Tuesday, January 27, 2026

တောင်ကြီးခရိုင် တပ်သားနှင့်အတူနေ မိသားစုဝင်ကြိုတင်မဲ (၃၄၀၀) ကျော်ရှိ

တောင်ကြီးခရိုင်တွင် တပ်မတော်သား နှင့် အတူနေမိသားစုဝင်များ၏ ကြိုတင်မဲပေးမည့်စာရင်း (၃၄၀၀) ကျော် ရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ထံ စုံစမ်းသိရှိရသည်။

တောင်ကြီးခရိုင်တွင် မြို့နယ် (၅) မြို့နယ်ရှိပြီး တပ်မတော်သား နှင့် အတူနေ မိသားစုဝင်များ ကြိုတင်မဲ ပေးမည် ဦးရေ ( ၃၄၄၀) ဦး ရှိကြောင်း တောင်ကြီးခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းရွှေ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ကြိုတင်မဲ အနေနဲ့ တပ်မတော်သား နဲ့ အတူနေ မိသားစုဝင်တွေရဲ့ ကြိုတင်မဲ စာရင်းပဲ ရထားပါတယ်” ဟု ဥက္ကဋ္ဌ ဦးဝင်းရွှေ က ပြောသည်။

အဆိုပါ တပ်သားနှင့် အတူနေမိသားစု ကြိုတင်မဲစာရင်းသည် တောင်ကြီးခရိုင် ရှိ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ကလောမြို့နယ်၊ ရပ်စောက်မြို့နယ် နှင့် ဖယ်ခုံမြို့နယ် တို့ ဖြစ်ကြောင်းသိရသည်။

၂၀၂၀ ပါတီစုံ အထွေထွေ ဒီမိုကရေစီ ရွေးကောက်ပွဲ တွင် တောင်ကြီးခရိုင် အတွင်း မဲဆန္ဒရှင် စုစုပေါင်း (၇၄၈၄၅၁) ဦးရှိပြီး ခရိုင် မဲရုံပေါင်း (၇၂၃) ရုံ ရှိကြောင်းလည်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင် မှစုံစမ်းသိရသည်။

“မဲထည့်မယ့်မဲဆန္ဒရှင် ၇ သိန်းကျော်ထဲမှာ တပ်မတော်သားနဲ့ အတူနေမိသားစုဝင်ရဲ့ စာရင်းပါ သွားပြီ” ဟု ဦးဝင်းရွှေ က ဆိုသည်။

တောင်ကြီးခရိုင်တွင် နိုဝင်ဘာ (၈) ရက်နေ့မှာ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီ စုစုပေါင်း (၁၈) ပါတီရှိပြီး ကိုယ်စားလှယ်လောင်း (၁၂၂ ) ဦး ရှိကြောင်း သိရသည်။

သျှမ်းပြည်တွင် တပ်မတော်သား မဲရုံ စုစုပေါင်း (၇၅) ရုံရှိပြီး ၊ တပ် နှင့် ပြည်သူ မဲရုံပေါင်း (၁၁၄) ရုံ ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသော အမျိုးသမီးတစ်ဦးရုပ်အလောင်းထပ်မံတွေ့ရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်ကြောင့် ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသော အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား ယနေ့ (ဧပြီ ၂)ရက် နေ့ မနက် ၉ နာရီအချိန်တွင် ထပ်မံတွေ့ရှိရကြောင်း ကယ်ဆယ်ရေးလုပ်နေသည့် အဖွဲ့များထံမှ သတင်းရရှိသည်။ ယနေ့ (ဧပြီ ၂)...

တောင်ကြီးခရိုင် စစ်ကောင်စီမှခေါ်ဆောင်ခံရသည့် စစ်မှုထမ်းလူငယ်များ ရှေ့တန်းတွင်သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စစ်ကောင်စီမှ စစ်မှုထမ်းရန် အတွက် ခေါ်ဆောင်ခံရသည့် လူငယ်များ ရှေ့တန်းတွင် သေဆုံးမှုများရှိနေကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ထိုသူများသည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်များမှ စစ်မှုထမ်း အပတ်စဉ် (၅) နှင့် (၆) အတွက် စစ်မှုထမ်းခေါ်ဆောင်ခံသွားရသည့် လူငယ်များဖြစ်ကြသည်။ ဇန်နဝါရီလ (၅) ရက်မှ (၁၀)...

အွန်လိုင်း ကနေ တရားမဝင် မြေကွက်ရောင်းချနေမှုကို ထွေအုပ်ရုံးမှ အသိပေးတားမြစ်

0
သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင် အတွင်းတွင် အွန်လိုင်းမှတဆင့် တရားမဝင်မြေကွက် ရောင်းချနေသူများကို ထွေအုပ်ရုံးမှ အသိပေးစာထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်ကတည်း တောင်ကြီးခရိုင် ကျောက်တစ်လုံးကြီးမြို့ နောင်ကား၊ နောင်ရွေးဖက်တွင် မြေကွက်များကို ဈေးသက်သာစွာဖြင့် အွန်လိုင်းကနေရောင်းချနေသူများကို မြေယာဥပဒေနှင့်အညီ ခွင့်ပြုချက်ရရှိရေး တင်ပြဆောင်ရွက်ကြရန်နှင့် ထိုသို့ မလိုက်နာသည့်သူများကို တည်ဆဲဥပဒေအရ...

လွိုင်လင်ခရိုင်နှင့် တောင်ကြီးခရိုင်အတွင်း စက်သုံးဆီပြတ်လပ် ထောက်ခံစာဖြင့်သာဝယ်နေရ

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်နှင့် တောင်ကြီးခရိုင်တို့ဘက်တွင် စက်သုံးဆီများပြတ်လပ်နေပြီး ထောက်ခံစာဖြင့်ဝယ်နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၃၁)ရက် ညနေပိုင်းတွင် စက်သုံးဆီရောင်းချနေသည့် ဆိုင်ကြီးများတွင် တန်းစီပြီး ထောက်ခံစာဖပါလာသည့် သူများကိုသာ ရောင်းချပေးနေကြောင်း တောင်ကြီးမြို့နယ် မှ ဒေသခံ အမျိုးသမီးတစ်ဦး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။ ‘’၂ပိဿာပုံးနဲ့သွားဝယ်တာတောင် ထောက်ခံစာပါမှ ရောင်းပေးတာ ။ အိမ်က...

တောင်ကြီးခရိုင်ရှိ ဝန်ထမ်းအားလုံး စစ်တပ်အရန် အင်အား ဖွဲ့စည်းရန် ညွှန်ကြားစာ ထွက်လာ

0
သျှမ်းပြည် တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များမှ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ အားလုံး စစ်တပ်အရန်အင်အား အဖြစ် တပ်ရင်းအသွင် ဖွဲ့စည်းကြရန် ညွှန်ကြားစာ ထုတ်ပြန်လာကြောင်း သတင်းရရှိသည်။ . ယခု သြဂုတ် ၉ ရက်စွဲဖြင့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများအားလုံးကို စစ်တပ်၏ အရန် အင်အား အဖြစ်...