ယာယီအပစ်ရပ်ကာလ စစ်ကောင်စီနှင့် TNLA ကျောက်မဲမြို့နယ်ျ တိုက်ပွဲ ဆက်ဖြစ်

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက် ၉ နာရီခန့်မှ ၁၁ နာရီကျော်အထိ ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းတွင် စစ်ကောင်စီတပ် ခမရ-၅၀၁/၅၀၂ နှင့် တအာင်း(ပလောင်)တပ်ဖွဲ့တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“ဒီမနက် ကျောက်မဲမှာ တိုက်ပွဲဖြစ်တာ ဟုတ်တယ်၊ စစ်ကောင်စီတပ်က နတ်တောင်ဘက်က သူတို့စခန်းထဲကနေ ကားတွေနဲ့ ငြိမ်းချမ်းကုန်းဘက်ကို တက်လာတာ။ ခနကြာတော့ သေနတ်သံထွက်တာပဲ။ ၉ နာရီလောက်က စဖြစ်တာ ၁၁ နာရီကျော်လောက် အသံတိတ်သွားတယ်”ဟု ကျောက်မဲမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တအာင်း (ပလောင်)တပ်ဖွဲ့ TNLA ကလည်း ကျောက်မဲစစ်ကောင်စီတပ်နှင့် ၂ နာရီကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်လာသည်။

ကျောက်မဲမြို့

၎င်းထုတ်ပြန်ချက်ထဲတွင် ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းရှိ TNLA တပ်ဖွဲ့ စခန်းချတပ်စွဲထားသည့်နေရာကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်လာပြီး ၂ နာရီကြာ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ပြည်သူများ စစ်ဘေးဒဏ်သင့်ပြီး ဆုံးရှုံးမှုများမည် စိုးသောကြောင့် ယာယီနောက်ဆုတ်ပေးလိုက်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဇန်နဝါရီ ၁၁ ရက်တွင် သဘောတူထားခဲ့သော အပစ်အခတ်ရပ်စဲရေး လက်မှတ်ကို စစ်ကောင်စီတပ်မှ ပေါ်ပေါ်တင်တင် ချိုးဖောက်ပြီး ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း ဆိုထားသည်။

ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဇန်နဝါရီလ ၁၀/၁၁ ရက်တို့တွင် ကူမင်းမြို့၌ တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး သျှမ်းမြောက်တွင် ယာယီအပစ်အခတ် ရပ်စဲရန် “ဟိုင်ဂင် သဘောတူညီမှု”ကို ရရှိခဲ့သည်ဟု ဆိုသော်လည်း မြေပြင်တွင် တိုက်ပွဲများ ရပ်တန့်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ “ဟိုင်ဂင် သဘောတူညီမှု”တွင် နှစ်ဖက်တပ်ဖွဲ့ဝင် အချင်းချင်းကြား ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊ အငြင်းပွားဖွယ်ရာများနှင့် ပစ်ခတ်မှုများ ဖြစ်ပေါ်လာပါက တွေ့ဆုံဆွေးနွေးမှု လမ်းစဉ်ဖြင့် ဖြေရှင်းရေး စသည့် အချက်များအပေါ် သဘောတူညီမှု ရရှိခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့ (ဇန်နဝါရီ ၁၂ ရက်)တွင် ထုတ်ပြန်ထားသည်။

လက်ရှိတွင် မိုးကုတ်၊ ကျောက်မဲနှင့် လားရှိုးမြို့နယ်အတွင်း TNLA တပ်ဖွဲ့ တည်ရှိရာသို့ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများမှာ ဆက်လက်ရှိနေကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...