ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ကချင်ပြည် ဗန်းမော်မြို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး တစ်မြို့လုံးနီးပါး လေကြောင်း ဗုံးကြဲမှု လက်နက်ကြီးများကြောင့် မြို့ပျက်ကဲ့သို့ ပျက်စီးနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာလ မှ စတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းသည့် စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်တို့ လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်ထန်မှု ရှိနေပြီး၊တစ်မြို့လုံးနီးပါး တစ်မြို့လုံးနီးပါး လေကြောင်း ဗုံးကြဲမှု လက်နက်ကြီးများကြောင့် မီးလောင်ပျက်စီး၍ မြို့ပျက်ကဲ့သို့ ဖြစ်နေကြောင်း သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီရက်ပိုင်း ၃ရက် ၄ ရက်မှာက မြို့ထဲမှာ တိုက်ပွဲတွေပြန်ပြင်းထန်နေတယ်။မြို့တစ်မြို့လုံးနီးပါး ပျက်စီးနေတယ်။အလောင်းလည်းမကောက်နိုင်ကြဘူး။မြို့ထဲမှာလည်း တချို့နေရာတွေမှာ ပုတ်နံ့တောင်ထွက်တယ်။စစ်ကောင်စီဖက်ကလည်း နေ့တိုင်းဗုံးကြဲတာတွေလုပ်နေပါတယ်။”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်တွင် ဗန်းမော်မြို့တွင်းရှိ စစ်ကောင်စီတပ်းစခန်းအချို့နှင့် တပ်စွဲထားသည့် နေရာများကို ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်တို့က ထိုးစစ်စဉ်တိုက်ခိုက်ပြီး ၊စစ်ကောင်စီဖက်မှ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများကို ပြန်လည်းအသုံးပြုထိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့ မီးလောင်နေပုံ

ဗန်းမော်ြမို့တွင်းရှိ ဒေသခံနေအိမ်အချို့နှင့် ဟော်တယ်၊ တိုက်အုံးအဆောက်အမြင့်များကို စစ်ကောင်စီတပ်စွဲထားပြီး၊ ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်တို့လည်း ရပ်ကွက်အချို့တွင် တပ်ဆွဲထားကြောင်း သတင်းအရင်းမြစ်တစ်ဦးက ဆက်ပြေသည်။

“မြို့ထဲက အထပ်မြင့်တိုက်တွေမှု စစ်ကောင်စီက နေရာယူထားပါတယ်။စစ်ကောင်စီတွေကတော့ မြို့ထဲက အဲ့ဟော်တယ်တိုက်မြင့်ပေါ်တွေမှာတပါစွဲ နေရာယူထားတာမျိုးတွေရှိတယ်။မြို့အပြင် ပတ်ဝန်းကျင် လောက်တွေမှာကြတော့ ကချင်ပူပေါင်းတပ်ဖွဲ့တွေ တပ်ဆွဲတာပေါ့။”ဟု ၎င်းက ပြောသည်။

၅ လ နီးပါးကြားမြင့်နေပြီဖြစ်သည့် ဗန်းမော်မြို့ကို လက်ရှိအချိန်ထိ ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်တို့က ဗန်းမော်မြို့တစ်ခုလုံးကို အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိမသေးကြောင်း သိရသည်။

လက်ရှိ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်တို့သည် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော (စ.က.ခ ၂၁) ၊ (ခ.လ.ရ ၄၇) များကို ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ပြီး အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်း၊ တင့်ကားတပ်ရင်း၊ အမြောက်တပ် ၃၆၆ နှင့် ဗန်းမော် လေဆိပ်တို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...