲ။ သား၊ သမီးဆိုးနေတာကို ဒီတိုင်းထိုင်ကြည့်တဲ့ မိဘတိုင်းဟာ သား၊ သမီးရဲ့ အနာဂတ်ကို ရိုက်ချိုးလိုက်သလိုပေါ့။ ကိုယ့်လူမျိုးတွေမှားတာ ကိုမှားတယ်လို့ မမြင်ဘဲ ရေးသားသူသာ မှားနေတယ်လို့ မြင်သရွေ့တော့ ကိုယ်ဟာ လူမျိုးကောင်းစားရေးထက် လူမျိုးပျက်စီးရေးကို ဖြစ်စေသူဖြစ်သွားလိမ့်မယ်။

လူမှာလည်း လူကျင့်ဝတ် ရှိသလို သာသနာမှာလည်း သာသနာ့ ကျင့်ဝတ်လိုက်နာကျင့်ကြံရသလို သတင်းသမားမှာလည်း သတင်းကျင့်ဝတ်ဖြစ်တဲ့ ဘက်မျှမှု၊ တရားမျှတမှု၊ အမှန်အတိုင်းဖော်ပြခြင်း၊ လွတ်လပ်မှု၊ လူသားဆန်မှု၊ တာဝန်ယူမှု တာဝန်ခံမှုတွေ ဆိုတဲ့ ကျင့်ဝတ်ကို လိုက်နာကျင့်သုံးရပါတယ်။ အဲ့ထဲက တခုခုချိုးဖောက်ခဲ့ပါက ပြည်သူတွေဟာ ပြစ်ဒဏ်ပေးလို့ရပါတယ်။

လူမျိုးတခု တိုင်းပြည်တခုမှာ မီဒီယာမရှိခဲ့လျှင် ကိုယ့်လူမျိုး၊ ကိုယ့်ပြည်နယ် ကို ပဲ့ကိုင်ထိန်းသိမ်းမဲ့သူမရှိသလိုပါပဲ။

မိမိတိုင်းပြည် မိမိလူမျိုးအတွက် ဉီးဆောင်ဉီးရွက် လုပ်နေပါတယ် ဆိုတဲ့ သက်ဆက်တဲ့အင်အားကြီး အဖွဲ့တွေ အနေနဲ့ မိမိလူထု အပေါ် အခွင့်အရေးမချိုးဖေါက်ဖို့၊ အာဏာရှင်ဆန်ဆန် ဖိနိပ်ချုပ်ချယ်တာမလုပ်ဖို့၊ အင်အားသုံးပြီး အဓမ္မ ခိုင်းစေတာတွေ ဆင့်ခေါ်တာတွေ မလုပ်ဖို့ လိုအပ်ပါတယ်။

အင်အားသုံးပြီး အဓမ္မလုပ်ဆောင်နေတရွေ့၊ မှန်ကန်တဲ့သတင်းတွေကို အမှောင်ချပြီး သတင်းတု သတင်းမှားတွေ အားပေးနေတရွေ့ စမတ်ကျပြီး ပရောဖက်ရှင်နယ် ဆန်တဲ့ စံပြအဖွဲ့အစည်း ဘယ်တော့မှာမှ ဖြစ်လာမှာမဟုတ်ပါဘူး။

လွတ်လပ်ပြီး လူထုအတွက် ရပ်တည်တဲ့ သတင်းသမား တွေ အနေနဲ့လဲ “ ကျောထူ၊ နားပူ” ဖို့လိုအပ်တယ်ဆိုတဲ့အတိုင်း ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ သာသနာ၊ ကိုယ့်ပြည်နယ်ထဲက လက်နက်ကိုင်တွေ လူထုအပေါ် အင်အားသုံး ဗိုလ်ကျစိုးမိုးနေသရွေ့တော့ ဆက်ပြီးထောက်ပြရေးသားသွားမှာပါ။

သျှမ်းပြည်ဟာ သျှမ်းလူမျိုးတဦးတည်း နေထိုင် တဲ့ပြည်နယ်တခုမဟုတ်သလို ကွဲပြားစုံလင်လူမျိုးပေါင်းစုံ နေထိုင်တဲ့အတွက် တခြားပြည်နယ် လူမျိုးတွေနဲ့ထက်စာရင် သျှမ်းပြည်အရေးဟာ ပိုမိုရှုပ်ထွေးတဲ့ နယ်မြေတခုပါ။

ကျနော်တို့တွေဟာ “မျက်ကန်းမျိုးချစ်”ထက် ကျနော်တို့ လူထုအသိုင်းအဝန်းမှာ မှားယွင်းနေတဲ့ အယူအဆတွေ ကို အတူပူးတွဲပြီး မှားနေတဲ့အရာကို ရဲရဲလက်ခံပြီး လက်တွဲပြုပြင်ပါက ဒီထက်ကောင်းမွန်တဲ့ ပြည်နယ်တခုဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...

“တော်လှန်ရေးဆိုတာ သေနတ်တွေနဲ့ ပစ်နေရုံနဲ့လည်း ပြီးမှာမဟုတ်ဘူး။ တစ်ဖက်ကလည်း နိုင်ငံရေးရှိဖို့ လိုတာပဲလေ။”

0
ပြည်ထောင်စုနိုင်ငံရေးအင်အားစုတွေရဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (Political Coordination Body - PCB) ကနေပြီးတော့ ထုတ်ပြန်လိုက်တဲ့ အချက် (၉) ချက်နဲ့ ပတ်သက်ပြီးတော့ ဒီအဖွဲ့မှာပါဝင်နေတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဌ ဦးစိုင်းညွန့်လွင်ကို သျှမ်းသံတော်ဆင့် မြန်မာပိုင်း အယ်ဒီတာ  နန်းဆိုင်နွမ် ကတွေ့ဆုံမေးမြန်းထားပါတယ်။  ။ နန်းဆိုင်နွံ။ ။ အဓိကကတော့ လက်ရှိ PCB အဖွဲ့ကနေပြီးတော့ ထုတ်ပြန်လိုက်တဲ့...

ယနေ့ … ဈေးနေ့ … ဖြစ်သည်

0
ပတ်ဝန်းကျင်တစ်ခုလုံး နှင်းများအကြား ပိန်းပိတ်နေသည်။ တစ်ယောက်နဲ့ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရပေမယ့် အသံများကိုတော့ ကြားနေရသည်။ အနီးရောက်မှ ဖြတ်ကနဲ ဝင်လာသည့် လူတစ်ယောက်ကို ကျွမ်းကျင်စွာ ရှောင်လိုက်နိုင်သည်။ အားလုံးက ဒီအခြေအနေကို ကျင့်သားရနေကြပြီပဲ ဖြစ်သည်။ မနက် ၃ နာရီခန့်ကတည်းက ဈေးထဲ ရောက်နေပြီ ဖြစ်ကြသည်။ မကြာခင်...

“နိုင်ငံရေးပြဿနာကို စစ်အင်အားနဲ့ပဲ ဖြေရှင်းမယ်ဆိုရင် လမ်းမှားနေပြီ”

0
သျှမ်းသံတော်ဆင့်ကနေပြီးတော့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်အခြေစိုက် ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီ အကျိုးဆောင်အဖွဲ့ ဖြစ်တဲ့ ဥရောပ-မြန်မာရုံး (Euro-Burma Office: EBO) ရဲ့ အမှုဆောင်ဒါရိုက်တာ စဝ်ဟန်ယောင်ဟွေကို ဖိတ်ခေါ်ထားပါတယ်။ စဝ်ဟန်ယောင်ဟွေကတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်နဲ့ သျှမ်းပြည်တပ်မတော် (SSA) ကို စုစည်းတည်ထောင်ခဲ့တဲ့ မဟာဒေဝီ...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

0
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။