Monday, February 2, 2026

တိုက်ပွဲ

နမ္မတူ စစ်ရှောင်များနေရပ်မပြန်ပါက နေအိမ်ချိတ်ပိတ်မည်ဆိုသည့်သတင်းကြောင့် စိုးရိမ်မှုမြင့်တက်

သျှမ်းပြည် နမ္မတူမြို့နယ် စစ်ရှောင်များ သတ်မှတ်ရက် နေရက်မပြန်ပါက နေအိမ်ချိတ်ပိတ်မည်ဆိုသည့်သတင်းကြောင့် စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်နေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း နမ္မတူမြို့နယ်စစ်ရှောင်များ သတ်မှတ်ထားသည့်ရက် နေရပ်သို့မပြန်ပါက နေအိမ်ချိတ်ပိတ်မည်ဆိုသည့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောဆိုနေသည်ဆိုသော သတင်းကြောင့် တိုက်ပွဲကြား နေရပ်ပြန်နေရကြောင်း နမ္မတူမြို့ အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “တဆင့်စကားအားဖြင့်...

စစ်မီးကြားက သွက်လက်နေတဲ့ သျှမ်းတောင် အိမ်ခြံမြေ စျေးကွက်

စစ်အာဏာသိမ်းမှုကို ရက်ပေါင်း ရာနှင့်ချီ တခဲနက် ဆန့်ကျင် ဆန္ဒပြခဲ့သည့် သျှမ်းတောင် တခွင် မြို့ကြီး၊ ရွာကြီးများသည် ယခုအခါ နိုင်ငံ အနှံ့အပြား ဖြစ်ပွားနေသည့် ပဋိပက္ခ ဒေသများမှ ပြောင်းရွှေ့ နေထိုင်လိုသူများ အတွက် ရွေးချယ်စရာ နေရာ တစ်ခု ဖြစ်လာနေသည်။ တောင်ကြီး၊ ကလော၊...

ပြင်ဦးလွင် အနီး တော်လှန်ရေးတပ် သိမ်းပိုက်ထားသည့် သံဘိုစစ်စခန်းကို စစ်ကောင်စီတပ် ပြန်လည် သိမ်းပိုက်

သျှမ်းမြောက်နှင့် မန္တလေးတိုင်း နယ်စပ်ရှိ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ် သံဘိုရွာ စခန်းကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၇ ရက်နေ့တွင် အင်အား အလုံးအရင်းဖြင့် ၀င်ရောက် တိုက်ခိုက်ပြီး ပြည်လည် သိမ်းပိုက်သွားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇန်နဝါရီ ၉ ရက်နေ့) တွင်ပြောသည်။ ယင်းစခန်းကို...

“၇၂”ရက်ကြာ အပြီးသတ်သိမ်းနိုင်ခဲ့တဲ့ သိန္နီမြို့စစ်ရေးအတွေ့အကြုံ PLA ပြော

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် “၁၀၂၇ စစ်ဆင်ရေး”တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ သျှမ်းမြောက်ဒေသအတွင်း တိုက်ပွဲဆင်နွှဲလျက်ရှိသည်။ “၁၀၂၇ စစ်ဆင်ရေး” ကနဦးအစကတည်းက သိန္နီမြို့သိမ်းတိုက်ပွဲတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့ပြီး လားရှိုး-သိန္နီအကြား အကောက်ခွန်ဦးစီးဌာန လက်အောက်ရှိ ရေပူအမြဲတမ်းစစ်ဆေးရေး ဂိတ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က...

ဖယ်ခုံ တိုက်ပွဲကြား ပြည်သူများ ပိတ်မိနေ

သျှမ်းပြည် ဖယ်ခုံမြို့တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားသည့်အတွင်ကြောင့် မြို့ထဲအတွင်း ပိတ်မိနေသူများပြားနေကြောင်း စုံစမ်းသိရသည်။ ဖယ်ခုံမြို့တွင် ဒီဇင်ဘာလ လလယ်မှ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီး မြို့၏အဝင်၊အထွက်တို့ တွင် တိုက်ပွဲများပြင်းထန်နေသည့် အတွက်ကြောင့် ပြည်သူဒေသခံများပိတ်မိနေပြီး ထွက်ပြေးရန် အခက်အခဲများ ရှိနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဖယ်ခုံက စစ်ပြန်ဖြစ်နေတာ...

လားရှိုးမြို့ ဒေသခံ အများအပြား မြို့ကိုစွန့်ခွာနေ

သျှမ်းပြည် မြောက်ပိုင်း၊ မြို့တော် လားရှိုးနေ ဒေသခံ ပြည်သူ အများအပြား မြို့ကို စွန့်ခွာနေကြောင်း မြို့ခံ တစ်ဦးက ယနေ့ (ဇန်နဝါရီ ၉ ရက်)တွင် ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် သိန္နီကို ညီနောင်မဟာမိတ်တပ်များ တိုက်ခိုက် သိမ်းပိုက်ပြီးနောက်...

သိန္နီမြို့ရှိ စကခ-၁၆ ကို ညီနောင်မဟာမိတ်တပ်နှင့် PLA ၊ BPLA ၊ KNDF ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

သျှမ်းပြည် သိန္နီမြို့အခြေစိုက် စစ်‌ကောင်စီတပ် စကခ-၁၆ ကို ညီနောင်မဟာမိတ် တပ်များနှင့်အတူ PLA ၊ BPLA ၊ KNDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၇ ရက်) နံနက် ၉ နာရီခန့်မှစ၍ သိန္နီမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၆...

ပင်လောင်းစစ်ရှောင်များအတွက် အလှူရှင်မရှိ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်များအတွက် အလှူရှင်များမရှိသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများကြုံတွေ့နေရကြောင်းသိရသည်။ သျှမ်းပြည် ပင်လောင်းမြို့နယ်သို့ရောက်ရှိနေသော ကရင်နီစစ်ဘေးရှာင်များအတွက် အလှူရှင်များမရှိသည့် အတွက်ကြောင့် စားဝတ်နေ‌ရေး၊စောင့်နှင့် ဆေးဝါများ အရေးပေါ်လိုအပ်နေကြောင်းစစ်ဘေးရှောင် ကူညီသူတစ်ဦးက သျှမ်းသံတောင်ဆင့်ကိုပြောသည်။ “ခုကနောက်ပိုင်း အလှူရှင်တွေက မရှိသလောက်ရှားတယ်ဆိုတာထပ်လုံးဝ ရှိကိုမရှိတော့တာ။ တော်တော်လေး လည်း ဖျားနေကြတာ။သူတို့အတွက်ကလည်း ဘာမှမရှိတော့ဘူး။ ဆေးဝါးတွေလည်း သယ်ရတာ...

နမ့်ဆန် မြို့သစ်ကျေးရွာကို စစ်‌ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ၊ ကျောင်းဆရာ/မ ၅ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ

သျှမ်းပြည် နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲခဲ့ခြင်းကြောင့် ကျောင်းဆရာ/မ ၅ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၇ ရက်) ညနေ ၂ နာရီခွဲခန့်တွင် နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့်...

ဖယ်ခုံမြို့ တိုက်ပွဲပြင်းထန်နေ ရဲစခန်း မီးလောင်ပြာကျ၊ ထိုင်တော်မူစခန်းကို တော်လှန်‌ရေးတပ်ပေါင်းစု သိမ်းပိုက်

သျှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် ယနေ့ နံနက်ပိုင်းမှ စတင် တိုက်ပွဲ ပြင်းထန်နေပြီး ရဲစခန်း မီးလောင်ပြာကျကာ မြို့မြောက်ဘက်ရှိ စစ်ကောင်စီ ထိုင်တော်မူ စခန်းကို တော်လှန်ရေးတပ်ပေါင်းစု တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ လက်ရှိ ဖယ်ခုံ အခြေစိုက် စစ်ကောင်စီ ခမရ (၄၂၁)...

Latest news