“စစ်ရှောင်ရတာကြာလာရင် စားဖို့သောက်ဖို့မရှိမှာ စိုးရိမ်တယ်”

ကရင်နီ (ကယား) ပြည်နယ်အတွင်း ထောက်ပို့ဆက်သွယ်ရေးလမ်းကြောင်းအတွက် အဓိကအရေးပါသည့် လွိုင်ကော် – မိုးဗြဲ – ဖယ်ခုံလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်လိုသည့် စစ်ကောင်စီတပ်က ဆီဆိုင်၊ ညောင်ရွှေနှင့် ပင်လောင်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလျက်ရှိနေသည်။

တဖက်တွင်လည်း ကရင်နီပြည်နယ်၏ တံခါးပေါက်အဖြင့် အရေးပါသည့် ဖယ်ခုံမြို့နှင့် မိုးဗြဲမြို့အတွင်းသို့ စစ်ကောင်စီတပ်စစ်ကြောင်းများ ထိုးဖောက်ဝင်ရောက်မလာနိုင်စေရန် ကရင်နီတော်လှန်ရေးပူပေါင်းအဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိနေသည်။

ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာအနောက်ဘက် ဘုရားတောင်ခြေ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့ကို မေလ ၁၇ ရက်နေ့ကစ၍ ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ပင်လောင်းဒေသအတွင်း တိုက်ပွဲစတင်ဖြစ်ပွားလာကြကြောင်း ဒေသခံစစ်ရှောင်များ နှင့် စစ်ဘေးရှောင်ကူညီသူများက ပြောဆိုသည်။

လက်ရှိ ပင်လောင်းမြို့နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများ၊ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည့် စစ်ဘေးရှောင်အခြေအနေများနှင့် ပတ်သက်ပြီး စစ်ဘေးရှောင်ကူညီသူနေသူ ပင်လောင်းဒေသခံ ကိုချမ်း (အမည်လွှဲ) ကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဟန်လင်းက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အခုရက်ပိုင်း တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး အရင်ဆုံးပြောပြပေးပါဦးခင်ဗျ။

ဖြေ။ ။ အခုပင်လောင်းမြို့နယ် ဆောင်းပြောင်းမှာတော့ မနေ့က (မေ ၂၃ ရက်) အထိ တိုက်ပွဲပြင်းထန်နေတယ်။ ပြီးခဲ့တဲ့တစ်ရက်ကတော့ ဆောင်းပြောင်းမှာ တိုက်ပွဲနည်းနည်းလေးငြိမ်သွားတော့ ပြည်သူနေအိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေကို လိုက်ခိုးနေတာရှိတယ်။ ဘယ်အဖွဲ့တွေလည်းတော့ မသိဘူး။ ရွာသားတွေကမြင်ပေမယ့် ပြောလို့မရဘူး။ ပစ္စည်းတွေလည်း အကုန်လုံးသယ်သွားတယ်။ အိမ်တိုင်းကိုဖောက်ထွင်းပြီး ခိုးသယ်သွားတာ။ အဲ့ဒါ ဘယ်အဖွဲ့တွေက လုပ်တာလည်းတော့ မသိဘူး။ ပစ္စည်းတွေကိုတော့ အကုန်သယ်ထုတ်နေပြီ။

မေး။ ။ ဆောင်းပြောင်းမှာ ဘယ်တပ်တွေရှိလဲ၊ ဘာကြောင့် တိုက်ပွဲဖြစ်ရတာပါလဲ။

ဖြေ။ ။ အဲ့မှာက စစ်ကောင်စီရဲ့ (စခက) ဂိတ်တစ်ခုရှိတယ်။ အဲ့အနီးအနားမှာ စောင့်နေတာပါ။ အဲ့အနီးအနား မှာပဲ တိုက်ပွဲဖြစ်ပွားနေတာ အခုဆိုသုံးခေါက်ရှိပြီ။ အခုတိုက်ပွဲကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်။ ဆောင်းပြောင်းက ရွာလည်းကြီးတော့ အိမ်ခြေက (၁,၀၀၀) တစ်ထောင်နီးပါးလောက်ရှိတယ်။ လူဦးရေကတော့ ခန့်မှန်းခြေ (၄,၀၀၀) လေးထောင်ကျော်တယ်။ အခုထွက်ပြေးနေရတဲ့သူတွေကတော့ နီးစပ်တဲ့ရွာတွေမှာပဲ အရေးပေါ်တိမ်းရှောင်နေကြရတယ်။ ပြန်လို့ ရ၊မရ ဆိုတာကလည်း မသေချာသေးဘူး။ တိုက်ပွဲကြောင့် မေ ၁၇ ရက်နေ့ကတည်းက ထွက်ပြေးလာတာ အခုထိ အိမ်ပြန်လို့မရသေးဘူး။ ပစ္စည်းတွေ ခိုးသယ်ထုတ်နေတဲ့ဟာတွေတော့ သတင်းတွေရနေတယ်။

မေး။ ။ တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေ ဘယ်နေရာတွေမှာ ခိုလှုံနေရပါလဲ။

ဖြေ။ ။ အဓိကတော့ ပင်လောင်းမြို့နယ် ပင်ခွင်ရွာဘက်မှာရှောင်နေကြတာများတယ်။ ပင်လောင်းမြို့ပေါ်ကို ရောက်လာတဲ့သူတွေလည်းရှိတယ်။ ဒါပေမယ့် တချို့ကဆွေမျိုး၊ မိတ်ဆွေရှိတဲ့သူနား သွားတာလည်းရှိတယ်။ မတတ်နိုင်တဲ့သူတွေကတော့ နီးစပ်ရွာမှာပဲရှောင်နေကြတယ်။ စစ်ဘေးရှောင်တွေအတွက် နေရာရှာပေးတာမျိုးတော့ရှိတယ်။ အဲ့အနားမှာပဲ ကူညီပေးနေတဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုရှိတယ်။

အခုနောက်ပိုင်း ပင်လောင်းမှာက စစ်ဘေးရှောင်တွေကို လက်ခံထားတဲ့ စစ်ဘေးရှောင်စခန်းတွေလည်းမရှိတော့ အခုရှောင်နေရတဲ့သူတွေ အခက်အခဲရှိတယ်။ အဓိကတော့ နေထိုင်ရေးကိစ္စမှာ အမိုးအကာ၊ ဝါး၊ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်။ တချို့တွေက လူမထသေးတဲ့အချိန် နံနက်အစောပိုင်း ၅ နာရီမှာ ထွက်ပြေးလာရတာ။ ဘာမှပြင်ဆင်ဖို့ အချိန်မရဘူး၊ ဘာမှလည်း မယူလာနိုင်ဘူး။ တချို့ဆိုရင် ခြေလျင်နဲ့ ထွက်ပြေးလာရတာရှိတယ်။ အထူးသဖြင့် ကားတွေ၊ ဆိုင်ကယ်တွေ မရှိတဲ့သူတွေက ခြေလျင်နဲ့ပြေးရတာပေါ့။

မေး။ ။ အခုကလည်း မိုးရာသီရောက်နေပြီဆိုတော့ စစ်ဘေးရှောင်တွေ ဘာတွေလိုအပ်နေပါလဲ။

ဖြေ။ ။ အဓိကတော့ အနွေးအထည်တွေ၊ စောင်တွေလိုအပ်တာပေါ့နော်။ တချို့ခြေလျင်နဲ့ ပြေးလာရတဲ့သူတွေ ဘာမှမပါလာဘူးလေ။ မိုးရာသီလည်း ဝင်ပြီဆိုတော့လေ၊ ပင်လောင်းမှာက မိုးရာသီမဝင်တောင်မှ တခြားဒေသနဲ့နှိုင်းယဉ်ရင် မိုးတအားရွာတဲ့ဒေသပါ။ ပြီးတော့ တအားအေးတဲ့ဒေသလည်းဖြစ်တယ်။

မေး။ ။ အခုဆို စစ်ဘေးရှောင်တွေထွက်ပြေးနေရတာ သုံးကြိမ်မြောက်ရှိလာပြီဆိုတော့၊ အခုတိုက်ပွဲနဲ့ပတ်သက်ပြီးဘာပြောချင်လဲ။

ဖြေ။ ။ စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ၊ ဝါးတွေ လိုအပ်ပါတယ်။ အဲ့ဒါကို ဦးစားပေးပါလို့ ပြောချင်ပါတယ်။ တခြားဟာတွေကတော့ သိပ်မလိုအပ်ဘူးပေါ့နော်။ အဓိက သူတို့စားသောက်ဖို့ ဆန်၊ ဆီ၊ ဆားနဲ့ သူတို့ယာယီနေထိုင်ဖို့ အမိုးအကာ၊ ဝါးတွေ လိုအပ်ပါတယ်။

မေး။ ။ အခုက ပင်လောင်းမြို့ပေါ်မှာ စစ်ဘေးရှောင်အတွက်သီးသန့်ထားထားတဲ့ စစ်ဘေးရှောင်စခန်းလည်း မရှိတော့ ရေရှည်အတွက် ဘာတွေစိုးရိမ်ရပါလဲ။

ဖြေ။ ။ စိုးရိမ်ရတာပေါ့။ အခုကြားထဲ ကောလာဟလတွေလည်း တက်လာတာတစ်ခုရှိတယ်။ တိုက်ပွဲက ပင်လောင်းမြို့ပေါ်ထိ ရောက်လာမယ်လို့ ပြောသံတွေလည်းကြားမိတယ်။ အဲ့ဒါလည်း သတိထားနေရပေါ့။ ကျနော်တို့ ပင်လောင်းဘက်တကြောက စိုးရိမ်ရမယ့်အနေအထားမှာရှိနေတယ်။ တိုက်ပွဲကတော့ ကြာဦးမယ်ထင်တယ်။ အခုတိုက်ပွဲကလည်း ပြင်းထန်နေတုန်း၊ ပြီးတော့ ပစ္စည်းတွေလည်း အကုန်လုံးသယ်ထုတ်နေတယ်။ တချို့ စစ်ဘေးရှောင်တွေဆိုရင် အိမ်ကိုစိတ်မချဘူး၊ အိမ်ကိုမြန်မြန်ပြန်ပြီး အဝေးတနေရာကနေ ချောင်းကြည့်နေတာပေါ့။ သူတို့ပစ္စည်းတွေကို ကားတွေနဲ့သယ်ထုတ်နေတာ၊ ကြာလာရင် စားဖို့သောက်ဖို့မရှိမှာ စိုးရိမ်ကြတာပေါ့။

မေး။ ။ အခုတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့စစ်ဘေးရှောင်တွေကိုရော လာကူညီတဲ့သူတွေရှိပါ လား။

ဖြေ။ ။ အဲ့မှာက အနီးစပ်ဆုံးကူညီပေးတဲ့ ဒေသအတွင်းပရိဟိတအဖွဲ့တစ်ခုတည်းပဲရှိတယ်။ ဟို…. တိုက်ပွဲစစဖြစ်တုန်းကလိုမျိုး စစ်ဘေးရှောင်တွေကို လာကူညီနေတဲ့အဖွဲ့တွေတော့ မရှိတော့ဘူး။ မရှိတော့ဘူးဆိုတာထက် လာဖို့လမ်းကြောင်းကခက်တာပေါ့။ ကူညီပေးနေတဲ့အဖွဲ့အစည်းတွေကလည်း သူတို့ကိုယ်တိုင်လာချင်တယ်။ ဒါပေမယ့် လမ်းခရီးက ကိုယ်တိုင်လာလို့မရတဲ့ အခြေအနေဖြစ်တယ်။

ပြီးတော့ လမ်းမှာက စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေလည်း များတယ်။ အဖွဲ့အစည်းတွေများတော့ ကန့်သတ်ချက်တွေများတယ်။ သွားလို့ရတဲ့ဒေသခံတွေကတော့ ဘာမှမဖြစ်ဘူး၊ ဧည့်သည်တွေပါလာပြီဆိုရင်တော့ ပြဿနာက များနိုင်တယ်။ ပြဿနာတက်ပြီဆိုရင်လည်း ဘယ်သူမှကူညီနိုင်တဲ့အရာလည်း မဟုတ်ဘူး။ အဲ့ဒါကြောင့် အလှူရှင်တွေကမရှိတော့တာ။

မေး။ ။ မမေးမိဘဲကျန်နေတာရှိရင်လည်း ဖြည့်စွက်ပြောပေးပါဦး။

ဖြေ။ ။ အခု ဖယ်ခုံမြို့နယ် ဗန်းမောက်ကျေးရွာဘက်ကလည်း ပိတ်မိနေတဲ့သူတွေရှိတယ်။ စစ်ရေးအရ ပြေးမထွက်တာရှိတယ်။ တိုက်ပွဲကြား ပိတ်မိနေတာထက် ပြေးမထွက်တာပါ။ တချို့နေရာတွေ၊ လမ်းတွေမှာ ပိတ်ထားတာ။ စစ်ကောင်စီဘက်ကလား၊ တော်လှန်ရေးဘက်ကလားတော့ သေချာမသိရဘူး။ ပေးမထွက်ဘူး။ လမ်းပိတ်ထားတယ်လို့ ပြောတယ်။ တချို့ဆိုရင် ရှောင်ချနေပြီ၊ ပြေးမထွက်တာ။ အဓိကတော့ လွိုင်ကော် – မိုးဗြဲ -ဖယ်ခုံ – ပင်လောင်း ပြည်ထောင်စုလမ်းမကြီးကိုပိတ်ထားတာပေါ့။ အခုလည်း တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာရှိတယ်။ ထွက်မလာနိုင်တဲ့သူတွေအတွက် စိုးရိမ်ရတာပေါ့။

မေး။ ။ အခုလို အချိန်ပေးပြီးဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

ဖြေ။ ။ ရပါတယ်၊ ကျေးဇူးတင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...