Tuesday, January 27, 2026

စစ်ကောင်စီကို ထောက်ခံရန် လိုက်လံစည်းရုံးနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်တချို့တွင် စစ်ကောင်စီက စစ်ကြောင်း ၅ ကြောင်း နှင့် ပတ်သက်ပြီး ပြည်သူများကို လိုက်လံစည်းရုံးကာ ဟောပြောပွဲ မတက်ရောက်သူများကို ပိုက်ဆံကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။

စက်တင်ဘာ ၂ ရက် မှစပြီး ယခုလကုန်ပိုင်းထိ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်ဦးစီးဌာနများ နှင့် ရဲတပ်ဖွဲ့များ က လုံခြုံရေး၊ တရားဉပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး နှင့် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းဟူ၍ ခေါင်းစဉ် တပ်ပြီး ရွာငံ၊ ပင်းတယ၊ ညောင်ရွှေ၊ ရပ်စောက် စသည့် မြို့နယ်၏ ကျေးရွာဒေသများမှာ စစ်ကောင်စီကို ထောက်ခံပေးရန် လိုက်လံဟောပြောပွဲ စည်းရုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီကို ထောက်ခံရန် လိုက်လံစည်းရုံးနေစဥ်

ဟောပြောပွဲကို တစ်အိမ် တယောက် တက်ရောက်ရပြီး မတက်ရောက်နိုင်သူများရှိပါက ပိုက်ဆံ ကျပ်ငွေ (၅,၀၀၀) အထက်ကို လူအစားထိုးအဖြစ်ကောက်ခံကြောင်း အဆိုပါ ဟောပြောပွဲကိုလည်း စစ်ကောင်စီမှ အတင်းကြပ်ပြုလုပ် နေကြောင်း ရွာငံဒေသခံ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုက သူတို့ မြို့နယ်အလိုက် တောက်လျောက်လုပ်နေတာ။ ဟောပြောပွဲ တစ်အိမ်တစ်ယောက် တက်ရမယ်၊ မတက်နိုင်တဲ့သူကို လူအစား ပိုက်ဆံပေးရတယ်။ ဒါက မဖြစ်သင့်တဲ့ကိစ္စကို အတင်းကြပ် လုပ်ယူပြီး၊ ပြည်သူရဲ့ စိတ်သဘောဆန္ဒလည်းမပါဘူး “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကြောင်း ၅ ကြောင်းနှင့် ပတ်သက်ပြီး ဉပဒေ စိုးမိုးရေးအတွက် လာမည့် (၂၀၂၃) ခုနှစ် ရွေးကောက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ကို ထောက်ခံရန် လိုက်လံဟောပြောစည်းရုံးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

0
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း...

ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူ နည်းပါး

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးသူ နည်းပါးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ၌ ကျေးသီးမြို့နယ်မှ ဆန္ဒမဲပေးသူ နည်းပါးခြင်းကြောင့် ရပ်ကွက်အတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဆန္ဒမဲထည့်ရန် လိုက်လံဆော်သြခဲ့ရကြောင်း ကျေးသီးမြို့နယ်...

မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ လူစိတ်ဝင်စားမှုမရှိ၊ မဲတိုကင်ကတ်များကို အိမ်ထိ လိုက်ပေးနေ

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို လူထုစိတ်မဝင်စားဘဲ မဲတုံကင်ကတ်များကို အိမ်တိုင်ရာရောက် လိုက်ဝေပေးနေရကြောင်း စုံစမ်းသိရသည်။ လာမည့် (ဇန်နဝါရီလ ၂၅ ရက်)တွင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်လည်း ပါဝင်ပါသည်။ မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းကို လူထု...