သျှမ်းပြောင်းစိုက်တောင်သူများ အရှုံးပေါ် ပြောင်းအစား ပဲစင်းငုံများ အစားထိုးစိုက်ပျိုးလာ

သျှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ကာလေကျေးရွာရှိ ပြောင်းစိုက်သူများသည် ယခုနှစ်တွင် ပြောင်းအစား ပဲစင်းငုံများ အစားထိုးစိုက်ပျိုးမည်ဖြစ်ကြောင်း ပြောင်းစိုက်တောင်သူများထံမှ သိရသည်။

ပြောင်းစိုက်ရာသီတွင် မျိုးစေ့၊ ပိုးသတ်ဆေး နှင့် ဓာတ်မြေဩဇာဈေးနှုန်း မြင့်တက်မှု ကြားမှ စိုက်ပျိုးရသော်လည်း ပြောင်းဈေး တစ်ပိဿလျှင် မြန်မာကျပ်ငွေ ၆၀၀ကျော် သာရသည့် အတွက် နှစ်နှစ်ဆက်တိုက်အရှုံးပေါ်လာသဖြင့် ပြောင်းအစား ပဲစင်းငုံကို ပြောင်းစိုက်နေရကြောင်း ပြောင်းစိုက်တောင်သူများက ပြောသည်။

“ဒီနှစ်တော့ ပြောင်းမစိုက်ကြတော့ဘူး ပဲစင်းငုံတို့ မြေပဲတို့ စိုက်ကြတော့တာ အရင်နှစ်ပြောင်းက အိမ်တိုင်းရှုံးတယ်။ ပြောင်းမျိုးစေ့တွေကို ဝယ်ရတာဈေးကြီးပြီး ပြောင်းပြန်ရောင်းတဲ့ အချိန်ကျတော့ ပြောင်းဈေးကျ ဘယ်သူမှ မခံနိုင်တော့ဘူး ၂နှစ်ရှိပြီ” ဟု ပြောင်းစိုက်တောင်သူ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်၊

ထိုပြောင်းစိုက်တောင်သူသည် တစ်နှစ်လျှင်မြန်မာငွေ သိန်း၁၅၀ခန့် ရင်းနှီးထားရသော်လည်း ပြောင်းထွက်ချိန်တွင် လုပ်အားခနှင့် အချိန် ၊ ကုန်ကျစရိတ် မကာမိသဖြင့် ပြောင်းပြန်လည်စိုက်ပျိုးရန် အခက်ကြုံလာရကြောင်း တောင်သူက ဆိုသည်။

ဆက်လက်ပြီး ကုန်းမုန့်ကျေးရွာ ပြောင်းစိုက်တောင်သူတစ်ဦးကလည်း “အရင်နှစ်ကလည်း မမြတ်ဘူး။ ဒီနှစ်က ရှုံးတောင်ရှုံးတယ်။ ဒီနှစ်တော့ ပဲစင်းငုံပဲပြောင်းစိုက်တော့မယ် သူက တစ်ပိသာ ၅၅၀၀ ရတယ်” ဟု ပြောသည်။

ပြောင်းစိုက်တောင်သူများအနေဖြင့် ပြောင်းတစ်ပိဿလျှင် မြန်မာကျပ်ငွေ ၁၅၀၀ ကျပ်ရမှသာ အဆင်ပြေသောကြောင့် ပြောင်းအစား ပဲစင်းငုံ ပြောင်းစိုက်လာရခြင်းဖြစ်သည်။

သို့သော် ပဲစင်းငုံသည် အချိန်ပေး ၊ ဂရုစိုက်မှသာ အဆင်ပြေသည် အမျိုးအစားဖြစ်သဖြင့် အချိန်ပိုကုန်ကြောင်း သိရသည်။

ပြောင်းများရောင်းချိန်တွင် ပြောင်းဈေးများ ကျသောကြောင့် ပြောင်းစိုက်တောင်သူများအရှုံးပေါ်သော်လည်း ယခု ပြောင်းများပြန်လည်စိုက်ပျိုးချိန်တွင် ပြောင်းဈေး မြန်မာကျပ်ငွေ တစ်ထောင်ကျော်ထိ ပြန်တက်လာကြောင်း ပြောင်းပွဲစား အမျိုးသား တစ်ဦးမှဆိုသည်။

“ရွာကလူတွေပြောင်းမျိုးစေ့ကိုအရင်ကလောက်မဝယ်တော့ဘူး ခါတိုင်း ၁၀ထုတ်စိုက်တဲ့ သူတွေ ဒီနှစ် ၃/၄လောက်ပဲ စိုက်တော့တာ စိုက်ရုံလေး စိုက်တော့တာ ကံစမ်းမဲနှိုက်နေရသလိုပဲ သူများတွေ မစိုက်ရဲတော့ဘူး” ဟု ၎င်း ပြောင်းပွဲစားက ထပ်လောင်းပြောသည်။

သျှမ်းပြည်နယ်တောင်ပိုင်းမှ ထွက်သောပြောင်းများကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပြီး လက်ရှိမှာ ထိုင်းဘတ်ငွေနှင့် တရုတ်ယွမ်ငွေစျေးတက်သော်လည်း ပြောင်းစျေးကွက်က ကမောက်ကမ ဖြစ်နေသေးကြောင်း ပြောင်းတောင်သူများက ပြောဆိုလိုက်သည်။

အလုပ်သင် သတင်းထောက် နန်းလောဝ်ငင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည် ၁၅ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံတိုးမြှင့်

0
သျှမ်းပြည် မြို့နယ်ပေါင်း ၁၅ ခုအပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့နယ် ၅၈ ခုတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးရန် ယနေ့ (ဇူလိုင် ၂၁ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ သက်တမ်းတိုးရန်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တော်လှန်ရေးလမ်းစဉ်မှသည် တရုတ်အလိုတော်ရိဆီသို့ – MNDAA ၏ အာဏာစက်အောက်မှ သျှမ်းပြည်မြောက်ပိုင်း၏ နိုင်ငံရေးနှင့် လူမှုစီးပွားအကျပ်အတည်း

0
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖြစ် တရားဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတရေးပါတီ (MNTJP) အောက်တွင် လှုပ်ရှားနေသော ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် မူလက မြန်မာ့စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်သန်သည့် တော်လှန်ရေးအင်အားစုတရပ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းလျက် ၎င်းတို့၏ အစောပိုင်း ဟောပြောစည်းရုံးမှုများတွင် အမျိုးသားလွတ်မြောက်ရေးကို အလေးပေးဖော်ပြခဲ့သည်။ သို့သော်လည်း ၎င်းတို့၏...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...