တိုက်ပွဲ

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ကချင်ပြည် ဗန်းမော်မြို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး တစ်မြို့လုံးနီးပါး လေကြောင်း ဗုံးကြဲမှု လက်နက်ကြီးများကြောင့် မြို့ပျက်ကဲ့သို့ ပျက်စီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာလ မှ စတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းသည့် စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်တို့ လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲ...

မိုးဗြဲမြို့ စစ်ကောင်စီတပ် အင်အားအလုံးအရင်း စစ်ကြောင်းထိုး၊ တိုက်ပွဲများပြင်းထန်နေ

သျှမ်း - ကရင်နီနယ်စပ်၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်နေသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ ပြန်လည်ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယနေ့ (ဧပြီလ ၂၈ ရက်) နံနက် (၅) နာရီခန့်မှ စတင်၍ စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက် ခြေမြန်တပ်ရင်း...

တရုတ်လမ်းညွန်မှုဖြင့် လားရှိုးမြို့ပေါ် စစ်ကောင်စီနေရာပြန်ချရန် ဆွေးနွေးနေ

သျှမ်းပြည် လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA၊ စစ်ကောင်စီနှင့် တရုတ်ကိုယ်စားလှယ်တို့ ထပ်မံတွေ့ဆုံ ဆွေးနွေးနေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဧပြီ ၂၁ ရက်)တွင် လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA လားရှိုးမြို့မှ ထွက်ခွာသွားရန်နှင့် စစ်ကောင်စီအတွက် နေရာပြန်လည်ချမှတ်ရေးအတွက် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း လားရှိုးမြို့ ဒေသခံတစ်ဦးက...

သိန္နီမြို့နယ်တွင် အမျိုးသားတစ်ဦး ခြံသန့်ရှင်းရေးလုပ်ရာ မြေမြုပ်မိုင်းနင်းမိ ခြေထောက်နှစ်ဖက်ဆုံးရှုံး 

သျှမ်းပြည် သိန္နီမြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်နင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံး ခဲ့ရကြောင်း သိရသည်။  ယမန်နေ့ ( ဧပြီလ ၈ ရက် ) မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် သိန္နီမြို့နယ် ပန်စုံကျေးရွာနေ အမျိုးသားတစ်ဦးသည် အိမ်ခြံဝန်းအတွင်း သန့်ရှင်းရေးလုပ်ရာမှ မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ‌သျှမ်းသံတော်ဆင့်ကို...

တောင်းခမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြည့်တင်းနေ

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ အမြောက်တပ်ရင်းများတွင် စစ်ကောင်စီနှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ အင်အားအလုံးအရင်း ဖြည့်တင်းနေကြောင်း သတင်းရရှိသည်။ ဧပြီလ(၂)ရက်နေ့မှ (၂၂)နေ့အထိ ရက်ပေါင်း (၂၀)ကြာ TNLAတို့ အပစ်အခတ် ရပ်စဲကြောင်း စစ်ကောင်စီဘက်မှ ကြေညာထားသော်လည်း နောင်ချိုမြို့နယ် တောင်းခမ်းဒေသသို့ စစ်အင်အား...

လောက်ကိုင်မြို့ အောက်မေ့ဖွယ်အခမ်းအနားသို့ MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင် တက်ရောက်

“၁၀၂၇ စစ်ဆင်ရေး”အပါအဝင် တိုက်ပွဲအတွင်း ကျဆုံးခဲ့သော MNDAA ရဲဘော်များကို မြှုပ်နှံထားသည့် လောက်ကိုင်မြို့ ရန်လုံကျိုင်းရှိ အာဇာနည်ဗိမာန်တွင် ဧပြီလ (၂) ရက်နေ့က အောက်မေ့ဖွယ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင်လည်း တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း ကိုးကန့်သတင်းအေဂျင်စီက ထုတ်ပြန်လိုက်သည်။ တော်လှန်ရေးအတွက် အသက်ပေးဆပ်ခဲ့ကြသည့် MNDAA...

လားရှိုးမြို့မှ MNDAA တပ်ဆုတ်ရန်ပြင်ဆင်၊ ဆေးရုံနှင့်ရုံးတွင်းပစ္စည်းများကို ကားတင်ပြောင်းရွှေ့

သျှမ်းပြည် လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆုတ်ခွာရန် ပြင်ဆင်နေပြီး ဆေးရုံနှင့် ဌာနဆိုင်ရာ ရုံးတွင်းပစ္စည်းများ အားလုံးကို ကားတင်ပြောင်းရွှေ့နေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီဘက်မှ ပြန်လည်ဝင်ရောက်မည် ဆိုခြင်းကြောင့် ယမန်နေ့ (ဧပြီလ ၃ ရက်) မှ စတင်၍...

ငလျင်ဒဏ်ပြန်လည်ထူထောင်ရေး ရက်၂၀ ယာယီအပစ်ရပ်ဟု စစ်ကောင်စီထုတ်ပြန်

ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီတပ်က ရက်၂၀ ယာယီ အပစ်ရပ်မည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယနေ့ (မတ် ၂ ရက်) ညပိုင်းတွင် ထုတ်ပြန်လာသည်။ ယာယီအပစ်ရပ်မှုသည် ဧပြီ ၂၂ရက်အထိဖြစ်ကြောင်း သိရသည်။ ထိုအပစ်ရပ် ထုတ်ပြန်ထားသည့် ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်စခန်း၊ တပ်ဌာနချုပ်တွေကို...

Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သီပေါမြို့မှ စစ်ဘေးရှောင် မိသားစုလိုက် သေဆုံး

စစ်ကိုင်းငလျင်ကြောင့် မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သီပေါမြို့မှ စစ်ဘေးရှောင် မိသားစုလိုက် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၈ ရက်တွင် စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြောင့် မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သီပေါမြို့မှ စစ်ဘေးတိမ်းရှောင်နေသည့် SSPP မှ စဝ်လွယ်မောဝ်၏ ဆွေမျိုးများဖြစ်သည့်...

သီပေါမြို့ တိုက်ပွဲအတွင်းပျက်စီးခဲ့သော နေအိမ်များကို လူမှုကူညီရေးအဖွဲ့ ဆက်လက်ကူညီမည်

သျှမ်းပြည် သီပေါမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး”အတွင်း မြို့သိမ်းတိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးသွားသော နေအိမ်များကို လူမှုကူညီရေးအဖွဲ့များက ဆက်လက်ကူညီ ထောက်ပံ့မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လက်ရှိ သီပေါမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်ထားပြီး “၁၀၂၇ စစ်ဆင်ရေး”အတွင်း မြို့သိမ်းတိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးသွားသည့် ပြည်သူနေအိမ် (၂၀၀) ကျော်အတွက်...

Latest news