တောင်ကြီးခရိုင် အတွင်း ဓားပြသောင်းကျန်း ပြည်သူများ လုံခြုံမှုမရှိ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် နှင့် ရပ်စောက်မြို့နယ်အတွင်းတွင် ညအချိန်အပြင် နေ့ခင်းပိုင်းမှာလည်း ဓားပြအုပ်စုများ သောင်းကျန်းနေသည့်အတွက် ဒေသခံပြည်သူများက လုံခြုံမှု မရှိဖြစ်နေကြောင်း သတင်း သိရသည်။

ရပ်စောက်မြို့

ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုအတွင်း ဓားပြအုပ်စု သောင်းကျန်းပြီး ဒေသခံပြည်သူများကို ဓားပြတိုက်ယူနေကြောင်း အမည်မဖော်လိုသူ ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ သိရသလောက် ဓားပြအုပ်စုထဲမှာ တောင်ချွန်ရွာက တစ်ယောက်၊ အရှေ့မြို့ရိုးရွာက တစ်ယောက်နဲ့ တခြားရွာက လူတွေပေါင်းပြီး အုပ်စုဖွဲ့ ဓားပြတိုက်နေတယ်။ သူတို့ ကိုင်တဲ့ သေနတ်ကိုလည်း PNO က ထုတ်ပေး ထားတယ်လို့ သိရတယ်၊ နေ့ခင်းလည်း ဓားပြဝင်တာရှိတယ်၊ အခု ဒီကျေးရွာအုပ်စု အတွင်းနဲ့ အနီးနားက ရွာတွေ ဓားပြတိုက်ခံရတာ ၅/၆ ကြိမ်လောက်ရှိပြီ” ဟု ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုမှ ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဓားပြအဖွဲ့သည် လူဦးရေ ၁၀ ဦး ဝန်းကျင်ရှိနေပြီး သေနတ်အတို အရှည်ကိုင်ဆောင်ထားကြောင်း နှင့် ၎င်းတို့ ဓားပြတိုက်မှုကို ခံရသည့် ဒေသခံရွာသား နေအိမ်ပေါင်း ၆ အိမ် ဝန်းကျင်ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင် ထီးစံကုန်းရွာမှ နေအိမ်တစ်လုံးတွင် အသက် ၆၀ ကျော် အမျိုးသားတစ်ဦးတည်း အိမ်မှာရှိနေချိန်၌ ဓားပြအုပ်စုမှ ရောက်လာပြီး လက်ထိပ်ခတ် ဓားပြတိုက်ယူ သွားသည့်အတွက် ငွေကျပ်သိန်း ၃၀ နီးပါး ဆုံးရှုံးသွားကြောင်း အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ထီးစံကုန်းရွာမှာ အိမ်စောင့်အဖိုး တစ်ယောက်တည်း ရှိနေချိန် ဓားပြအုပ်စုက လာပြီး အဖိုးကို လက်ထိပ်ခတ်တယ်၊ သေနတ်တချက် ပစ်ဖောက်ပြီး အိမ်တွင်းပစ္စည်းတွေအကုန် ဓားပြတိုက်ယူသွားတယ်၊ သိန်း ၃၀ လောက် ဆုံးသွားတယ်၊ ထီးစံကုန်းရွာ ကဆိုရင် ၃ အိမ် တောင်ရှိပြီ၊ လက်နက်နဲ့ဆိုတော့ ရွာသားတွေ ဘာမှမတတ်နိုင်ကြဘူး၊ ခုတခေါက်နဲ့ဆိုရင် ထီးစံကုန်းရွာမှာ ဓားပြတိုက်ခံရတာ ၃ အိမ်ရှိပြီ” ဟု ၎င်းက ပြောသည်။

ရပ်စောက်မြို့နယ်အတွင်းမှ သမိုင်းကုန်းရွာ၊ လှဲတိုးရွာ၊ အောင်ချမ်းသာရွာ နှင့် ထီးစံကုန်းရွာတို့မှ ပြည်သူများ ဓားပြတိုက်ခံနေရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက မည်သည့် နှိမ်နှင်းမှုမှ မရှိသည့်အတွက် လုံခြုံမှု ကင်းမဲ့နေကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

ထို့အပြင် ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းအချိန် တောင်ကြီးမြို့ရှိ တောင်ချွန်းတောင်တက် လမ်းတွင်လည်း တောင်တက် လမ်းလျှောက်ထွက်သည့် အမျိုးသမီးငယ် အုပ်စုကို အမည်မသိ အမျိုးသား နှစ်ဦးမှ ဓားထောက်ပြီး လုယက်သည့် ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်ချွန်းတောင်တက်လမ်းသည် မနက်ပိုင်း နှင့် ညနေခင်းအချိန်များတွင် အများပြည်သူများ ကျန်းမာရေးအတွက် တောင်တက်လမ်းလျှောက်ရာ နေရာဖြစ်ခဲ့ပြီး ယခု စစ်အာဏာသိမ်းပြီးနောက်ပိုင်း၌ ခိုးဆိုး လုယက်သူများ ပေါများလာပြီး တောင်တက်သူများအတွက် လုံခြုံမှုမရှိကြောင်း အထက်ပါအမျိုးသမီးငယ်က ဆက်ပြောသည်။

“ပြောချင်တာ က ဖြစ်နိုင်ရင် တောင်ချွန်းဘက် မသွား ကြပါနဲ့ safe လည်း မဖြစ်သလို တခုခု ဖြစ်သွားရင် ဘာမှလည်း လုပ်လို့ မရတော့တဲ့ အခြေနေပါ ညီမ တို့လည်း မသိတော့ သွားမိသွားတယ်၊ သင်ခန်းစာလည်း တော်တော်ရလိုက်ပါတယ် ပစ္စည်းဆုံးပေမဲ့ လူဘာမှ မဖြစ်သွားတာပဲ ကံကောင်းတယ် ပြောရမယ်” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်မြို့တော် တောင်ကြီး အပါအဝင် မြို့ကြီးများဖြစ်သည့် လားရှိုးမြို့ ၊ ကျိုင်းတုံမြို့အပြင် နယ်မြို့များလည်း လောင်းကစားဝိုင်းများ နေ့စဉ်ရက်ဆက် တိုးများလာနေပြီး ခိုးဆိုးလုယက်မှုများလည်း တိုးလာကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

ယင်းကဲ့သို့ လောင်းကစားဝိုင်း နှင့် ခိုးဆိုးလုယက်မှုများ များပြားလာသော်လည်း တာဝန်ရှိသည့် ရဲ နှင့် လုံခြုံရေးပိုင်းဆိုင်ရာ ဝာာဝန်ရှိသူများက အဆိုပါ ခိုးဆိုးလုယက် ကျူးလွန်သူများကို အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် လုံခြုံရေး ကင်းမဲ့နေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...