Wednesday, January 28, 2026

တောင်ကြီးခရိုင်

မိုးဗြဲမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီ လက်နက်ကြီး မှားပစ်ရာမှ စစ်ကောင်စီ တပ်သား (၅) ဦးသေဆုံး

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့တွင် စစ်ကောင်စီ နှင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ လက်နက်ကြီးမှ နေရာမှားပစ်ခဲ့သည့်အတွက်ကြောင့် စစ်ကောင်စီ (၅) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၈) ရက် နံနက် ၉ နာရီမှ...

ပင်းတယမြို့နယ် ဘုန်းကြီးတစ်ပါး မင်္ဂလာ ပန်းရထားပေါ် ပြုတ်ကျ ခြေထောက်ကျိုး

သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ် ပွေးလှမြို့ ရေဂနိုင်ကျေးရွာ ထီးတင်ပွဲပြုလုပ်ရာ ဘုန်းကြီးတစ်ပါးသည် မင်္ဂလာပန်းရထားပေါ် ပြုတ်ကျရာမှ ခြေထောက်ကျိုးခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်တွင် ပင်းတယမြို့နယ် ရေဂနိုင်ကျေးရွာတွင် ထီးတင်ပွဲပြုလုပ်ရာတွင် ဘုန်းကြီးတပါး မင်္ဂလာပန်းရထားဖြင့် စေတီပေါ်သို့ စီးသွားရာတွင် စေတီမရောက်ခင် ပြုတ်ကျပြီး ခြေထောက်ကျိုးသွားခဲ့ကြောင်း...

ဆိုင်ခန်းများ ဖြိုဖျက်ပျက်စီးခံရပြီးနောက် အလုပ်လက်မဲ့ဖြင့် အိမ်ခန်းငှားခ စရိတ်တွေ အခက်ကြုံနေ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့တွင် စစ်တပ်၏ တပ်ပိုင်နယ်မြေအတွင်း ဆိုင်ခန်းများ ဖြိုဖျက်ခံရပြီးနောက် အလုပ်လက်မဲ့ဖြင့် အိမ်ခန်းငှားခ စရိတ်များ အခက်ကြုံတွေ့နေ ရကြောင်း သိရှိရသည်။ စစ်တပ်သည် ၎င်းတို့၏ တပ်ပိုင်နယ်မြေဟုဆိုပြီး တပ်ပိုင်နယ်မြေအတွင်း ရောက်ရှိသည့် ဆေးတပ်ရင်း၊ အမှတ် (၂၆၂) တပ်ထိန်း၊ စုဆောင်းရေး တပ်ဖွဲ့ရုံး နှင့်...

(PNO/PNA) ပြုလုပ်သည့် စစ်သင်တန်းကို ဒေသခံ လူငယ်များက မလိုလား

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအနီးရှိ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) ပြုလုပ်သော ရပ်ရွာလုံခြုံရေး စစ်သင်တန်းကို ဒေသခံလူငယ်များက သဘောမကျကြောင်း စုံစမ်းသိရှိရသည်။ စစ်အာဏာသိမ်းပြီး ၂၀၂၂ မေလမှ စပြီး ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) က တစ်အိမ်လျှင် ငွေ ၃ သောင်းနှင့် ဆန်တစ်ပြည်ကို တောင်းခံခဲ့ပြီး...

တောင်ကြီးခရိုင် အတွင်း ဓားပြသောင်းကျန်း ပြည်သူများ လုံခြုံမှုမရှိ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် နှင့် ရပ်စောက်မြို့နယ်အတွင်းတွင် ညအချိန်အပြင် နေ့ခင်းပိုင်းမှာလည်း ဓားပြအုပ်စုများ သောင်းကျန်းနေသည့်အတွက် ဒေသခံပြည်သူများက လုံခြုံမှု မရှိဖြစ်နေကြောင်း သတင်း သိရသည်။ ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုအတွင်း ဓားပြအုပ်စု သောင်းကျန်းပြီး ဒေသခံပြည်သူများကို ဓားပြတိုက်ယူနေကြောင်း အမည်မဖော်လိုသူ ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျနော်တို့ သိရသလောက်...

ရွေးကောက်ပွဲမှာ မဲပေးဖို့ အတွက်ဆိုပြီး စစ်ကောင်စီက စစ်ရှောင်ဦးရေ စာရင်းကို လိုက်လံပြုစုနေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဆီဆိုင်မြို့တွင် လာမည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ မဲပေးရန်အတွက် စစ်ကောင်စီက သန်းခေါင်စာရင်း လူဦးရေ ကောက်နေကြောင်း စုံစမ်းသိရှိရသည်။ လာမည့် ၂၀၂၃ ခုနှစ် ရွှေးကောက်ပွဲတွင် စစ်ကောင်စီကို မဲပေးရန်အတွက် ကျေးလက်၊ ရပ်ရွာသူကြီးများ နှင့် စေတနာ့ ဝန်ထမ်းများကို...

စစ်ကောင်စီကို ထောက်ခံရန် လိုက်လံစည်းရုံးနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်တချို့တွင် စစ်ကောင်စီက စစ်ကြောင်း ၅ ကြောင်း နှင့် ပတ်သက်ပြီး ပြည်သူများကို လိုက်လံစည်းရုံးကာ ဟောပြောပွဲ မတက်ရောက်သူများကို ပိုက်ဆံကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ ၂ ရက် မှစပြီး ယခုလကုန်ပိုင်းထိ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်ဦးစီးဌာနများ နှင့်...

ဘာသာရေး အဆောက်အဦး ပြန်ဖွင့်ခွင့်ပေးသော်လည်း အလှူငွေကိစ္စ စိုးရိမ်နေရ ဟုဆို

ဘာသာရေး အဆောက်အဦး များကို ပြန်ဖွင့်ခွင့်ပေးသော်လည်း တောင်ကြီးခရိုင်အတွင်းရှိ စေတီပုထိုးများရှိ အလှူငွေကိစ္စ နှင့် ပတ်သက်ပြီး စိုးရိမ်နေရကြောင်း ဂေါပကများကပြောဆိုလိုက်သည်။ ကမ္ဘာတဝှမ်း ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြောင့် လူသွားလာမှုများသည့်နေရာများကို ပိတ်ဆိုင်းခဲ့ရပြီး၊ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက် မှာ စစ်အစိုးရ က စေတီဘုရားကျောင်းများအပါဝဝင် ဘာသာရေး ကျောင်းအဆောက်အဦးများ၊...

တောင်ကြီးခရိုင် တပ်သားနှင့်အတူနေ မိသားစုဝင်ကြိုတင်မဲ (၃၄၀၀) ကျော်ရှိ

တောင်ကြီးခရိုင်တွင် တပ်မတော်သား နှင့် အတူနေမိသားစုဝင်များ၏ ကြိုတင်မဲပေးမည့်စာရင်း (၃၄၀၀) ကျော် ရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ထံ စုံစမ်းသိရှိရသည်။ တောင်ကြီးခရိုင်တွင် မြို့နယ် (၅) မြို့နယ်ရှိပြီး တပ်မတော်သား နှင့် အတူနေ မိသားစုဝင်များ ကြိုတင်မဲ ပေးမည် ဦးရေ ( ၃၄၄၀) ဦး...

တောင်ကြီးတွင် ကျန်းမာရေးဂိတ်များပြန်ဖွင့်

ကိုဗစ်-၁၉ ပြည်တွင်း ကူးစက်မှု မရှိစေရန် သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီးခရိုင်မှာ ကျန်းမာရေး စစ်ဆေးရေး ဂိတ်များ ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သျှမ်းပြည်အစိုးရထံ မှ စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ဆေးရေးဂိတ်များသည် တောင်လေးလုံး နှင့် ကလောမြို့တွင် သြဂုတ် (၂၄) ရက် နေ့လည်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ “လောလောဆယ်...

Latest news