လွိုင်ကော်-မိုးဗြဲ
“စစ်ရှောင်ရတာကြာလာရင် စားဖို့သောက်ဖို့မရှိမှာ စိုးရိမ်တယ်”
ကရင်နီ (ကယား) ပြည်နယ်အတွင်း ထောက်ပို့ဆက်သွယ်ရေးလမ်းကြောင်းအတွက် အဓိကအရေးပါသည့် လွိုင်ကော် – မိုးဗြဲ – ဖယ်ခုံလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်လိုသည့် စစ်ကောင်စီတပ်က ဆီဆိုင်၊ ညောင်ရွှေနှင့် ပင်လောင်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလျက်ရှိနေသည်။ တဖက်တွင်လည်း ကရင်နီပြည်နယ်၏ တံခါးပေါက်အဖြင့် အရေးပါသည့် ဖယ်ခုံမြို့နှင့် မိုးဗြဲမြို့အတွင်းသို့ စစ်ကောင်စီတပ်စစ်ကြောင်းများ ထိုးဖောက်ဝင်ရောက်မလာနိုင်စေရန် ကရင်နီတော်လှန်ရေးပူပေါင်းအဖွဲ့များက...





