နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးနည်းဖြင် ဆက်ဖြေရှင်းမည်ဟု RCSS ပြော

နိုင်ငံရေး ပြဿနာကို တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင်သာ ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု RCSS က ပြောဆိုလိုက်သည်။

RCSS

အဆိုပါ ပြောဆိုမှုသည် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၏ ဗဟိုဌာနချုပ် လွိုင်တိုင်းလျန်း တွင် ဇန်နဝါရီ ၂၆ရက်မှ ဇန်နဝါရီ ၂၈ရက်အထိ နှစ်ပတ်လည်အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။

ထိုအစည်းအဝေးတွင် ဌာနအသီးသီးက တင်ပြသည့် တစ်နှစ်တာ လုပ်ငန်းအစီရင်ခံစားများအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးခြင်း လက်ရှိနိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး အခြေအနေများနှင့် အခြားလုပ်ငန်း အခြေအနေ များအား သုံးသပ်ပြီး ရှေ့လုပ်ငန်းစဥ်များကို ချမှတ်ခဲ့သည်။

ထို့အပြင် ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာ ဖြေရှင်းနိုင်ရေး အတွက် RCSS အနေနဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး နိုင်ငံရေး ပြဿနာကို တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်မှသာ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာ ဖြေရှင်းနိုင်ရေး အတွက် အာဆီယံ အနေဖြင့် အလေးအနက် ထားပြီး ကြားဝင်ဖြေရှင်းပေးနိုင်ရန် လည်း RCSS က တိုက်တွန်းပြောဆိုထားသည်။

ဆက်လက်ပြီး သျှမ်းပြည် အမျိုးသား စည်းလုံးညီညွတ်ရေး ရေရှည်တည်တံ့ ခိုင်မြဲရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ RCSS ထိန်းချုပ်သည့် နယ်မြေအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်း အွန်လိုင်း ငွေကြေး လိမ်လည်ခြင်း (ကျားဖြန့်)ပိတ်ပင်တားဆီးရေး လုပ်ငန်းနှင့် လူကုန်ကူးမှု တားဆီးရေးလုပ်ငန်းတို့ကို ကြိုးပမ်းဆောင်ရွက် သွားမည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည် ၁၅ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံတိုးမြှင့်

0
သျှမ်းပြည် မြို့နယ်ပေါင်း ၁၅ ခုအပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့နယ် ၅၈ ခုတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးရန် ယနေ့ (ဇူလိုင် ၂၁ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ သက်တမ်းတိုးရန်...

တော်လှန်ရေးလမ်းစဉ်မှသည် တရုတ်အလိုတော်ရိဆီသို့ – MNDAA ၏ အာဏာစက်အောက်မှ သျှမ်းပြည်မြောက်ပိုင်း၏ နိုင်ငံရေးနှင့် လူမှုစီးပွားအကျပ်အတည်း

0
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖြစ် တရားဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတရေးပါတီ (MNTJP) အောက်တွင် လှုပ်ရှားနေသော ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် မူလက မြန်မာ့စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်သန်သည့် တော်လှန်ရေးအင်အားစုတရပ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းလျက် ၎င်းတို့၏ အစောပိုင်း ဟောပြောစည်းရုံးမှုများတွင် အမျိုးသားလွတ်မြောက်ရေးကို အလေးပေးဖော်ပြခဲ့သည်။ သို့သော်လည်း ၎င်းတို့၏...

“ပုစ္ဆာအဟောင်းကို နည်းဟောင်းနဲ့ ဆက်သွားနေရင်တော့ ရလဒ်အဟောင်းပဲ ထွက်မယ်။ တွက်နည်းအသစ်နဲ့တော့ ကျနော်တို့ တွက်ရလိမ့်မယ်”

0
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီး ဌာန MOD လက်အောက်မှ နုတ်ထွက်ပြီး SSRY နှင့် SSPDF တို့က သျှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU နှင့် ပူးပေါင်း၍ သျှမ်းပြည်တောင်ပိုင်း အမျိုးသားကာကွယ်ရေးတပ် SSNDF အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ယမန်နှစ် ၂၀၂၅ ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည်တောင်ပိုင်း အမျိုးသားများကာကွယ်ရေးတပ် SSNDF အနေဖြင့် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) တွင် SSNDF B-101, B-102, B-103 နှင့် Drone အဖွဲ့များအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး KNDF ၏စစ်ရေး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...

“တော်လှန်ရေးဆိုတာ သေနတ်တွေနဲ့ ပစ်နေရုံနဲ့လည်း ပြီးမှာမဟုတ်ဘူး။ တစ်ဖက်ကလည်း နိုင်ငံရေးရှိဖို့ လိုတာပဲလေ။”

0
ပြည်ထောင်စုနိုင်ငံရေးအင်အားစုတွေရဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (Political Coordination Body - PCB) ကနေပြီးတော့ ထုတ်ပြန်လိုက်တဲ့ အချက် (၉) ချက်နဲ့ ပတ်သက်ပြီးတော့ ဒီအဖွဲ့မှာပါဝင်နေတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဌ ဦးစိုင်းညွန့်လွင်ကို သျှမ်းသံတော်ဆင့် မြန်မာပိုင်း အယ်ဒီတာ  နန်းဆိုင်နွမ် ကတွေ့ဆုံမေးမြန်းထားပါတယ်။  ။ နန်းဆိုင်နွံ။ ။ အဓိကကတော့ လက်ရှိ PCB အဖွဲ့ကနေပြီးတော့ ထုတ်ပြန်လိုက်တဲ့...