Friday, April 26, 2024

မိုးဗြဲမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီ လက်နက်ကြီး မှားပစ်ရာမှ စစ်ကောင်စီ တပ်သား (၅) ဦးသေဆုံး

Must read

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့တွင် စစ်ကောင်စီ နှင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ လက်နက်ကြီးမှ နေရာမှားပစ်ခဲ့သည့်အတွက်ကြောင့် စစ်ကောင်စီ (၅) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ယမန်နေ့ (ဖေဖော်ဝါရီ ၈) ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၄ နာရီကျော်ထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဆွဲထားသည့် ဝါရီဆူးပလိုင်းကျေးရွာမှ လက်နက်ကြီး (၃) လုံး ပစ်ခတ်ခဲ့ရာ မိုးဗြဲမြို့ စက်တော်ရာတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ပေါ် ကျရောက်ခဲ့ပြီး (၅) ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုလက်နက်ကြီး ၃ လုံးကြောင့် စစ်ကောင်စီ (၅) ဦး သေဆုံးသွားသည့်အပြင် အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်တွင်လည်း ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ကြောင်း သိရသည်။

“ သူတို့က ဝါရီဆူးပလိုင်းဘက်ကနေ လက်နက်ကြီးပစ်ခဲ့တာ။ ဖြစ်ချင်တော့ ဒီဘက်က သူတို့အဖွဲ့တပ်စွဲထားတဲ့ စက်တော်ရာ တောင်ပေါ်ပြန်ကျတော့ သူတို့လူပဲ သေသွားတာ။ ၅ ယောက်သေပြီးတော့ ဒဏ်ရာ ရတဲ့သူအများ ပဲရှိတယ်။ ကျနော်တို့ဘက်ကလည်း ဒဏ်ရာရရှိခဲ့သူတွေလည်းပါတယ်” ဟု မိုးဗြဲမြို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဖယ်ခုံ စစ်ကောင်စီတပ်၊ မိုးဗြဲ ခမရ (၄၂၂) တပ် တို့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MBPDF), KNDFB -03 , လွိုင်ကော် PDF တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့သည်။

ယနေ့ အချိန်ထိ မိုးဗြဲမြို့ထဲတွင် စစ်ရေးတင်းမာနေလျက်ရှိကြောင်း သိရသည်။

အလားတူ စစ်ကောင်စီက မိုးဗြဲမြို့ ကျေးရွာဘက်တွင် စစ်အင်အားတွေ ဖြည့်တင်းလာသည့်အတွက်ကြောင့် ဒေသခံ ကျေးရွာပြည်သူတစ်ချို့က ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article