ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာရန် ဆက်လက် ဆောင်ရွက်သွားမည်ဟုဆို

တရုတ်နိုင်ငံ ကြားဝင်စေ့စပ်မှုကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးပြီး နှစ်ဖက်တပ်ဖွဲ့ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ကြောင်း သတင်းသိရသည်။

ပြီးခဲ့တဲ့ (ဇန်ဝါရီလ ၁၀ ရက် ၁၁ ရက်)အထိ တရုတ်နိုင်ငံ ကူးမင်းမြို့မှာ တွေ့ဆုံခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုရရှိသည့်အပေါ်တွင် ညီနောင်မဟာ မိတ်သုံးဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ဖြေကြားထားသည်။

“ကျနော်တို့တရုတ်နိုင်ငံရဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှုနဲ့ ဒီမြောက်ပိုင်းသုံးဖွဲ့နဲ့ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးညှိနှိုင်းမှုဆွေးနွေးရေးအဖွဲ့နဲ့ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာ ကျနော်တို့ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပါတယ်။ ကျနော်တို့ ဆက်လက်ပြီး ဆွေးနွေးသွားဖို့များရှိပါတယ်။ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာဖို့အတွက်လည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့အတူ နယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်ပြောသည်။

လက်ရှိတွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့သည် ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီလိုက်ကြောင်း ပြောဆိုသော်လည်း သျှမ်းမြောက်ဒေသ မြို့နယ်များမှာ တိုက်ပွဲဖြစ်ပွား နေဆဲဖြစ်သည်။

လားရှိုးမြို့ စစ်ဘေးရှောင်တစ်ဦးက “ယာယီဆိုမယုံရသေးဘူး။ ကျမတို့ အိမ်မပြန်ရဲဘူး။ တကယ်ရပ်မှပြန်ရဲမှာ လေယာဉ် ကြောက်တယ်”ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ နှစ်ဖက်တပ်ဖွဲ့သဘောတူညီရရှိပြီးနောက် အငြင်းပွားဖွယ်ရာများနှင့်
လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေး မှုလမ်းစဉ်ဖြင့် ဖြေရှင်းမည်ဟုလည်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ယနေ့ ဇန်နဝါရီလ ၁၂ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

အလားတူ ယနေ့ (ဇန်နဝါရီလ ၁၂ ရက်)တွင် ကျရောက်သည့် ၆၁ နှစ်မြောက် တအာင်းတော်လှန်ရေးနေ့ ဂုဏ်ပြုခိန့်မိန်းထဲ၌ TNLAရဲ့ ဉက္ကဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက တိုက်ခိုက်သိမ်းပိုက်ထားသည့် မြို့များကို တရားမျှတမှုရှိတဲ့ဉပဒေရေးဆွဲပြီး အုပ်ချုပ်သွားမည်ဆိုပြီး ပြောကြားခဲ့သည်။

“ဒေသခံတိုင်းရင်းသားလူမျိုး မခွဲခြားဘဲ မှန်ကုန်မျှတတဲ့ တရားဉပဒေစနစ်အပေါ် အခြေခံပြီး တရားမျှတမှုရှိတဲ့ ဉပဒေရေးဆွဲ ပြဌာန်းပြီးတော့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးယန္တရားအသစ် စတင်လည်ပတ်နိုင်အောင် လက်တွေ့ပူးပေါင်းသွားမှာဖြစ်တယ်” ဟု ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။

ထို့အပြင် တရုတ်နိုင်ငံခြားဝန်းကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning’s ကလည်း မြန်မာနိုင်ငံဘက် အသီးသီးက အပစ်အခတ်ရပ်စဲမှုကို ထိန်းသိမ်းပြီး ဆွေးနွေးခြင်းဖြင့် ပြဿနာများကို ဖြေရှင်းကာ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်စေရေး အတူတကွ ဖော်ဆောင်ရန် မျှော်လင့်ကြောင်း မီဒီယာများကို ဖြေကြားထားသည်။

ညီနောင်မဟာမိတ် (၃) ဖွဲမှ သျှမ်းမြောက်ရှိ စစ်ကောင်စီ၏ စခန်းများ၊ ဗျူဟာကုန်း များအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန် သဘောတူခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ရှမ်းမြောက်ဒေသရှိ မိမိတို၏ ထိန်းချုပ်၊ သိမ်းပိုက်ထားသောနေရာများအားလုံးသို လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့ကြကြောင်းလည်း ရေးသားဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...