Wednesday, January 28, 2026

ညောင်ရွှေမြို့နယ် စစ်ကောင်စီက ‌လေကြောင်းဖြင့် ပေါင်း ၅၀၀ ဗုံးကြဲ

သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် စစ်ကောင်စီက လေကြောင်း၊ ဒရုန်း နှင့် လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ယနေ့ (မေလ ၅ ရက်) မနက် ၁၁ နာရီဝန်းကျင်တွင် ညောင်ရွှေမြို့နယ် ရေပူ (ထီခိုး) ရွာကို စစ်ကောင်စီက ပေါင်း ၅၀၀ ဗုံး ၄ လုံးဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ (မေလ ၅ ရက်) နေ့လည်လောက်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးလာကြဲသွား ပါတယ်။ပေါင် ၅၀၀ ဗုံးကို ၄ လုံးကြဲသွားတာပါ။ လူထိခိုက်မှုမရှိပါဘူး။ နေအိမ်ထိခိုက်မှုကတော့ စစ်ရေးမြေပြင်အခြေနေအရ မဖော်ပြနိုင်သေးပါဘူး။ဗုံးကြဲပြီးနောက် စစ်ရေးတင်းမာမှုတော့ ရှိနေပါတယ်။” ဟု ၎င်းကပြောသည်။

ထိုစစ်ကောင်စီမှ ရေပူ (ထီခိုး) ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင်း အနီးနားရှိ ကျေးရွားများထိ အသံများကြားနေရပြီး၊ ယခု မေလ ပထမပတ်အတွင်း စစ်ကောင်စီမှ စစ်အင်းအားဖြည့်နေခြင်းကြောင့် ကျေးရွာအတွင်းကို လက်နက်ကြီးလေးကြောင်းများရမ်းတမ်းပစ်ခတ်နေကြောင်း စံကားဒေသခံ အမျိုးသမီးတစ်ဦးက ထပ်မံလောင်းပြောသည်။

“ဒီမနက် ၁၁ နာရီဝန်းကျင်ကလည်း ဗုံးအသံကတော့ အကျယ်ကြီး။ပြီးခဲ့တဲ့ ၃ ရက်ကစပြီး လက်နက်ကြီးတွေ ဗုံးသံတွေကြားနေရတာ။ကျမတို့ရွာနဲ့လည်း မဝေးဘူးတော့ ကြားနေရတာ။ ပြီးခဲ့တဲ့ မေလ ၃ ရက်လောက်က စစ်ကားတွေ ၁၈ စီးလောက်ရှိမယ် လမ်းမကြီးပေါ်ဖြတ်သွားတာ” ဟု ၎င်းကပြောသည်။

ညောင်ရွှေမြို့နယ် မှ ဖယ်ခုံမြို့ လမ်းတကြောတွင် စစ်ကောင်စီ နှင့် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့သည် ယခုရက်တပတ်အတွင်း လေကြောင်း ၊ ဒရုန်း နှင့် လက်နက်ကြီးများအသုံးပြု ပစ်ခတ်နေပြီး တော်လှန်ရေးတပ်ဖွဲ့များ နှင့် စစ်ရေးတင်းမာမှုများရှိနေကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မေလ ၂ ရက်တွင်လည်း စစ်ကောင်စီ နှင့် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့သည် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ နမ့်တုတ်ကျေးရွာ၊ကုန်းသာ (ခ) မဆုန့်ခွမ်ကျေးရွာ ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး နေအိမ်များပျက်စီးခဲ့‌ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...