ပင်လောင်းမြို့နယ် တိုက်ပွဲကြောင့် အိမ်ခြေတစ်ထောင်ကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲများကြောင့် အိမ်ခြေတစ်ထောင်ကျော် အတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများ အကူညီလိုအပ်နေကြောင်းစုံစမ်းသိရသည်။

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေး အင်အားစုတို့ ပြီးခဲ့သည့် မေလ (၁၇)ရက်မှစ၍ တိုက်ပွဲများပြင်းထန်ခဲ့ပြီး၊ တိုင်ပွဲများကြောင့် ဆောင်းပြောင်းကျေးရွာရှိ အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိ ဒေသခံများ နီးစပ်ရာ ပင်လောင်း ၊ ဝါးလီး ၊ ပင်ခွန် ၊ နန်းထာ စသည့် ကျေးရွာနှင့် နီးစပ်သည့် နေရာများတွင် သွားရောက်ခိုလှုံနေကြရကြောင်း စစ်ဘေးရှောင်နေသည့် အမျိုးသားတစ်ဦး က သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။

“အိမ်ခြေက ၁၀၀၀ ဝန်းကျင်လောက်ရှိတော့ လူဦးရေးဘယ်လောက်ရှိမလည်း ခန့်မှန်းလို့မရဘူးဗျ။ တချို့ကြတော့ ဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးအိမ်တွေပြေး တချို့ကြတော့ သူများရွာနားတွေမှာ တဲဆောက်နေကြတာပေါ့။ကျနော်က ကြုံသလိုအိပ်နေရတာ နေရာအတည်အကျမရဘူးသေးဘူး” စစ်ဘေးရှောင်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ထွက်ပြေးနေသည့် ဆောင်းပြောင်းဒေသခံများသည် နေရာထိုင်ခင်းအခက်အခဲများ ကြုံတွေ့နေရသည့်အပြင် စားနပ်ရိက္ခာအခက်အခဲများလည်း ကြုံတွေ့နေရကြောင်း အသက် ၃၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

ပင်လောင်းမြို့နယ် တိုက်ပွဲကြောင့် ထွက်ပြေးနေရသူများ

“အကုန်လုံးက ရုတ်တရက်ပြေးလာရတာ မနက်အစောကြီးထပြေးရတာ။အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာကြတော့ စားနပ်ရိက္ခာတွေက အဓိကလိုအပ်တာပေါ့။အများစုက ဘာမှ မပါလာတာများတယ်။ပြေးလာတာလည်း ၃ ရက်လောက်ပဲရှိသေးတာဆိုတော့ ဘာမှ အတည်တကျမရှိသေးဘူး။”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် လူဦးရေး စာရင်း နှင့် စားနပ်ရိက္ခာများကူညီသည့် အဖွဲ့အစည်းမရှိသေးကြောင်း ပင်လောင်းမြို့‌ဒေသခံ နှင့် စစ်‌ဘေးရှောင်များကပြောသည်။

ပင်လောင်းမြို့နယ် တိုက်ပွဲကြောင့် ထွက်ပြေးနေရသူများ

ဆောင်းပြောင်းကျေးရွာ နှင့် ပင်လောင်းမြို့သည့် မိုင်ပေါင်း ၂၅ မိုင်ခန့်သာ ကွာဝေးပြီး၊ ဖယ်ခုံမြို့ အနောက်ဘက် (၁၁)မိုင် အကွာတွင် တည်ရှိပြီး စံကားအင်း၏ တောင်ဘက်တွင်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။

ပြီးခဲ့သည့် ၁၈ ရက်တွင်လည်း တိုက်ပွဲများ‌ကြောင့် ဆောင်းပြောင်းကျေးရွာအတွင်းရှိ ဒေသခံနေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင်လည်း စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နှင့် KNDF တော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး နောင်ဝိုး၊ လွယ်ကျိုင်း၊ ဟိုဝိုး၊ ဆောင်းပြောင်း၊ ဆော်လန်၊ နမ့်ဖာမူ၊ ဝမ်မိုင်ကျေးရွာများသည် စစ်ဘေးရှောင်တိမ်းခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...