ထိုင်းနိုင်ငံသံရုံး ဗီဇာလျှောက်လွှာကို တစ်ရက်လျှင် လူဦးရေ ၄၀၀ သာလက်ခံမည်

ထိုင်းနိုင်ငံသံရုံးတွင် ဗီဇာလျှောက်ထားခြင်းများနှင့် ပတ်သက်၍ တစ်ရက်လျှင် လူဦးရေ ၄၀၀ သာ လက်ခံတော့မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့ထုတ်ပြန်ချက်ထဲတွင် ဗီဇာလျှောက်ရန် တန်းစီရသည့် စနစ်ကိုကျင့်သုံးမည်ဖြစ်ပြီး တိုကင်နံပါကို ရုံးဖွင့်ချိန်မတိုင်မှီ နံနက် ၈း၃၀ မြန်မာစံတော်ချိန် မှ စတင်ကာ ဗီဇာလာလျှောက်မည့်သူများကို ပေးဝေးမည်ဖြစ်ပြီး၊ တာဝန်ရှိသူများမှ ပတ်စပို့စ်နှင့် သေချာစစ်ဆေးပြီး မှန်ကန်မှသာ ဗီဇာလျှောက်မည့်လူကိုယ်တိုင် တိုကင်ယူပြီး နာမည်စာရင်း ရေးမှတ်ရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါတိုကင်နံပါတ်ကို တစ်ခြားသူထံ လွှဲပြောင်းခြင်း ပြုလုပ်နိုင်မည်မဟုတ်ကြောင်း၊ တိုကင်နံပါတစ်ခုသည် လျှောက်မည့်လူတစ်ဦးအတွက်သာ အသုံးဝင်ကြောင်းသိရသည်။

တိုကင်နံပါတ်ကို အလွဲသုံးစားလုပ်ခြင်း၊ တိုကင်အတုအပ ပြုလုပ်သည်ကို တွေရှိလျှင် ဗီဇာလျှောက်ခွင့်ပိတ်ပြီး Blacklist ထဲမှ မှတ်တမ်းထင်ထားမည်ဖြစ်ကြောင်း သိရသည်။

ဗီဇာလျှောက်လွှာအား ရုံးဖွင့်ချိန် နံနက် ၉ နာရီ မှစတင်ပြီး လက်ခံသွားမည်ဖြစ်ပြီး လျှောက်လွှာမတင်ခင် လျှောက်လွှာတင်မည့်သူနှင့် တိုကင်နာမည်စာရင်းပေးထားသူ၏ ပတ်စပို့စ်နှင့် ကိုက်ညီမှရှိမရှိ စစ်ဆေးပီးမှသာ ဗီဇာလျှောက် လွှာများအားလက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဗီဇာကောင်တာတွင် လျှောက်ပြီးသော တိုကင်နံပါတ်များကို ဗီဇာကောင်တာဝန်ရှိသူများထံ ပြန်ပေးရမည် ဖြစ်ကြောင်း၊ ဗီလျှောက်ထားရာတွင် လိုအပ်သော အချက်များကို ထုန်ပြန်ချက်ထဲတွင် QR code တွင် scan ဖတ်၍စစ်ဆေးနိုင်ရန်ထည့်သွင်းထားသည်။

စာရွက်စာတမ်းအချက်အလက်များ ပြည့်စုံမှုမရှိလျှင် လျှောက်လွှာများအားလက်ခံမည်းမဟုတ်ကြောင်း၊ တိုကင်နံပါတ်များအားပျောက်ဆုံး၊ပျက်စီးလျှင် ထိုင်းသံရုံးမှ ဗီဇာလျှောက်လွှာများကို လက်ခံမည် မဟုတ်ကြောင်း ပြောဆိုထားသည်။

” လူတွေကတော်တော်များတယ်။ သံရုံးရှိတဲ့ မနော်ဟရီလမ်းကနေ တော်ဝင်လမ်းတလျောက် အပြည့်ပါပဲ။ ပြည်ထောင်စုရိပ်သာလမ်းအထိပဲ” ဟု ရန်ကုန်မြို့ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်က ပြောသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁၀ )တွင် စစ်ရေးအဖက်ဖက် ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် လူအင်အားနည်းပါးလာသည့်အတွက်ကြောင့် အသက်ပြည့်ပြီး နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဉပဒေကို စတင်ကျင့်သုံး တော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကိုတော့ ပြည်နယ်နှင့်တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်အထိ ဖွဲ့စည်းပြီး ထိုအဖွဲ့မှတစ်ဆင့် စစ်မှုထမ်းရန် ဆင့်ခေါ်မည်ဖြစ်သည်။

ပြီးခဲ့သည့်(ဖေဖော်ဝါရီ ၁၃)ရက်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ကာကွယ်ရေးဝန်ကြီး ဦးဆောင်မှုဖြင့် စတင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက်တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြည်သူ့စစ်ထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းပြီးခဲ့ကေကြာင်း ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည် ၁၅ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံတိုးမြှင့်

0
သျှမ်းပြည် မြို့နယ်ပေါင်း ၁၅ ခုအပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့နယ် ၅၈ ခုတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးရန် ယနေ့ (ဇူလိုင် ၂၁ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ သက်တမ်းတိုးရန်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တော်လှန်ရေးလမ်းစဉ်မှသည် တရုတ်အလိုတော်ရိဆီသို့ – MNDAA ၏ အာဏာစက်အောက်မှ သျှမ်းပြည်မြောက်ပိုင်း၏ နိုင်ငံရေးနှင့် လူမှုစီးပွားအကျပ်အတည်း

0
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖြစ် တရားဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတရေးပါတီ (MNTJP) အောက်တွင် လှုပ်ရှားနေသော ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် မူလက မြန်မာ့စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်သန်သည့် တော်လှန်ရေးအင်အားစုတရပ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းလျက် ၎င်းတို့၏ အစောပိုင်း ဟောပြောစည်းရုံးမှုများတွင် အမျိုးသားလွတ်မြောက်ရေးကို အလေးပေးဖော်ပြခဲ့သည်။ သို့သော်လည်း ၎င်းတို့၏...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...