Wednesday, January 28, 2026

တောင်ကြီးခရိုင်

ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသော အမျိုးသမီးတစ်ဦးရုပ်အလောင်းထပ်မံတွေ့ရှိ

သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်ကြောင့် ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသော အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား ယနေ့ (ဧပြီ ၂)ရက် နေ့ မနက် ၉ နာရီအချိန်တွင် ထပ်မံတွေ့ရှိရကြောင်း ကယ်ဆယ်ရေးလုပ်နေသည့် အဖွဲ့များထံမှ သတင်းရရှိသည်။ ယနေ့ (ဧပြီ ၂)...

တောင်ကြီးခရိုင် စစ်ကောင်စီမှခေါ်ဆောင်ခံရသည့် စစ်မှုထမ်းလူငယ်များ ရှေ့တန်းတွင်သေဆုံး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စစ်ကောင်စီမှ စစ်မှုထမ်းရန် အတွက် ခေါ်ဆောင်ခံရသည့် လူငယ်များ ရှေ့တန်းတွင် သေဆုံးမှုများရှိနေကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ထိုသူများသည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်များမှ စစ်မှုထမ်း အပတ်စဉ် (၅) နှင့် (၆) အတွက် စစ်မှုထမ်းခေါ်ဆောင်ခံသွားရသည့် လူငယ်များဖြစ်ကြသည်။ ဇန်နဝါရီလ (၅) ရက်မှ (၁၀)...

အွန်လိုင်း ကနေ တရားမဝင် မြေကွက်ရောင်းချနေမှုကို ထွေအုပ်ရုံးမှ အသိပေးတားမြစ်

သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင် အတွင်းတွင် အွန်လိုင်းမှတဆင့် တရားမဝင်မြေကွက် ရောင်းချနေသူများကို ထွေအုပ်ရုံးမှ အသိပေးစာထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်ကတည်း တောင်ကြီးခရိုင် ကျောက်တစ်လုံးကြီးမြို့ နောင်ကား၊ နောင်ရွေးဖက်တွင် မြေကွက်များကို ဈေးသက်သာစွာဖြင့် အွန်လိုင်းကနေရောင်းချနေသူများကို မြေယာဥပဒေနှင့်အညီ ခွင့်ပြုချက်ရရှိရေး တင်ပြဆောင်ရွက်ကြရန်နှင့် ထိုသို့ မလိုက်နာသည့်သူများကို တည်ဆဲဥပဒေအရ...

လွိုင်လင်ခရိုင်နှင့် တောင်ကြီးခရိုင်အတွင်း စက်သုံးဆီပြတ်လပ် ထောက်ခံစာဖြင့်သာဝယ်နေရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်နှင့် တောင်ကြီးခရိုင်တို့ဘက်တွင် စက်သုံးဆီများပြတ်လပ်နေပြီး ထောက်ခံစာဖြင့်ဝယ်နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၃၁)ရက် ညနေပိုင်းတွင် စက်သုံးဆီရောင်းချနေသည့် ဆိုင်ကြီးများတွင် တန်းစီပြီး ထောက်ခံစာဖပါလာသည့် သူများကိုသာ ရောင်းချပေးနေကြောင်း တောင်ကြီးမြို့နယ် မှ ဒေသခံ အမျိုးသမီးတစ်ဦး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။ ‘’၂ပိဿာပုံးနဲ့သွားဝယ်တာတောင် ထောက်ခံစာပါမှ ရောင်းပေးတာ ။ အိမ်က...

တောင်ကြီးခရိုင်ရှိ ဝန်ထမ်းအားလုံး စစ်တပ်အရန် အင်အား ဖွဲ့စည်းရန် ညွှန်ကြားစာ ထွက်လာ

သျှမ်းပြည် တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များမှ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ အားလုံး စစ်တပ်အရန်အင်အား အဖြစ် တပ်ရင်းအသွင် ဖွဲ့စည်းကြရန် ညွှန်ကြားစာ ထုတ်ပြန်လာကြောင်း သတင်းရရှိသည်။ . ယခု သြဂုတ် ၉ ရက်စွဲဖြင့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများအားလုံးကို စစ်တပ်၏ အရန် အင်အား အဖြစ်...

တစ်ပတ်အတွင်း တောင်ကြီးခရိုင် လူငယ် ၁၅ ဦးထက်မနည်း စစ်ကောင်စီ ဖမ်းဆီး

သျှမ်းပြည် တောင်ကြီးခရိုင်ရှိ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ် နှင့် ရပ်စောက်မြို့နယ်တို့မှ ဒေသခံ လူငယ် ၁၅ ဦးထက်မနည်းကို တော်လှန်ရေး နှင့် ပတ်သက်သည်ဟုဆိုပြီး စစ်ကောင်စီက လာရောက် ဖမ်းဆီးခြင်းဖြစ် ကြောင်း သတင်းရရှိသည်။ . ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်မှ ၇ ရက်အထိ ဒေသအတွင်းမှ...

ညောင်ရွှေမြို့နယ် လူငယ်တစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီး

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် နမ့်ပန်ကျေးရွာအုပ်စုအတွင်း နေထိုင်သည့် လူငယ်တစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဧပြီလ ၃ ရက်) ညသန်းခေါင်အချိန်၌ ညောင်ရွှေမြို့နယ် နမ့်ပန်ကျေးရွာအုပ်စု ပေါက်ပါးရပ်ကွက်အတွင်း နေထိုင်သည့် အသက် ၂၆ နှစ် အရွယ်ရှိ ကိုအောင်ငွေတိုးအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့...

မိုးရွာသွန်းရာကနေ မိုးသီးတွေ ပါကျသောကြောင့် နေအိမ်များ ပျက်စီး

သျှမ်းပြည် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ်အတွင်း ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၅ နာရီမှစပြီး မိုးသည်းထန်စွာ ရွာသွန်းချိန် မိုးသီးများပါကျသောကြောင့် နေအိမ် အများအပြား ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက်အစောပိုင်း ၅ နာရီမှစပြီး ရပ်စောက်မြို့နယ်...

ရွာငံမြို့နယ်တွင်း နှမ်းဈေးကျ

သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ်အတွင်း နှမ်းစိုက်ပျိုးသူများအတွက် ယခုနှစ်အတွင်း ဈေးနှုန်းမရှိကြောင်း စုံစမ်းသိရှိရသည်။ ယခင်နှစ် နှမ်း တစ်ပိဿလျှင် မြန်မာကျပ်ငွေ (၁၂,၀၀၀) ကျပ် ထိရရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်ထိ တစ်ပိဿလျှင် မြန်မာကျပ်ငွေ (၄,၅၀၀) ကျပ် ထိသာ ရရှိတော့ကြောင်း သိရသည်။ “ အရင်နှစ်တွေက တစ်ပိဿကို...

မိုးဗြဲမြို့ စစ်ဘေးရှောင် စခန်းများ ရေခက်ခဲမှုကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွား

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အတွင်း စစ်ဘေးရှောင် စခန်းများတွင် ရေများရှားပါးမှုကြောင့် ဝမ်းပျက်ဝမ်းလျှောများ ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။ ယခု နွေဦးကာလအတွင်းတွင် ရာသီဥတု ပြောင်းလဲမှု နှင့် ရေများရှားပါးမှုကြောင့် ဝမ်းလျှောမှုများ ဖြစ်ပွားနေကြောင်း သိရသည်။ “ အစတော့ ရာသီဥတုကြောင့်ဖြစ်တာ ထင်နေတာ။ ဒါမှမဟုတ် ကျနော်တို့ စစ်ဘေးရှောင်တွေ...

Latest news