ကရင်နီတော်လှန်ရေး ထိန်းချုပ်သည့် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းဖြင့် ပစ်ခတ်မှု ပြုလုပ်

သျှမ်းပြည် ဖယ်ခုံမြို့ရှိ ရပ်ကွက်အချို့နှင့်ရဲစခန်းအပါအဝင် အစိုးရဌာနများကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီမှ လေကြောင်းဖြင့် လက်နက်ကြီးပစ်ခတ်မှုရှိနေကြောင်းသိရသည်။

တော်လှန်ရေးတပ်သားများထိန်းချုပ်နိုင်သည့် ဖယ်ခုံမြို့နယ်

ဖယ်ခုံမြို့ရှိ မြို့မရဲစခန်းအပါအဝင် အစိုးရဌာနရုံးများကို ယမန်နေ့ ( ဇန်နဝါရီလ ၁၁) ရက်တွင် ကရင်နီတော်လှန်ရေးအင်းအားစုမှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

ထို့သို့ ကရင်နီတော်လှန်ရေး အင်းအားစုမှ သိမ်းပိုက်ရရှိခဲ့သည့် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် လက်နက်ကြီး ပစ်ခတ်မှုများရှိနေကြောင်းသိရသည်။

“ လောလောဆယ်တော့ စကစက လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်နေတာမျိုးရှိတယ်။ အချို့ဒေသခံတွေလည်း တိုက်ပွဲထဲ ပိတ်မိနေတုန်းဘဲ”သတင်းရင်းမြစ်တစ်ဦးမှပြောသည်။

ဖယ်ခုံတိုက်ပွဲသည် ဇန်နဝါရီလ ၇ရက်မှ စပြီး တိုက်ပွဲများ စတင်ပြင်းထန်လာခဲ့ပြီး ဒေသခံများမှလည်း ထိုနေ့မရောက်ခင်ကတည်းက စစ်ရှောင်သူများရှိသလို့ ပိတ်မိစစ်ရှောင်များလည်း ကျန်ရှိနေကြောင်းသိရသည်။

“ ၁၀ရက်က တိုက်ပွဲအတော်ပြင်းထန်တယ် ဖယ်ခုံမှာ စစ်ရှောင်နေတဲ့ ညောင်ပင်သာထင်းရူးကုန်းဘက်၁ဦးရယ် မြို့မဘုန်းကြီးကျောင်းဘေးက လူငယ် ၁ဦး ဈေးအနောက်ရပ်ကွက်ကအသိအကို ၁ဦး စကစဘက်က လက်နက်ကြီးနဲ့ ပစ်တာခံရတယ်။” ဟု သေခံတစ်ဦးမှပြောသည်။

ထိုအပြင် ဖယ်ခုံမြို့နယ်အတွင်း ဆက်သွယ်ရေးဖုန်းလိုင်းများပြတ်တောက်ခံရပြီး တိုက်ပွဲအတွင်းဒေသခံသေဆုံးမှုများကို အသေးစိတ် ဆက်လက် စုံစမ်း နေသည်။

လက်ရှိတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် လက်နက်ကြီးပစ်ချမှုကြောင်း စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အချို့လည်းပျက်စီးခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

မိုးဗြဲမြို့ ၊ ဖယ်ခုံမြို့ စစ်တပ် နှင့် ကရင်နီတော်လှန်ရေးတပ်‌ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့ အနောက်ဘက်ခြမ်း နှင့် ဖယ်ခုံမြို့ အနောက်ဘက်ခြမ်းတို့တွင် စစ်ကော်မရှင်တပ် နှင့် ကရင်နီတပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ပြီးခဲ့သည့် (မတ်လ ၇ ရက်မှ ယမန်နေ့ ၁၀ ရက်) မိုးဗြဲမြို့ အနောက်ဘက်ခြမ်း နှင့် ဖယ်ခုံမြို့ အနောက်ဘက်ခြမ်း...