တိုက်ပွဲ
နမ့်ခမ်း TNLA တပ်ဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အစည်းအဝေးခေါ်
သျှမ်းပြည် နမ့်ခမ်းမြို့တွင် TNLA တပ်ဖွဲ့၏ အုပ်ချုပ်ရေးဌာနက ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အစည်းအဝေး ခေါ်ယူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၀ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က နမ့်ခမ်းမြို့နယ် စည်ပင်သာယာရေးရုံးတွင် TNLA တပ်ဖွဲ့၏ အထွေထွေအုပ်ချုပ်ရေးဌာနမှ ရပ်ကွက်/ကျေးရွာ အေးချမ်းသာယာရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက်ဟုဆိုကာ နမ့်ခမ်းမြို့ပေါ်ရပ်ကွက်...
ကရင်နီတော်လှန်ရေး ထိန်းချုပ်သည့် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းဖြင့် ပစ်ခတ်မှု ပြုလုပ်
SHAN -
သျှမ်းပြည် ဖယ်ခုံမြို့ရှိ ရပ်ကွက်အချို့နှင့်ရဲစခန်းအပါအဝင် အစိုးရဌာနများကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီမှ လေကြောင်းဖြင့် လက်နက်ကြီးပစ်ခတ်မှုရှိနေကြောင်းသိရသည်။ ဖယ်ခုံမြို့ရှိ မြို့မရဲစခန်းအပါအဝင် အစိုးရဌာနရုံးများကို ယမန်နေ့ ( ဇန်နဝါရီလ ၁၁) ရက်တွင် ကရင်နီတော်လှန်ရေးအင်းအားစုမှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။ ထို့သို့ ကရင်နီတော်လှန်ရေး အင်းအားစုမှ သိမ်းပိုက်ရရှိခဲ့သည့် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီမှ...
ယာယီအပစ်ရပ်ကာလ စစ်ကောင်စီနှင့် TNLA ကျောက်မဲမြို့နယ်ျ တိုက်ပွဲ ဆက်ဖြစ်
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက် ၉ နာရီခန့်မှ ၁၁ နာရီကျော်အထိ ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းတွင် စစ်ကောင်စီတပ် ခမရ-၅၀၁/၅၀၂ နှင့် တအာင်း(ပလောင်)တပ်ဖွဲ့တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲ...
မိုးမိတ် စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ် လင်မယား ၂ ဦး ပွဲချင်းပြီးသေဆုံး
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် အမျိုးသမီး အပါအဝင် လင်မယား ၂ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁၂ ရက်) ညနေ ၃ နာရီခွဲခန့်က မိုးမိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်မှ အုန်းကြောရွာသစ်ဘက်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းရှိ...
ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာရန် ဆက်လက် ဆောင်ရွက်သွားမည်ဟုဆို
တရုတ်နိုင်ငံ ကြားဝင်စေ့စပ်မှုကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးပြီး နှစ်ဖက်တပ်ဖွဲ့ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့တဲ့ (ဇန်ဝါရီလ ၁၀ ရက် ၁၁ ရက်)အထိ တရုတ်နိုင်ငံ ကူးမင်းမြို့မှာ တွေ့ဆုံခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုရရှိသည့်အပေါ်တွင်...
နောင်ချို စစ်ကောင်စီ လေကြောင်းဗုံးကြဲ အမျိုးသမီးနှင့် ကလေး အပါအဝင် ၃ ဦးသေဆုံး
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦးနှင့် ကလေး ၁ ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁၁ ရက်) နေ့လည် ၁၁ နာရီခွဲအချိန်ခန့်က နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာတွင် တိုက်ပွဲတစုံတရာ...
မူဆယ်မြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်း ထပ်မံနင်းမိ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ခူးဝိန်းနယ်မြေ၊ စွမ်စော်ရပ်ကွက်တွင် ယမန်နေ့ ( ဇန်နဝါရီလ ၁၁) ရက် နေ့လည် ၂ နာရီခွဲကျော်တွင် အမျိုးသားတစ်ဦး ထင်းသွားရှာနေ့စဉ် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက် ပြတ်သွားကြောင်း မူဆယ်ဒေသခံများက သျှမ်းသံတော်ဆင့်ကို...
လားရှိုး-နမ္မတူလမ်း နားကွမ်းလုံရွာမှ တံတားတစ်စင်း ထပ်မံဖောက်ခွဲခံရ
သျှမ်းမြောက် လားရှိုး-နမ္မတူလမ်းကြားရှိ လားရှိုးမြို့နယ် နားကွမ်းလုံရွာမှ တံတားတစ်စင်း ထပ်မံဖောက်ခွဲခံလိုက်ရသဖြင့် ဒေသခံများ ဖြတ်သန်းသွားလာရန် ခက်ခဲသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) ညပိုင်းတွင် လားရှိုး-နမ္မတူလမ်းကြားရှိ လားရှိုးမြို့နယ် နားကွမ်းလုံရွာမှ တံတားတစ်စင်းကို လက်နက်ကိုင်တစ်စုမှ လာရောက်မိုင်းခွဲ ဖျက်စီးသွားခဲ့ကြောင်း လားရှိုးမြို့လိုင်းကားမောင်းနှင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တံတားကကျိုးသွားတာ...
မိုးမိတ် တိုက်ပွဲကြား ကလေးတစ်ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးကျော် ပျက်စီး
သျှမ်းပြည် မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့၏ နှစ်ဘက်တိုက်ပွဲအကြား ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ မိုးမိတ် ကလေးထိခိုက် ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) နေ့လယ် ၁၂ နာရီခန့်တွင် မိုးမိတ်စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့၏...
မူဆယ်မြို့နယ် စစ်ကောင်စီတပ် အချင်းချင်း ပစ်ခတ်မှုဖြစ်
သျှမ်းပြည် မူဆယ်မြို့နယ် အတွင်း၌ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁) ရက်တွင် မူဆယ်မြို့နယ်၊ မန့်ဝိန်းရပ်ကွက်အတွင်း၌ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်အချင်းချင်း အထင်လွဲ စကားများကြပြီး သေနတ်ဖြင့် အပြန်အလှန်...






