ဘာသာရေး အဆောက်အဦး ပြန်ဖွင့်ခွင့်ပေးသော်လည်း အလှူငွေကိစ္စ စိုးရိမ်နေရ ဟုဆို

ဘာသာရေး အဆောက်အဦး များကို ပြန်ဖွင့်ခွင့်ပေးသော်လည်း တောင်ကြီးခရိုင်အတွင်းရှိ စေတီပုထိုးများရှိ အလှူငွေကိစ္စ နှင့် ပတ်သက်ပြီး စိုးရိမ်နေရကြောင်း ဂေါပကများကပြောဆိုလိုက်သည်။

ကမ္ဘာတဝှမ်း ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြောင့် လူသွားလာမှုများသည့်နေရာများကို ပိတ်ဆိုင်းခဲ့ရပြီး၊ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက် မှာ စစ်အစိုးရ က စေတီဘုရားကျောင်းများအပါဝဝင် ဘာသာရေး ကျောင်းအဆောက်အဦးများ၊ အနားယူသည့်နေရာများကို ပြန်လည်ဖွင့်ခွင့်ပေးခဲ့သည်။

ထို့အပြင် စစ်ကောင်စီ မှ စေတီပုထိုး၏ အလှူငွေများကို ချေးယူမည်ဖြစ်ပြီး အတိုးနှုန်းဖြင့် ပြန်ဆပ်သွားမည် ဟုသတင်းထွက်ပေါ်ခဲ့သည်

ထိုသတင်းနှင့်အတူ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်မှ စေတီပုထိုးကျောင်းတကျောင်းမှ ဂါပက တဦးက “ ရှင်းရှင်းပြော ရရင်တော့ ကျနော်တို့တွေလည်း စိုးရိမ်းတာပေါ့။ ညဆိုရင်လည်း လုံခြုံးရေးတွေကို အရင်ထက်ပိုပြီး စောင့်ရတယ်။ ညဆိုရင်လည်း မပြန်ဘဲ ဒီမှာအိပ်ကြတယ်။ တယောက်တလှည်စီးစောင့်နေကြရတယ်” ဟု သျှမ်းသံတော်ဆင့် က ပြောသည်။

ဘာသာရေး အဆောက်အဦးကို စစ်အစိုးရ က ပြန်ဖွင့်ခိုင်းသော်လည်း လာရောက်လည်ပတ်သူတဦးမျှမရှိကြောင်းလည်း သိရသည်။

“ ကိုဗစ် ကာလတုန်းက လည်တဲ့သူတွေကရှိသေးတယ်။ ခုကတော့ မရှိတော့ဘူး။ မရှိတော့တဲ့ အတွက်လည်း ဘုရားရဲ့ ရန်ပုံငွေတွေကမရတော့ဘူး။ ပြုပြင်ချင်တာတွေကို လည်မလုပ်နိုင်တော့ဘူး” ဟု တောင်ကြီးရှိ နာမည်ကြီး ဘုရား၏ နာယက တဦးက ပြောသည်။

အဆိုပါ အာဏာသိမ်းစစ်ကောင်စီက ဘုရားကျောင်းများကို ပြန်လည်ဖွင့်ခွင် ပေးသည့်အပေါ်တွင် မကောင်းသော အကြံတစ်ခုဖြစ်ကြောင်း လာရောက်လည်ပတ်သူက ပြောသည်။

“ သူတို့ဖွင့်ခွင့်ပေးတာတော့ မရိုးသားဘူးလို့ဘဲမြင်ပါတယ်။ တချို့ ဘုန်းကြီးကျောင်းတွေမှာဆို ပိုက်ဆံတွေဝင်ယူနေတယ် လို့ကြားရတယ်လေ။ လူလာလည်ရင် အလှူငွေထည့်မယ် ပြီးရင်သူတို့လာယူသွားမယ်။ အဲလိုဖြစ်မှာဆိုလို့ ကျနော်တို့ကတော့ အလှူငွေတော့ မထည့်ဖြစ်တော့ဘူး” ဟု တောင်ကြီးဒေသခံ တဦးက ပြောသည်။

မြန်မာတဝှမ်း ဖေဖော်ဝါရီ ၁ရက်မှ စတင်ကာ စစ်အာဏာသိမ်း ကောင်စီကို ဆန့်ကျင်လာခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်ပြီး၊ စစ်ကောင်စီ အစိုးရ က ဆန္ဒထုတ်ဖော်ပြည်သူများကို အကြမ်းဖက် သေနတ်ပစ်ပြီး ဖြိုခွင်းမှု ပြုလုပ်သဖြင့် သေဆုံးသူ( ၆၀)နီးပါးရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတ လာအိုခရီးစဉ်အပြီး မြန်မာ-လာအိုနယ်စပ်ဂိတ် ပြန်ဖွင့်

0
စစ်အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် ၃ ရက်ကြာသွားပြီးနောက် မြန်မာ-လာအိုနယ်စပ် ရေကြောင်းဖြတ်သန်းမှုကို (ဇူလိုင် ၁၆ ရက်)တွင် တရားဝင် ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ စစ်အာဏာသိမ်း သမ္မတ...

ဘိန်းစိမ်း ဈေးနှုန်း ကျဆင်းလာမှုကြောင့် တောင်ကြီးခရိုင်အတွင်း ကော်ဖီအစားထိုး စိုက်ပျိုးမှုတွေရှိလာ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံး၊ ဆီဆိုင် နှင့် ပင်လောင်းဘက်တွင် ဘိန်းစိမ်း စျေးနှုန်း ကျဆင်းလာမှုကြောင့်   ကော်ဖီအစားထိုး စိုက်ပျိုးမှုများ ရှိလာကြောင်း သိရသည်။ ထိုသို့ ကော်ဖီပင်များစိုက်ပျိုးသူများလာသော်လည်း အချို့သော နေအိမ်များတွင် သက်ကြီးရွယ်အိုများသာ ကျန်ရှိသောကြောင့် သီးနှံများ စိုက်ပျိုးနိုင်သူ နည်းလာကြောင်း ဟိုပုံးဒေသခံအမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  “ဘိန်းစိမ်းက ဈေးမရဘူး။ကုန်ကြမ်းဆို...

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

နိုင်ငံတကာအသိအမှတ်ပြုမှုအတွက် ဦးမင်းအောင်လှိုင် တရုတ်ခရီးစဉ်စတင်

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ (၅) ရက်ကြာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ (ဇွန်လ ၁၅ ရက်) တွင် တရုတ်နိုင်ငံသို့ စတင်ထွက်ခွာပြီ ဖြစ်ကြောင်း သိရသည်။  ယခုခရီးစဉ်သည် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဒေသတွင်း အင်အားကြီးနိုင်ငံများထံမှ သံတမန်ရေးရာ...

နိုင်ငံရေးမတည်ငြိမ်တည့်ကြား ရေအားလျှပ်စစ် ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် စစ်တပ်ဖိတ်ခေါ်

0
မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေပြီး နိုင်ငံရေးအရ မတည်ငြိမ်မှုများ ကြုံတွေ့နေရသော်လည်း အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က နိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုဝင်ဝင်ရောက်လာစေရန် ပြောကြားလိုက်သည်။ ယမန်နေ့ (ဇွန်လ ၉ ရက်) က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း...