စစ်ကောင်စီ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည့်ထဲမှ ဖားကန့်ပြည်သူ (၆)ဉီး သေဆုံး

စစ်ကောင်စီမှ လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့သည့် ဖားကန့် မြို့နယ်ပြည်သူ (၆)ဉီးသေဆုံးပြီး ၊ ထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် (မေလ ၂၈ ရက်) စတင်၍ ဖားကန့်မြို့နယ် အတွင်းသို့ စစ်ကောင်စီတပ်က အလုံးအရင်း စစ်ကြောင်းထိုးလာသဖြင့် လုံးခင်းကျေးရွာ၊ လယ်ပြင်ကျေးရွာ နှင့် ငြိမ်းချမ်းသာယာကျေးရွာ အနီးတစ်ဝိုက်တွင် ကချင်လွတ်လပ်ရေးတပ် KIA ပူးပေါင်းတပ်တို့တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်းသိရသည်။

ထို့အပြင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ နှင့် KIA ပူးပေါင်းတပ်တို့ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီ က ဒေသခံအချို့ကို ပေါ်တာဆွဲပြီး လူသားဒိုင်းကာ အဖြစ်အသုံးပြုခဲ့သည်။

ဖားကန့်မြို့နယ်အတွင်းစစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်တို့ကြားတိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီမှ ဖမ်းသွားသည့် လူသားဒိုင်းကာ ရုပ်အလောင်းပုံ

ထိုလူသားဒိုင်းကာ အဖြစ်အသုံးပြုခဲ့သည့် ဒေသခံ (၆)ဉီး သေဆုံးခဲ့ပြီး အချို့ ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ် မျက်မြင်တွေ့ရှိခဲ့သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ သေဆုံးသူတွေကတော့ အမျိုးသား(၅)ယောက် အမျိုးသမီး (၁)ယောက်အလောင်းကိုတော့ ကျနော်မျက်မြင်တွေ့ရှိခဲ့တယ်။ အလောင်းကိုလည်း ပြည်သူတွေကပဲသွားသယ်၊ မီးသင်္ဂြိုဟ်လိုက်တယ်။ ကျန်တာကိုတော့ ဆက်ပြီးရှာနေကြသေးတယ်” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီ အလုံးအရင်း နှင့် ဖားကန့်မြို့ထဲသို့ ဝင်ရောက်လာပုံ

ဆက်လက်ပြီး ယနေ့ (မေလ ၃၀ ရက်)တွင် တိုက်ပွဲများ ငြိမ်းသက်နေသော်လည်း ဖားကန့်မြို့ လုံးခင်းကျေးရွာထဲတွင် စစ်ကောင်စီတပ်သားများ သွားလားလှုပ်ရှားမှုရှိနေသဖြင့် ဒေသခံများက စိုးရိမ်ကြောက်လန့်နေရကြောင်း လုံးခင်းကျေးရွာမှ အမျိုးသားတစ်ဉီး က ပြောသည်။

“ လောလောဆယ်မှာ စစ်သားတွေလည်းရှိနေတော့ ဘယ်လိုအအခြေနေမျိုး ရှိလာမလည်း ဆိုတာမသိရဘူး။ အိမ်ထဲအိမ်ပြင်လည်း မထွက်ရဲကြဘူး ။ပစ်သတ်ခံရမှာလည်း ကြောက်ကြတာပေါ့။ရှောင်ဖို့ကလည်း အခက်အခဲဖြစ်ရတယ်။အချို့ကလည်း အနီးအနားက ဆွေမျိုးတွေစီပြေးကြတာ။”ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုတိုက်ပွဲဖြစ်ပွားနေသည့် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာ၊ လုံးခင်းကျေးရွာနှင့် ငြိမ်းချမ်းသာယာကုန်းကျေးရွာရှိ ပြည်သူများသည် နီးစပ်ရာ ဆွေးမျိုးနေအိမ်များသို့ စစ်ဘေးရှောင်နေကြပြီး၊ အချို့လည်း နေအိမ်ထဲတွင် ပိတ်မိနေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...