တိုက်ပွဲ

ပင်လောင်းမြို့နယ်အတွင်း သီတင်းတစ်ပတ်ကျော်ကြာ တိုက်ပွဲဆက်ဖြစ်နေ

စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်နှင့် နီးကပ်သော ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ သီတင်းတစ်ပတ်ကျော်ရှိလာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဆောင်းပြောင်းရွာ အနောက်ဘက် ဘုရားတေောင်ခြ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းအဖွဲ့ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDFနှင့် ပူးပေါင်းအဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က မေလ...

နောင်ချို စစ်ကောင်စီတပ်က လေကြောင်းဖိအားပေး ဗုံးကြဲမှုကြောင့် TNLA တပ်စခန်းတစ်ခု လက်လွှတ်ရ

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် သရက်ချိုကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားလျက်ပြီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဖိအားပေး ဗုံးကြဲတိုက်ခိုက်နေသောကြောင့် TNLA ဘက်မှ တပ်စခန်းတချို့ လက်လွှတ်ခဲ့ရသည်ဟု စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၃ ရက်) အထိ နောင်ချိုမြို့နယ် နောင်တောကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့်...

ပင်လောင်းမြို့နယ် တိုက်ပွဲကြောင့် အိမ်ခြေတစ်ထောင်ကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲများကြောင့် အိမ်ခြေတစ်ထောင်ကျော် အတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများ အကူညီလိုအပ်နေကြောင်းစုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေး အင်အားစုတို့ ပြီးခဲ့သည့် မေလ (၁၇)ရက်မှစ၍ တိုက်ပွဲများပြင်းထန်ခဲ့ပြီး၊ တိုင်ပွဲများကြောင့် ဆောင်းပြောင်းကျေးရွာရှိ အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိ ဒေသခံများ...

လားရှိုးမြို့မှ ဆုတ်ခွါရသည့် ကိုးကန့် MNDAA တပ်က စကစ စစ်သုံ့ပန်းများအား ပြန်လွှတ်ပေး

လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်စဉ်က ဖမ်းဆီးရမိသည့် စစ်ကောင်စီ အရာရှိကြီးငယ် သုံ့ပန်းများအား ကိုးကန့် MNDAA က ပြန်လည် လွှတ်ပေးနေကြောင်း စုံစမ်းသိရသည်။ တရုတ်ဖိအားကြောင့် လားရှိုးမြို့ပေါ်မှ တပ်ဆုတ်ပြီး တစ်လမပြည့်မီ သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည့် စစ်ကောင်စီသုံ့ပန်း များကို အသုတ်လိုက်ခွဲပြီး ပြန်လွှတ်ပေးနေကြောင်း သံချပ်ကာ တပ်ရင်း၊ ခလရ...

မိုးဗြဲတွင် တိုက်ပွဲပြင်းထန်နေ၊ စစ်ရှောင်များအတွက် မိုးကာများလိုအပ်နေ

တိုက်ပွဲပြင်းထန်နေသည့် သျှမ်း-ကရင်နီနယ်စပ် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် အမိုးအကာများ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ကရင်နီပြည် တွင် စစ်ကောင်စီနှင့် တော်လှန်ရေ အင်အားစုတို့ ကြား လွန်ခဲ့သည့် ၂၀၂၃ခုနစ် ၁၁ရက် ၁၁လ ပိုင်း “၁၁.၁၁”...

ညောင်ရွှေမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ညောင်လေးပင် ကျေးရွာနှင့် ရေပူကျေးရွာဖက်တွင် ပအိုဝ်းပြည်သူ့စစ်(PNO) နှင့် တော်လှန်ရေး အင်အားစုတို့ တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီဘက်မှအပစ်ခတ်ရပ်စဲရေး ကို မေ ၃၁ရက် အထိ ထပ်မံတိုးထားသော်လည်း အင်းလေးဒေသဘက်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် လက်နက်ကြီးဗုံးကြဲမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ “စံကားအရှေ့ဘက်မှာတိုက်ပွဲ ဖြစ်ပွားနေတယ်။ ရေပူတို့ ညောင်လေးပင်တို့ဖက်မှာတော့...

မိုးဗြဲမြို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၊ လေကြောင်းဗုံးကြဲ

သျှမ်း - ကရင်နီပြည် နယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ပြီး လေကြောင်း အသုံးပြု တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၇ ရက်) တွင်လည်း မိုးဗြဲမြို့နှင့် ကုန်းသာကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်သည့်အပြင် လေကြောင်း...

စစ်ကောင်စီ မေလကုန်အထိ အပစ်ရပ်သက်တမ်းတိုးသော်လည်း ကျောက်မဲမြို့နယ်ထဲ ဗုံးထပ်ကြဲ

ငလျင်ဒဏ်သင့် ဒေသများ၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီတပ်မှ မေလကုန်အထိ အပစ်ရပ် သက်တမ်းတိုးလိုက်ကြောင်း ကြေညာလိုက်သည်။ မေလ ၆ ရက်မှ ၃၁ ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် စစ်ကောင်စီဘက်မှ ထပ်မံသက်တမ်းတိုးမြှင့်လိုက်ကြောင်း ယနေ့ (မေလ ၆ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၏...

ညောင်ရွှေမြို့နယ် စစ်ကောင်စီက ‌လေကြောင်းဖြင့် ပေါင်း ၅၀၀ ဗုံးကြဲ

သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် စစ်ကောင်စီက လေကြောင်း၊ ဒရုန်း နှင့် လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၅ ရက်) မနက် ၁၁ နာရီဝန်းကျင်တွင် ညောင်ရွှေမြို့နယ် ရေပူ (ထီခိုး) ရွာကို စစ်ကောင်စီက ပေါင်း ၅၀၀...

ကူမင်းဆွေးနွေးပွဲ မအောင်မြင်၍ စစ်ကောင်စီမှ TNLAထိန်းချုပ်နယ်မြေများကို ဗုံးဆက်တိုက်ကြဲ

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့အပါဝင် TNLAထိန်းချုပ်ထားသည့် မြို့နယ်များကို ကူမင်းဆွေးနွေးပွဲ အပြီး စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်း သိရှိရသည်။ ယမန် မေလ (၃)ရက်နေ့ နှင့် မေလ (၂)ရက်နေ့ ညနေပိုင်းတွင် မန္တလေးတိုင်း ၊မိုးကုတ်မြို့ အပါဝင် နောင်ချိုမြို့ကို စစ်ကောင်စီမှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဓမ္မာရုံနှင့် ပြည်သူနေအိမ်...

Latest news