Tuesday, January 27, 2026

ကရင်နီတော်လှန်ရေး ထိန်းချုပ်သည့် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းဖြင့် ပစ်ခတ်မှု ပြုလုပ်

သျှမ်းပြည် ဖယ်ခုံမြို့ရှိ ရပ်ကွက်အချို့နှင့်ရဲစခန်းအပါအဝင် အစိုးရဌာနများကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီမှ လေကြောင်းဖြင့် လက်နက်ကြီးပစ်ခတ်မှုရှိနေကြောင်းသိရသည်။

တော်လှန်ရေးတပ်သားများထိန်းချုပ်နိုင်သည့် ဖယ်ခုံမြို့နယ်

ဖယ်ခုံမြို့ရှိ မြို့မရဲစခန်းအပါအဝင် အစိုးရဌာနရုံးများကို ယမန်နေ့ ( ဇန်နဝါရီလ ၁၁) ရက်တွင် ကရင်နီတော်လှန်ရေးအင်းအားစုမှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

ထို့သို့ ကရင်နီတော်လှန်ရေး အင်းအားစုမှ သိမ်းပိုက်ရရှိခဲ့သည့် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် လက်နက်ကြီး ပစ်ခတ်မှုများရှိနေကြောင်းသိရသည်။

“ လောလောဆယ်တော့ စကစက လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်နေတာမျိုးရှိတယ်။ အချို့ဒေသခံတွေလည်း တိုက်ပွဲထဲ ပိတ်မိနေတုန်းဘဲ”သတင်းရင်းမြစ်တစ်ဦးမှပြောသည်။

ဖယ်ခုံတိုက်ပွဲသည် ဇန်နဝါရီလ ၇ရက်မှ စပြီး တိုက်ပွဲများ စတင်ပြင်းထန်လာခဲ့ပြီး ဒေသခံများမှလည်း ထိုနေ့မရောက်ခင်ကတည်းက စစ်ရှောင်သူများရှိသလို့ ပိတ်မိစစ်ရှောင်များလည်း ကျန်ရှိနေကြောင်းသိရသည်။

“ ၁၀ရက်က တိုက်ပွဲအတော်ပြင်းထန်တယ် ဖယ်ခုံမှာ စစ်ရှောင်နေတဲ့ ညောင်ပင်သာထင်းရူးကုန်းဘက်၁ဦးရယ် မြို့မဘုန်းကြီးကျောင်းဘေးက လူငယ် ၁ဦး ဈေးအနောက်ရပ်ကွက်ကအသိအကို ၁ဦး စကစဘက်က လက်နက်ကြီးနဲ့ ပစ်တာခံရတယ်။” ဟု သေခံတစ်ဦးမှပြောသည်။

ထိုအပြင် ဖယ်ခုံမြို့နယ်အတွင်း ဆက်သွယ်ရေးဖုန်းလိုင်းများပြတ်တောက်ခံရပြီး တိုက်ပွဲအတွင်းဒေသခံသေဆုံးမှုများကို အသေးစိတ် ဆက်လက် စုံစမ်း နေသည်။

လက်ရှိတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် လက်နက်ကြီးပစ်ချမှုကြောင်း စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အချို့လည်းပျက်စီးခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...